|
ဓမ္မစာပေများ -
ဓမ္မဆောင်းပါးများ
|
|
“သဒ္ဓါယ တရတိ သြဃံ”- ယုံကြည်မှုသည် အခက်အခဲဟူသမျှတို့ကို လွတ်မြောက်နိုင်စွမ်း ရှိပေသည်။ ဘယ်အရာပဲလုပ်လုပ်၊ ဘယ်အရာကိုပဲ ရချင်ရချင် ကိုယ့်လုပ်နေသည့် အလုပ် သည် အောင်မြင်နိုင်သည့် နည်းလမ်းဟူ၍ မယုံကြည်လျှင် ထိုအလုပ်ကို လုပ်မည်မဟုတ်ပေ။ မယုံကြည်ဘဲ လုပ်နေလျှင်လည်း အောင်မြင်မှု ရလာနိုင်မည် မဟုတ်ပေ။ ယုံကြည်မှု အားအင် သတ္တိသည် မရှိမဖြစ်လိုအပ်သောအရာပင်ဖြစ်ပါသည်။ အမှားအမှန်ကို ဝေဖန်ပိုင်းခြားနိုင်ခြင်း၊ အမှန်အတိုင်းဖြစ်ရန် ဆင်ခြင်နိုင်ခြင်း၊ အကြောင်းအကျိုး၊ အကောင်းအဆိုးကို ခွဲခြားသိမြင်နိုင် ခြင်းဟူသော ပညာဉာဏ်သည်လည်း သဒ္ဓါတရားနှင့် အတွဲညီနေရန် လိုအပ်၏။ ချိန်ခွင်လျှာ အစွန်းမထွက်ဘဲ ရှိသကဲ့သို့ သဒ္ဓါနှင့်ပညာ တရားနှစ်ပါး ညီမျှနေရမည်ဖြစ်ပါသည်။ ယုံကြည်မှုရှိမှ အခက်အခဲမှန်သမျှ ကျော်လွှားပြီး အောင်မြင်နိုင်သည်ကမှန်၏။ အမှားကို ယုံကြည်နေမိပြန်လျှင်လည်း မဟုတ်သေးပေ။ အမှားကို ယုံကြည်နေက အမှန်ကို မမြင်နိုင် ဖြစ်နေမည်။ ဘုရားရှင် မပေါ်ထွန်းသေးခင်က လူတို့သည် တော၊ တောင်၊ နတ်၊ နဂါး၊ မီး၊ ပင်လယ်၊ သမုဒ္ဒရာ စသဖြင့် ကိုယ့်ယုံကြည်မှုအလိုက် အသီးသီးကိုးကွယ်ကြသည်။ ထိုသို့ ယုံကြည်ပြီး ပူဇော်ပသကြလျှင် ကျရောက်လာမည့် ဘေးအန္တရာယ်၊ ရန်စွယ် မှန်သမျှ ပပျောက်သွားကြမည်၊ ကောင်းကျိုးချမ်းသာ အဖြာဖြာတို့ ရောက်ရှိလာကြမည် အစရှိသည်ဖြင့် ယုံကြည်နေကြသည်။ ကိုးကွယ်ရာအမှန်ဟုလည်း မှတ်ယူထားကြသည်။ ထင်သည့်အတိုင်း ဖြစ်လာကြသည်ဟူ၍ တိုက်ဆိုင်မှုတို့ကို အမှန်အဖြစ် တစ်ထစ်ချမှတ်ယူပြီး ပို၍ ပို၍ ယုံကြည်နေကြခြင်းပင်ဖြစ်သည်။
|
|
Read more...
|
|
|
ဓမ္မစာပေများ -
ဓမ္မဆောင်းပါးများ
|
|
ရတနာ လို့ ကြားလိုက်ရင် လူတိုင်း မျက်လုံးလေးတွေ လဲ့သွားကြတယ်။ မြင်လိုက်ရတဲ့သူဆိုရင် သူတို့ စိတ်ထဲမှာ ကြည့်နူးသွားကြတယ်။ တစ်ချို့ဆို ပါးစပ်လေး အဟောင်းသာနဲ့ ခဏလေးတောင် ငိုင်သွား တတ်ကြတယ်။ လူတိုင်းလဲ မြတ်နိုး တန်ဖိုးထား ကြပါတယ်။ ဘာကြောင့် ရတနာကို လူတိုင်း မြတ်နိုးကြတာလဲ။ ဘာကြောင့်များ မက်မောကြတာလဲ။ မြတ်နိုးစရာ ကောင်းတဲ့ နှစ်သက်ဖွယ်ကောင်းတဲ့ အရည်အချင်းတွေ အရောင်အသွေး တွေရှိနေလို့ပါပဲ။ လမ်းဘေးက အလေ့ကျ ပေါ်လာတဲ့ကျောက်၊ လမ်းခင်းဖို့ ချထားတဲ့ကျောက် ကိုတော့ လူတိုင်း အမြတ်တနိုး တန်ဖိုးမထားပါဘူး။ သူမှာတော့ သူအရည်အသွေးက ဒီနေရာမှ သုံးသင့်တယ် သုံးရမယ်ဆိုတဲ့ အရည်အချင်းပါပြီးသားပါ။ အဲဒီလိုကျောက်မျိုးကို ဘယ်သူပုဂ္ဂိုလ်ကမှ မိမိ လက်ဝတ်တန်ဆာအဖြစ် မပန်ဆင်ကြပါဘူး။ ထပ်ပြီး မေးခွန်းတစ်ခုပေါ်လာပြန်တယ်။ ကျွန်တော်တို့တွေ ဘာကြောင့် သုံးသင့် မသင့် ရတနာထိုက်မထိုက် ခွဲခြားလိုက်တာလဲ။ အဖြေကတော့ ရတနာဂုဏ်တွေကြောင့်ပါ။ ဟုတ်ပါပြီး။ နောက်တစ်ခုမေးခွန်းတစ်ခုက အဲဒီ ဂုဏ်အင် တွေက လူတိုင်းရော သိကြရဲ့လား။ လောကီရတနာ တွေဖြစ်တဲ့ ပုလဲ၊ မြ၊ စိန်၊ သန္တာ၊ ပတ္တမြား၊ ငွေ၊ ရွှေ စတဲ့ ဒီလို ရတနာတွေ လူတိုင်း တန်ဖိုးထားကြပါတယ်။ တန်ဖိုးထားတတ်ရမှန်းသိတဲ့ အသိလဲ ရှိပါတယ်။ ရတနာကို တန်ုဖိုးထားထိုက်တယ်၊ ဆိုတဲ့အသိက အရေးကြီးပါတယ်။
|
|
Read more...
|
|
ဓမ္မစာပေများ -
ဓမ္မဆောင်းပါးများ
|
|
ဘ၀မှာ အရေးကြီးဆုံးက ဘာလဲလို့မေးလာရင် သင်ဘယ်လိုဖြေမလဲ မိတ်ဆွေ၊ ကျွန်ုပ်အလိုအရတော့ ဘ၀မှာအရေးကြီးဆုံးကတော့ ဘ၀ပါပဲလို့ ဖြေချင်ပါတယ်၊ မိတ်ဆွေသဘောတူချင်မှ တူမယ်ပေါ့လေ၊ ဟုတ်ပါတယ်- လွတ်လပ်စွာသဘော ကွဲလွဲခွင့်ရှိတာ အမှန်ပါ၊ ကိုယ်က ဒါကိုသဘောကျလို့ သူ့ကိုလည်း ဒီဟာကိုပဲ သဘောကျပါလို့ပြောလို့မှမရတာ။ မိတ်ဆွေတို့ ကြားဘူးကြမယ်ထင်ပါတယ်၊ အချိန်သည်ငွေ အချိန်သည်ရွှေ ဆိုတဲ့စကားတစ်ခု။ ကျွန်ုပ်ကတော့ အချိန်ကို ဒီထက်ပိုပြောလိုက်ချင်ပါတယ်၊ အချိန်သည် အသက်၊ အချိန်သည် ဘ၀……….. အချိန်သည် အသက်၊ အသက်သည် ဘ၀၊ ဘ၀သည် လောကမှာ အရေးအကြီးဆုံး၊ အချိန်နှင့်ဘ၀သည် တစ်ထပ်တည်း တန်ဘိုးရှိသည်၊ ဘ၀ သို့မဟုတ် အသက်သည် လောကမှာ အရေးကြီးဆုံး လို့ဆိုလိုတာကို လက်ခံလျှင်ဖြင့် လောကမှာ အရေးကြီးဆုံး နောက်ထပ်တစ်ခုဟာ အချိန်ပါပဲ။
|
|
Read more...
|
|
|
ဓမ္မစာပေများ -
ဓမ္မဆောင်းပါးများ
|
|
လူ့ဘ၀ဆိုတာ အကာနဲ့အနှစ် ခွဲခြားသိမြင်တတ်မှသာ အကာကိုခွဲပြီး အနှစ်ကို ဆွဲထုတ်ယူနိုင်လိမ့်မယ်။ အကာလောက်ကိုသာ အနှစ်ထင်နေရင် သို့မဟုတ် အကာနှင့်အနှစ် ပြောင်းပြန်အမြင်လွဲနေရင် အဖိုးတန်လှတဲ့လူ့ဘ၀မှာ အနှစ်မတွေ့ရတော့ဘဲ အကာနဲ့သာ တစ်ဘ၀လုံးဆုံးတတ်ပါတယ်။ ဗုဒ္ဓသာသနာဆိုတာအကာကို အကာမှန်းသိအောင်၊ အနှစ်ကို အနှစ်လို့မြင်အောင် ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသား ညွှန်ပြပေးနေတဲ့ လမ်းစဉ်ပါ။ မိမိတို့သည် နေ့စဉ်မပြတ် အမြဲတမ်းလုပ်ဆောင်နေသော ကာယကံ၊ ၀စီကံ၊ မနောကံတည်းဟူသော လုပ်ဆောင်နေမူများသည် အကာလား၊ အနှစ်လား ဆိုတာကို မိမိ၏ကိုယ်ပိုင်ဥာဏ်ဖြင့် တွေးတောကြည့်ကာ သတိထားစေချင်ပါသည်။ အ၀ိဇ္ဇာတည်းဟူသော အမိုက်မှောင်ဖုံးလွမ်း၍သာ အကာကို အနှစ်ထင်၊ အနှစ်ကို အကာထင်၍ လူ့ဘ၀မှ ထွက်ခွါသွားရမည်ဆိုလျှင် လွန်စွာပင် ၀မ်းနည်းဖို့ကောင်းပေသည်။
|
|
Read more...
|
|
ဓမ္မစာပေများ -
ဓမ္မဆောင်းပါးများ
|
|
မနုဿတ္တဘာဝေါ ဒုလ္လဘော ဟူသည်နှင့်အညီ လူ့ဘ၀သည် အလွန်ပင် ရခဲပေသည်။ လူ့ဘ၀၏ ရခဲပုံကို ဤသို့ကြားနာ မှတ်သားဖူးပေသည်။ ဗြဟ္မပြည်က အပ်တစင်း၊ လူပြည်က အပ်တစ်စင်း၊ အပ်သွားခြင်းသာ ထိဖွယ်ရာ၊ ပမာပုံသို့ခင်း။ ဤသို့ဆိုသော် ဗြဟ္မပြည်ကချလိုက်သော အပ်တစ်စင်းနှင့် လူပြည်ကထောင်ထားသောအပ်တို့သည် ထိပ်တိုက်ဆုံဖွယ်ရာရှိပေ သည်။ လူ့ဘ၀ကိုရဖို့ကား ထိုထက်ပင်ပို၍ ခက်ခဲပေသည်။ ထိုကြောင့် လူတို့သည် ရတောင့်ရခဲ ရလာသောလူ့ဘ၀ကို ထိုက်ထိုက်တန်တန် အသုံးကျအောင် အသုံးချသင့်ပေသည်။ မိမိတို့ရရှိထားသော အလွန်တရာ တန်ဖိုးရှိလှသော လူ့ဘ၀တွင် မှန်ကန်သောလမ်းကို ရွေးချယ်လျှောက်တတ်ဖို့ လိုအပ်ပေသည်။ ယနေ့ခေတ်တွင် ဘာသာတရားများအနေဖြင့်လည်း များပြားလှပေသည်၊ ဟောပြောသောအကြောင်းတရားများ အနေဖြင့်လည်း များပြားပေသည်။
|
|
Read more...
|
|
|
|
|
<< Start < Prev 1 2 3 4 5 6 7 8 9 10 Next > End >>
|
|
Page 9 of 12 |