|
ဓမ္မစာပေများ -
ဓမ္မဆောင်းပါးများ
|
 မေတ္တာအခါတော်နေ့ပင် ပြန်လည်ရောက်ရှိလာပြန်ပါပြီ။ တို့မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီး သက်တော်ထင်ရှားရှိစဉ်အခါက မေတ္တာသုတ်တရားတော်ကို တပည့်ရဟန်း ၅၀၀အား ဟောကြားတော်မူခဲ့သောနေ့(၀ါခေါင်လပြည့်နေ့) ထိုနေ့ကိုပင် မေတ္တာအခါတော်ဟု သတ်မှတ်ခဲ့ကြပါတယ်။ မေတ္တာတရားသည်အလွန် သိမ်မွေ့သလောက် အလွန်တရာ ကျယ်ပြန့်ပါတယ်။ နက်ရှိုင်းပါတယ်။ ဒါကြောင့်လဲ အပရိမာဏ တရားလို့ ခေါ်ရတာပါ။ ထိုမျှလောက်ကြီးမားတဲ့ မေတ္တာတရားဟာ မြတ်စွာဘုရားရှင်၏ စိတ်ဓာတ်တော်မှာ ကိန်းဝပ်တော်မူပါတယ်။ သတ္တ၀ါဝေနေယျကို ၄၅၀ါတိုင်အောင် မညိုမငြင် တရားပန်းတွေဆင်ပေးခဲ့တာဟာ သက်သေထူလျက်ရှိပါတယ်။ တရားဦးဓမ္မစကြာဟောစဉ်ကလည်း ဥရုဝေဠကနေ ၁၈ ယူဇနာဝေးတဲ့ မိဂဒါဝုန်သားပေါင်းစုံတဲ့ ရဂုံမြိုင်တောသို့ ခြေလျင်ခရီးကြွချီတော်မူခဲ့ပါတယ်။ အကြောင်းကတော့ လမ်းခရီးမှာ ဥပကပရဗိုဇ်နဲ့တွေ့ဖို့ရန်ပါပဲ။ နောင်အခါ ထိုပရဗိုဇ်တရားရရေး ကိုမျှော်တွေးလို့ ခြေလျင်ခရီကြွချီခြင်းပါ။
|
|
Read more...
|
|
|
ဓမ္မစာပေများ -
ဓမ္မဆောင်းပါးများ
|
|
ကျွန်တော်တို့ ထေရ၀ါဒဗုဒ္ဓဘာသာလူငယ်မောင်မယ်များအနေဖြင့် ၁၇ကြိမ်မြောက်အဖြစ် ၂၉.၉.၂၀၀၉ ရက်နေ့တွင် သာယာကုန်း၊ ဘုန်းတော်ကြီးသင် မူလတန်းလွန်ပညာရေးကျောင်း၊ မြန်မာ့ရေနံရပ်ကွက်၊ သန်လျင်မြို့၊ ရန်ကုန်တိုင်း အတွက် ကလေးငယ်များ ပညာသင်စရိတ်ထောက်ပံ့ရန်အတွက် ဆရာတော် ဦးတိက္ခဉာဏသို့ အလှူငွေ ငါးသိန်း (၅၀၀၀၀၀ိ/-)ကျပ်ကို ၂၇.၉.၂၀၀၉ ရက်နေ့ ညနေ(၄)နာရီတွင်လည်းကောင်း၊ ၊ ဘိုကလေးမြို့ရှိ Sunday School (တနင်္ဂနွေကျောင်း) တွဲဘက် ပညာဒါနသင်တန်းများအတွက် သင်ကြားမှုပြဋ္ဌာန်းစာအုပ်များ ရိုက်နှိပ်ရန် ဆရာတော်ဦးပဏ္ဍိတ (ပညာရေးတာဝန်ခံဆရာတော်)အား အလှူငွေ လေးသိန်း (၄၀၀၀၀၀ိ/-)ကျပ်ကို ၂၉.၉.၂၀၀၉ ရက်နေ့ ည(၇း၅၀)နာရီတွင်လည်းကောင်း၊ အမှတ်(၁၇)၊ အပိုင်း(၃)၊ မြင်းခြံမြို့အတွင်း ဆောက်လုပ်လျက်ရှိသော မိုးကောင်းဓမ္မာရုံ ဆောက်လုပ်ရန်အလှူငွေ ကိုးသိန်းသုံးသောင်း(၉၃၀၀၀၀ိ/)ကျပ်ကို ဒေါ်လှလှထူး (မှတ်ပုံတင်အမှတ်၉/မခန(နိုင်)၁၁၉၆၇၄)ထံသို့ ၂၈.၉.၂၀၀၉ရက်နေ့တွင် ရိုးမဘဏ်မှတဆင့် ဒေါ်ခင်မေလွင်မှ လွှဲပေးခဲ့၍လည်းကောင်း ထေရ၀ါဒဗုဒ္ဓဘာသာလူငယ်များအသင်းမှ အားကြိုးမာန်တက် လှူဒါန်းထောက်ပံ့ခဲ့ကြပါသည်။ မိမိတို့လှူဒါန်းမှုအစုစု မှတ်တမ်းဓါတ်ပုံများကို ဤနေရာတွင် ၀မ်းမြောက်ဝမ်းသာ သာဓုအနုမောဒနာ ခေါ်ဆိုနိုင်စေရန် အလို့ငှာ တင်ပြအပ်ပါသည်။ မိမိတို့လှူဒါန်းခဲ့သော အလှူသည် မစ္ဆရိယဆိုသော အဆိပ်အတောက်၊ ပမာဒဟုဆိုသော မေ့လျော့သောတရားကိုတို့ကို ပယ်ဖျောက်၍ ဒါနပန်းလက်လှန်း၍ ကမ်းနိုင်သမျှ ကမ်းခဲ့ကြသည်၊ စွမ်းနိုင်သမျှ ထမ်းရွက်နေကြသည်ဆိုသည်ကို ဤဆောင်းပါးဖြင့် အနည်းငယ်တင်ပြအပ်ပါသည်။
|
|
Read more...
|
|
ဓမ္မစာပေများ -
ဓမ္မဆောင်းပါးများ
|
|
မောင်မေတ္တာနှင့် မသစ္စာ ဟု ဇာတ်ကောင်ရှာ၍ ခေါင်းစဉ်ကို ကြိုးစား သရုပ်ဖော်ပြပါမယ်။ ဇာတ်ကောင်နှစ်ဦး၏ အခြေအနေကို အနည်းငယ်မျှ ရေးဖော်ပြလိုပါသည်။ မသစ္စာသည် မြန်မာနိုင်ငံနှင့်ဝေးသော နိုင်ငံတစ်ခုမှာ နေထိုင်ဖို့ အခြေပေး ဘဝအတွက် အမြဲရုန်းကန်နေရသူဖြစ်သည်။ မောင်မေတ္တာကတော့ မြန်မိာုင်ငံမှာ နေထိုင်သူဖြစ်သည်။ တိုတိုမျှပြောရလျင် သူတို့နှစ်ဦးမှာ မေတ္တာမျှ ချစ်ခင်နေကြ၏။ တစ်နေ့ မောင်မေတ္တာတစ်ယောက်မှာ ဤသို့ အကြံထွက်ပေါ်၏ “ငါသည် မြတ်စွာဘုရားရှင်၏ သာသနာနဲ့ ကြုံကြိုက်ခွင့်ရသူဖြစ်ပါလျက် မိမိမှာ မြတ်စွာဘုရားရှင်၏ အဆုံးအမနဲ့ ကင်းနေပါရော့လား၊ မြတ်စွာဘုရားရှင်၏ အဆုံးအမတရားတို့သည် မိမိနှလုံးသားမှာ အရှင်းကင်း၍ ဗလာနတ္ထိဖြစ်နေပါရော့လား…“ ။ ထိုအကြံသည် မြတ်ဗုဒ္ဓ အဆုံးအမတရားတော်အား ကြားနာလိုသော စိတ်ရဲ့ အားကို ထက်သန်စေမှုသို့ ကျေးဇူးပြု၍ မိမိတို့ မြို့အနီးရှိ ဖားအောက်တောရကျောင်းသို့ ချည်းကပ်၏။ ထိုကျောင်းတော်ရှိ ဆရာတော်ဘုရားအား သူ့အကြံကို လျှောက်တင်၍ မြတ်ဗုဒ္ဓ၏ အဆုံးအမနှင့် ဝေးကွာနေသော တပည့်တော်အား နီးစပ်အောင် တပည့်တော်အား ဆုံးမ သွန်သင်ပါဘုရား ဟု လျှောက်တင်၏။
|
|
Read more...
|
|
|
ဓမ္မစာပေများ -
ဓမ္မဆောင်းပါးများ
|
ယထာပိ ပုပ္ဖရာသိမှာ၊ ကယိရာ မာလာဂုဏေ ဗဟူ။ ဧ၀ံ ဇာတေန မစ္စေန၊ ကတ္တဗ္ဗံ ကုသလံ ဗဟုံ။ ပန်းစုပန်းပုံအတွင်းမှ များစွာသော ပန်းကုံးတို့ကို သီကုံးပြုလုပ်သကဲ့သို့ အကြင်သူသည် ဥစ္စာသဒ္ဓါတည်း ဟူသော အစုအပုံအတွင်းမှ မြောက်များစွာသော ကုသိုလ်ကောင်းမှုကိုပြုရာ၏။
တို့များ အသက်တွေ တစ်နေ့ထက် တစ်နေ့ကြီးရင့်လာပြီ။ ဘ၀နေ၀င်ချိန်ဆိုတာ မနက်ဖြန်မရောက်ဘူး။ မနက်ဖြန်ကိုမစောင့်ဘူးဆိုတာ သဘောပေါက်ကြရင် သိပ်ကောင်းမှာပဲ။ ဘ၀တစ်ခုကိုရလာပြီဆိုမှဖြင့် ကုန်ဆုံးရမှာ ဓမ္မတာပဲ ဆိုပေမယ့် တို့ဘ၀တွေကို ဘယ်လိုမျိုးနဲ့ ကုန်ဆုံးကြမှာလဲ။ လူဆိုတာမွေးလာပြီးရင် သေရတာပါပဲ။ မြတ်စွာဘုရားလည်း ပရိနိဗ္ဗာန်ပြု ရတာပါပဲ။ အရပ်စကားနဲ့ပြောရင်သေတာပါပဲ။ အရက်သမားလည်း တစ်နေ့မှာ သေရတာပဲ။ သေတာများ အဆန်းလုပ်လို့ ဘာထူးမှာလဲ။ သေတာ အတူတူပါပဲ ဘာမထူးဘူး။ သေခြင်းတရားကို ကြောက်နေစရာမလိုပါဘူးလို့ အချို့လည်း လွယ်လွယ်ပြောတတ်ကြတာ ကြားဖူးကြမှာပါပဲ။
သေခြင်းတရားဟာ မဆန်းပေမယ့် အဆန်းတကြယ်ဖြစ်စေတာက အဲ့ဒီလူ(သို့) အဲ့ဒီသတ္တ၀ါဟာ ဆိုးပြီးသေတာလား၊ ကောင်းပြီးသေတာလား။ တနည်းအားဖြင့် လောကကြီးကို ဆိုးကျိုးတွေပေးပြီး သေတာလား၊ ကောင်းကျိုးတွေပေးပြီးသေ တာလား။ သူ့ဘ၀မှာ ဆိုးတဲ့တရားတွေနဲ့ သေရတာလား။ ကောင်းတဲ့တရားတွေနဲ့ သေရတာလား ဆိုတာက ရိုးရှင်းသလောက်ဆန်းကြယ်လှတယ်နော်။ လူအချို့ မေးမြန်းသံတွေ ခဏခဏကြားနေရပြန်တယ်။ သေရင် ဘယ်လိုသေတာ ကောင်းမလဲတဲ့။ တစ်ချို့က ၀ိပဿနာပွားရင်းနဲ့ သေတာကောင်းတယ်။ ဝေဒနာလေးရှုပြီးသေတာကောင်းတယ် …. အစုံပါပဲ။ ဘယ်လိုသေတာကောင်းတယ်။ ဘယ်လိုသေမယ်ဆိုပြီးပြောနေကြတာ သေမင်းနဲ့များ ရက်ချိန်းယူထားကြတဲ့ သူတွေလားလို့ ထင်ရလောက်အောင်ပါပဲ။
|
|
Read more...
|
|
ဓမ္မစာပေများ -
ဓမ္မဆောင်းပါးများ
|
ဣဓ၀ါ- ဤလူ့ပြည်၌လည်းကောင်း၊ ဟုရံဝါ- နဂါးပြည်၊ ဂဠုန်ပြည်၌လည်းကောင်း၊ သဂ္ဂေသုဝါ- နတ်ပြည်တို့၌လည်းကောင်း၊ ယံကိဉ်္စိ- အမှတ်မရှိသော၊ ၀ိတ္တံ- နှစ်သက်အပ်သော၊ ပဏီတံ- တောင့်တအပ်သော၊ ယံ ရတနံ- အကြင်ရတနာသည်၊ အတ်္ထိ- ရှိ၏။ တံ ရတနံ- ထိုရတနာတို့တွင်၊ တထာဂတေန- မြတ်စွာဘုရားနှင့်၊ သမံ- တူသောရတနာသည်၊ နနောအတ်္ထိ- မရှိသည်သာလျှင်တည်း၊ ဤသို့ ရတနာအစစ် ဖြစ်တော်မူသော ဘုရားရှင်ကိုယ်တော်မြတ်ကြီးအား တပည့်တော် ရိုသေစွာရှိခိုးပါ၏။ ခုတလောသတင်းတွေထဲမှာ အတုတွေအကြောင်းကို တော်တော်ကြားနေရတာနဲ့ အတုတွေအကြောင်းကို ဟိုမရောက် ဒီမရောက် ရေးချင်စိတ်တွေ ပေါ်နေခဲ့ပါတယ်။ အတုဆိုတာကို ကြားဖူးခဲ့တာကြာပါပြီ။ ငယ်ငယ်တုန်းက မေမေဟင်းချက် တာကိုကြည့်ပြီး ဘာတွေလဲမေးကြည့်တော့ အသားတုတွေဖြစ်နေတယ်။ အစားအစာဆိုတာလည်း အတုရှိနေတာပါပဲ။ အဖွားကလည်း အသားတုတွေကို သွားတုတွေနဲ့ဝါးနေပြန်ပါတယ်။ စားမကောင်းမှန်းသိပါတယ်။ ဒါပေမယ့် အဖွားမျက်နှာပေါ်မှာ ဘာကြောင့်မှန်းမသိတဲ့ အပြုံးတစ်ခုကို မြင်ခဲ့တယ်။ အပြုံးတုကြီးများဖြစ်နေရောလားလို့ ခုနေအခါတွေးကြည့်မိပါ တယ်။ ဒီလိုနဲ့ပဲ အတုတွေကြားထဲမှာ ကျွန်တော်ကြီးပြင်းခဲ့တော့ ဆယ်စုနှစ် နှစ်ခု တောင်ကျော်နေခဲ့ပါပြီ။
|
|
Read more...
|
|
|
|
|
<< Start < Prev 1 2 3 4 5 6 7 8 9 10 Next > End >>
|
|
Page 10 of 12 |