|
ဓမ္မစာပေများ -
ဓမ္မဆောင်းပါးများ
|
|
မြန်မာနှစ် ၁၃၇၁ ခုနှစ် ပြာသိုလပြည့်နေ့။ အမေများနေ့။ ကမ္ဘာ့နိုင်ငံအသီးသီးတိုင်းမှာ နိုင်ငံရေး၊ လူမှုရေး၊ ဘာသာရေး စတာတွေနဲ့ သက်ဆိုင်တဲ့ နေ့ထူးနေ့မြတ်တွေ သတ်မှတ်ကြတာ ထုံးစံတစ်ခုပါပဲ။ သတ်မှတ်တဲ့နေ့ရောက်ပြီဆိုမှ အမှတ်တရပွဲတော်တွေလုပ်ကြ၊ ကကြခုန်ကြ၊ ၀မ်းနည်းကြ၊ ကြေကွဲကြ နဲ့ အလုပ်ကိုများနေကြတာပါပဲ။ ဘယ်လိုတွေပဲဖြစ်ပါစေ ထိုနေ့တွေ ထိုရက်တွေဟာ ပြတိုက်ထဲက နေ့ရက်တွေ မဖြစ်စေ ချင်ဘူး။ ပြတိုက်ဆိုတာ ရှေးဟောင်းပစ္စည်းတွေ၊ အမှတ်တရပစ္စည်းတွေအတွက် အကောင်းဆုံးခိုနားရာဖြစ်ပေမယ့် လက်တွေ့ကမ္ဘာမှာတော့ သူတို့တွေအခန်းကဏ္ဍက နေ့စဉ်လှုပ်ရှားမှုတွေမှာ မပါဝင်ကြပါဘူး။ ပြတိုက်ဖွင့်ပြမှ အမှတ်တရတွေ့ခွင့် ရကြတာတွေပါပဲ။ ဒီနေ့က အမေများနေ့တဲ့။ အမေ့အကြောင်း ပြတိုက်ကြီးဖွင့်ပြလို့ လူတွေအမှတ်တရ ဖြစ်ကြတာမျိုး မဖြစ်စေချင်တာ စာရေးသူရဲ့ဆန္ဒပါ။ ပြတိုက်ဖွင့်ပြမှ အမှတ်ရကြမယ်ဆိုရင် အမေ့အကြောင်း အမေ့ကဏ္ဍဟာ နေ့စဉ်ဘ၀တွေမှာ ပါဝင်ခွင့်မရတဲ့ ပြတိုက်ထဲက နေ့တစ်ရက်ဖြစ်သွားမှာ ကျွန်တော်စိုးရိမ်မိပါတယ်။ နေ့ရက်တိုင်းမှာ အမေ့ကဏ္ဍတွေ ပါဝင်စေချင်တယ်။ နာရီတိုင်းမှာ အမေ့အကြောင်းတွေ စဉ်းစားစေချင်တယ်။ မိနစ်တိုင်းမှာ အမေ့အရေးကို စိတ်ဝင်စားစေချင်တယ်။ ဘ၀မှာ အမေ့အတွက် အခန်းကဏ္ဍကို ကြီးကျယ်စေချင်တယ်။ အမေဟာ ဘ၀အတွက် ကြီးကျယ်မြင့်မြတ်တဲ့ ပုဂ္ဂိုလ်တစ်ဦးပါပဲ။ အမေဟာ အသက်ကိုပေးတယ်။ အမေဟာ ဘ၀ကိုပေးတယ်။ အမေဟာ သုခတွေကို ပေးတယ်။ ဘုရားသခင်က လူသား ကိုဖန်ဆင်းတာပါလို့ ပြောသူတွေက ပြောကြတယ်။ ကျွန်တော်မြင်တာကတော့ မိခင်တွေသာ ကျွန်တော်တို့ကို လူသားတစ်ဦးအဖြစ် လောကအလယ် ထုဆစ်ပုံဖော်ပေးခဲ့တာ မဟုတ်ပါလား။
|
|
Read more...
|
|
|
ဓမ္မစာပေများ -
ဓမ္မဆောင်းပါးများ
|
|
လူ၏အဖြစ်ကို ရခဲ၏၊ သတ္တ၀ါတို့၏ အသက်ရှည်ရခြင်းသည် ခဲယဉ်း၏၊ သူတော်ကောင်းတရားကို ကြားနာရခဲ၏၊။ ဘုရားအဖြစ်ကို (ဘုရားဖြစ်ရာကာလကို) ရခဲ၏။ Hard is it to be born a man; hard is the life of mortals. Hard is it to gain the opportunity of hearing the Sublime Truth, and hard to encounter is the arising of the Buddhas. (ဓမ္မပဒ) မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီး ဟောကြားတော်မူခဲ့တဲ့ တရား၊ ဓမ္မစကားပါ။ လူ့ဘ၀ရဲ့ အနှစ်သာရကိုသိအောင်၊ မိမိမှာအသိညဏ်တွေတိုးလာဖို့ အထောက်အပံ့ ကောင်းတွေဖြစ်အောင် မိန့်ကြားထားတော်မူခဲ့တဲ့ ဓမ္မစကားလေးပါ။ “လူ၏အဖြစ်ကို ရခဲ၏၊” ဒါလေးကိုဖတ်ပြီးတော့ ရခဲတဲ့လူအဖြစ်မှာ လုပ်နိုင်ခဲမယ့်အလုပ်တွေ ရှိနေမယ်ဆိုတာ မဆိုင်းမတွပဲ နားလည်လိုက်ရပါတယ်။ လူအဖြစ်ကို ရတာချင်းတူကြပါတယ်။ ဒါပေမယ့် လုပ်ပေးစွမ်းနိုင်တာချင်းမတူကြပါဘူး။ တစ်ချို့က ခဲယဉ်းစွာရလာတဲ့ လူ့ဘ၀ကို ကောင်းစွာ နားလည်သဘောပေါက်ပြီး သူ့ရဲ့ နေစဉ်ဘ၀တစ်လျှောက်လုံးမှာ ကောင်းမှုကုသိုလ်တွေ လွှမ်းခြုံပြီး နေသွားကြပါတယ်။
|
|
Read more...
|
|
ဓမ္မစာပေများ -
ဓမ္မဆောင်းပါးများ
|
|
ကျွန်တော်တို့ ထေရ၀ါဒဗုဒ္ဓဘာသာလူငယ်များအနေဖြင့် အောက်တိုဘာလအတွက် (၁၉)ကြိမ်မြောက်အဖြစ် လှူဒါန်းခဲ့သော နေရာများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။ (၁)တောင်သာမြို့နယ်၊ မကြီးချိုကျေးရွာ၊ အခြေခံပညာမူလတန်းလွန်ကျောင်းအတွက် အလှူငွေ(၇)သိန်း ကျပ်ကို မနုနုယဉ် (၉/တသန(နိုင်)၀၈၆၀၅၆၊ ရွှေရည်လင်းပွဲရုံ၊ ပျဉ်းမနား၊ ဘောဂသီရိကားကွင်း၊ နေပြည်တော်၊ မြို့မဈေးပွဲရုံတန်း နေပြည်တော် ၊ သပြေကုန်းဈေးပွဲရုံတန်း နေပြည်တော်။ ဖုန်းနံပါတ် - ၀၆၇-၂၂၅၃၅) ထံသို့ ရိုးမဘဏ် (ပျဉ်းမနား)မှ လှူဒါန်းခဲ့ပါသည်။ ယခုအချိန်တွင် ထိုမူလတန်းကျောင်း ဆောက်လုပ်ဆဲဖြစ်ပါသည်။ မှတ်တမ်းဓါတ်ပုံများကို ကျောင်းဆောက်လုပ်ပြီးချိန်တွင် သီးသန့်ဆက်လက်ဖော်ပြပေးမည် ဖြစ်ပါသည်။
|
|
Read more...
|
|
|
ဓမ္မစာပေများ -
ဓမ္မဆောင်းပါးများ
|
|
လူသည် လိမ်နိုင်ကောက်နိုင်မှ ကိုယ်၏ချမ်းသာခြင်း၊ စိတ်၏ ချမ်းသာခြင်းနှင့် ပြည့်စုံနိုင်သော သတ္တ၀ါဖြစ်၏။ စိတ်ထဲတွင် ရှိသမျှကို ဖွင့်ဟပြောဆို၍ တစ်ဦးနှင့်တစ်ဦး ပွင့်ပွင့်လင်းလင်း ဆက်ဆံကြပါလျှင် တစ်ဦးကိုတစ်ဦး သတ်ကြ ဖြတ်ကြ၍ မသာချရသော အလုပ်ဖြင့် အချိန်ကုန်ရမည်ဖြစ်သည်။ ကာတွန်းဆရာကြီး ဦးဘဂျမ်း ဒါကြောင့် လူတိုင်းအတွက် ဟန်ဆောင်မှုဟာ အရေးပါတယ်လို့ ကျွန်တော် မပြောလိုပါ။ သို့သော် လူတိုင်းမှာ ဟန်ဆောင် မှုတစ်ခုမက ရှိတတ်ကြမယ်လို့ ထင်ပါတယ်။ ဟန်ဆောင်မှုတိုင်းဟာ ကောင်းတယ်လို့ သတ်မှတ်လို့ မရပေမယ့်အကြောင်း ရည်ရွယ်ချက်နဲ့ အကျိုးရလာဒ်တို့အပေါ်မှာ မူတည်ပြီး ပြုလုပ်သင့်တယ်၊ လက်ခံနိုင်တယ်၊ မှားယွင်းသော အပြုအမူ၊ လက်မခံနိုင်ဘူး၊ ရှောင်ကြဉ်သင့်တယ် စသဖြင့် ဆုံးဖြတ်နိုင်မယ်လို့လည်း ထင်ပါတယ်။
|
|
Read more...
|
|
ဓမ္မစာပေများ -
ဓမ္မဆောင်းပါးများ
|
|
ကြည့်စမ်း သစ်ပင်ကြီး၊ အရိပ်ကြီးကလည်း ကောင်း၊ အပွင့်တွေကလည်း ပွင့်နေလိုက်တာ ဝေလို့၊ အသီးတွေကလည်း ပွတ်သိပ်ခဲနေတာပဲ သီးနေလိုက်တာ၊ အရည်ရွှမ်းပြီး အရသာ ရှိလိုက်မယ်ဖြစ်ခြင်း…. သို့သော်… ဒါပေမယ့် … သို့သော်….. ပေါများလိုက်တဲ့၊ အဆောက်အဦး၊ ပေါများလိုက်တဲ့ စေတီပုထိုးများ၊ ပေါများလိုက်တဲ့ တရားဓမ္မ ပွဲသဘင်များ၊ ပေါများလိုက်တဲ့ ပရိယတ္တိစာသင်တိုက်တွေ၊ ပေါများလိုက်တဲ့ တရားရိပ်သာ တွေ၊ ပေါများလိုက်တဲ့ ကျမ်းတတ်အကျော် ပိဋကတ်မော်တွေ၊ ပေါများလိုက်တဲ့ အေးရိပ်ဆာယာ ဘ၀ နားခိုစရာတွေ…. တကယ်တော့ တရားဓမ္မဆိုတာ ဗုဒ္ဓဘာသာဝင် သူတော်စင်တွေအတွက် ခိုနားရာ ဖြည်ဆည်ရာ ဧည့်ဂေဟာ ဧည့်ရိပ်သာတွေပါပဲ၊ စေတီပုထိုး ကျောင်း ကန်များဟာဖြင့် ဗုဒ္ဓဘာသာဝင်တို့အတွက် တကယ့်ကိုပဲ အလေးထား အားကိုးရာ အရိပ်ဆာယာတွေပါပဲ၊ ပန်လို စားသုံးလိုသူတွေအတွက် ထူးကဲတဲ့ အရသာတွေနဲ့ ပြည့်သိပ်နေတဲ့ သစ်ပင်ပန်းမာန်ကြီးတွေပါပဲ။
|
|
Read more...
|
|
|
|
|
<< Start < Prev 1 2 3 4 5 6 7 8 9 10 Next > End >>
|
|
Page 8 of 12 |