|
ဓမ္မစာပေများ -
ဓမ္မဆောင်းပါးများ
|
|
နတ်တို့ ဖန်ဆင်း၊ ရေကန်အသင့် ကြာအသင့် …. ဆိုပြီး မြန်မာ့ဆိုရိုးစကားတစ်ခုရှိပါတယ်။ ကိုယ်လိုချင်တဲ့အရာတွေ အခက်အခဲမရှိ ရရှိတဲ့အခါမျိုးမှာ ပြောတတ်ကြတဲ့ စကားလေးပဲ ဖြစ်ပါတယ်။ ဒါပေမယ့် အဆင်မပြေမှုတွေ ကြုံရတဲ့အခါမှာ တော့ ကံဆိုးသူတို့သွားလေရာ၊ မိုးလိုက်လို့ရွာ …. ဆိုပြီး စကားပုံလေးတွေ ဖွဲ့ကြပြန်ပါတယ်။ ကြည့်စမ်းပါဦး။ ကံကောင်းတဲ့ သူနဲ့ တွေ့ရတာက ရေ … ဖြစ်ပြီ။ ကံဆိုးတဲ့သူတွေ့ရတာက မိုးဖြစ်နေတယ်။ သို့သော်တူနေတာက မိုးနဲ့ ရေ ဟာ အနွယ် တစ်ခုတည်းဖြစ်နေတာကို သတိထားမိပါ့မလားမသိဘူး။ ကံဆိုးသူရော ကံကောင်းသူရော နှစ်ဦးစလုံး သူတို့တွေ့ရတာ ရေပါပဲ။ ရေချင်းအတူတူ ဘာလို့ လောဘဖြစ်မှာလဲ၊ ဘာလို့ဒေါသဖြစ်မှာလဲ။
|
|
Read more...
|
|
|
ဓမ္မစာပေများ -
ဓမ္မဆောင်းပါးများ
|
|
လူသားများသည် ဘ၀အတွက် စားသောက်ရေး၊ ၀တ်ဆင်ရေး၊ နေထိုင်ရေး၊ စိတ်ဖြေရေးတို့အတွက် ပုံစုံမျိုးစုံဖြင့် အလုပ်လုပ်ကြရပါသည်။ ထိုသို့ အလုပ်လုပ်ကြရာတွင် အလုပ်သုံးမျိုး ထက်ပင် ပို၍မရှိနိုင်ပါ။ ထိုအလုပ်သုံးမျိုးမှာ- ၁။ အတွေးကံ (မနောကံ)၊ ၂။ အပြောကံ(၀စီကံ) ၃။ အလုပ်ကံ(ကာယကံ) တို့ဖြစ်ပေသည်။ ၁။ အလုပ်ကံ(ကာယကံ)အစုတွင် (က)သူတစ်ပါးအသက်ကိုမသတ်ခြင်း၊ (ခ)မပေးသောဥစ္စာကိုမယူခြင်း၊ (ဂ)ကာမဂုဏ်ကိစ္စ၌မဖောက်ပြန်ခြင်း တို့ပါဝင်ပါသည်။ ၂။ အပြောကံ(၀စီကံ)အစုတွင် (က)လိမ်လည်၍ မပြောခြင်း၊ (ခ)ကုန်းတိုက်စကားမပြောခြင်း၊ (ဂ)ကြမ်းတမ်းစွာမပြောခြင်း၊ (ဃ)အကျိုးမဲ့စကား မပြောခြင်း တို့ပါဝင်ပါသည်။
|
|
Read more...
|
|
ဓမ္မစာပေများ -
ဓမ္မဆောင်းပါးများ
|
|
ဘာသာဝါဒတိုင်းတွင် ယုံကြည်မှု(မျက်စိမှိတ်ယုံကြည်မှု)ပေါ်တွင် အခြေခံကြပါသည်။ အခြားဘာသာ ၀င်တို့ နားလည်ကြသော သက်ဝင်မှု၊ ယုံကြည်မှု စသည်တို့သည် ဗုဒ္ဓ၀ါဒနှင့် ပတ်သက်ခြင်းကား မရှိပေ။ သို့သော် ဗုဒ္ဓ၀ါဒစာပေများတွင်တွေ့ရှိသော သဒ္ဓါဟူသော စကားလုံးကို အများအား ဖြင့် သက်ဝင်မှု၊ ယုံကြည်မှုဟု ဘာသာပြန်လေ့ရှိသည်။ သို့ရာတွင် သဒ္ဓါ ဆိုသည်မှာ ယုံကြည်မှု မည်ကာမတ္တမဟုတ်၊ ကိုယ်တိုင် ကျေကျေနပ်နပ် ရှင်းရှင်းလင်းလင်း သိရှိနားလည်၍ ဖြစ်ပေါ်လာသော စိတ်ချယုံကြည်မှုမျိုးဖြစ်လေသည်။ ယုံကြည်မှုဆိုရာတွင် သိမြင်မှု(အပြည့်အစုံသိရှိနားလည်မှု) ရှိမှ ဖြစ်ပေါ်နိုင်သည်။ ရတနာသုံးပါးအပေါ်တွင် စိတ်ချယုံကြည်မှုမှ အမှန်တကယ်သိမြင်နားလည်မှုသို့ ကူးပြောင်း၍ သံသရာဝဲဂယက်မှ ရုန်းထွက်နိုင် ရမည်ဖြစ်သည်။ လက်ထဲတွင် ကျောက်မျက်ရွဲတစ်လုံးကို ဆုပ်ဝှက်ထားပါသည်ဟုဆိုလျှင် ကိုယ်တိုင်မမြင်ရ၍ ယုံကြည်ရသော ကိစ္စမျိုးဖြစ်သည်။ လက်ဝါးကို ဖြန့်၍ ကျောက်မျက်ရွဲကို ထုတ်ပြပါလျှင် မျက်စိဖြင့် ကိုယ်တိုင်မြင်ရပြီဖြစ်၍ အမှန်တကယ် သိမြင် နားလည်မှုဖြစ်ပေသည်။ ထို့ကြောင့်ပင် သဒ္ဓါယ တရတိ သြဃံ ဗုဒ္ဓမြတ်စွာ မိန့်ဆိုခဲ့ခြင်းဖြစ်ပါသည်။ သြဃဆိုရာ၌ အခက်အခဲမျှပင် မကဘဲ သြဃတည်းဟူသော ပကတိရေအယဉ်သည် သတ္တ၀ါများကို လွှမ်းမိုးနှစ်မြှုပ်နှိပ်စက် သတ် ဖြတ်တတ်သကဲ့သို့ လောဘ၊ ဒိဋ္ဌိနှင့် မောဟတရားတို့သည်လည်း သတ္တ၀ါများကို လွှမ်းမိုးနှစ်မြှုပ် နှိပ်စက်သတ်ဖြတ်တတ်သည်။ ၀ဋ်ဒုက္ခအပါယ်လေးပါးအထိ နစ်မြုပ်အောင် လွှမ်းမိုးသတ်ဖြတ် တတ်ပါ သည်။ ၄င်းသြဃလေးပါးမှာ- (အခက်အခဲမှန်သမျှကို ယုံကြည်ချက် ဖြင့် လွန်မြောက်၏) ဟူ၍ ၁။ ကာမောဃ = ၀တ္ထုအာရုံကာမဂုဏ်ကို တပ်မက်သောတဏှာ။ ၂။ ဘဝေါဃ = ရူပါဈာန်၊ အရူပါဈာန်နှင့် ထိုဈာန်တို့၏ အကျိုးဝိပါတ်ကို နှစ်သက်တွယ်တာ သော တဏှာ။ ၃။ ဒိဋ္ဌောဃ = အယူလွဲမှု မိစ္ဆာဒိဋ္ဌိ။ ၄။ အ၀ိဇ္ဇောဃ = အာရုံ၏ သဘောအမှန်ကို မသိမှုမောဟ။ ထိုသြဃလေးပါးတို့ကို သဒ္ဓါ တရားဖြင့် ကျော်လွန်နိုင်၏ဟု ဗုဒ္ဓမြတ်စွာ ဟောကြားတော်မူ ခဲ့ခြင်းဖြစ် သည်။ ဤသို့ဆိုလျှင် စိမ်ရည်အိုး ထဲ၌ ကြာမြင့်စွာ စိမ်ထားသော စိမ်ရည် အရက်ကဲ့သို့ အနမတဂ္ဂသံသရာဝယ် သတ္တ၀ါတို့၏ ခန္ဓာအစဉ် တည်းဟူသော စိမ်ရည်အိုး၌ စိမ်ထားသည်ဖြစ်၍ တွေဝေယစ်မူးစေတတ်သော အာသဝေါတရား လေးပါးကိုလည်းကောင်း၊ အစေးနှင့်ကပ်၍ ယှဉ်စပ်ထားသကဲ့သို့ သတ္တ၀ါများကို ၀ဋ်ဆင်းရဲ၌ ယှဉ်စပ်ပေးသော ယောဂလေးပါးကို လည်းကောင်း သဒ္ဓါတရားဟုဆိုအပ်သော ရတနာသုံးပါးနှင့် ကံကံ၏အကျိုးကို ယုံကြည်မှုသည် ကျော်ဖြတ်နိုင် မည်ဖြစ်သည်။
|
|
Read more...
|
|
|
ဓမ္မစာပေများ -
ဓမ္မဆောင်းပါးများ
|
|
ကျွန်တော်တို့ ထေရ၀ါဒဗုဒ္ဓဘာသာ လူငယ်မောင်မယ်များအနေဖြင့် ၁၅ကြိမ်မြောက်အဖြစ် အနာကြီးရောဂါသည် စခန်းအတွက် သုံးသိန်းကျပ်၊ ဦးဝိလာသ(မော်ကျွန်းကျောင်း)အတွက် ကိုးသိန်းကျပ်၊ ဖိုးခေါင်ကျေးရွာ အလယ်တန်းကျောင်းအတွက် ငါးသိန်းကျပ်၊ စုစုပေါင်း အလှူငွေ ၁၇သိန်းကို အောင်မြင်စွာ လှူဒါန်းနိုင်ခဲ့ကြပါသည်။ ထိုသို့လှူဒါန်းနိုင်ရန်အတွက် ကောက်ခံရရှိသောအလှူငွေများစာရင်းအား ဖော်ပြလိုက်ပါသည်။ ဇူလှိုင်လအတွက် ကျောင်းများအလိုက် ကောက်ခံရရှိမှုငွေစာရင်း | MEPhI | 7940 Rubles | | MAI | 4650 | | MATI | 1300 | | MIET | 5014 | | MISA | 2030 | | MUCTR | 2050 | | BMSTU(Kaluga) | 6800 | | BMSTU(moscow) | 1740 | | MSTU | 1870 | | MIPT | 2250 | | TOTAL | 35644 Rubles
|
နံ့သာမြိုင်၊ မရမ်းချောင်း၊ မြရတနာတောင်ပိုင်း၊ အိုးတစ်လုံး အနာကြီးရောဂါသည်စခန်းများအတွက် လှူဒါန်းငွေ သုံးသိန်းကျပ်ကို ၁၈.၇.၂၀၀၉ ရက်နေ့ မွန်းလွဲ(၁)နာရီအချိန်တွင် အမျိုးသားစာပေဆုရ စာရေးဆရာ ဆရာချစ်စံဝင်း+ဒေါ်ချိုမော်တို့အားလည်းကောင်း၊ ၀ိလာသရာမ မော်ကျွန်းကျောင်း၊ အောင်မင်္ဂလာရပ်ကွက်(၂)လမ်း၊ မင်္ဂလာဒုံမြို့နယ်(အောင်စည်းခုံဘုရားအနီး)အတွက် လိုအပ်သည့်ပစ္စည်းနှင့်အလှူငွေတို့ကို ၁၉.၇.၂၀၀၉ ရက်နေ့ နေ့လည်(၁၂)နာရီတွင် ဆရာတော်ဦးဝိလာသအားလည်းကောင်း၊ အ.လ.က(ဖိုးခေါင်)၊ ဖိုးခေါင်ကျေးရွာအုပ်စု၊ သုံးဆယ်မြို့၊ သာယာဝတီမြို့နယ်၊ ပဲခူးတိုင်း(အနောက်ပိုင်း)အတွက် အလှူငွေ ငါးသိန်းကျပ်ကို ၂၀.၇.၂၀၀၉ ရက်နေ့ ညနေ(၅:၅၀)အချိန်တွင် အကျိုးတော်ဆောင် ဦးတင်ထွန်းအားလည်းကောင်း အသီးသီး လှူဒါန်းခဲ့ကြပါသည်။
|
|
Read more...
|
|
|
<< Start < Prev 11 12 Next > End >>
|
|
Page 12 of 12 |