|
ဓမ္မစာပေများ -
ဓမ္မဆောင်းပါးများ
|
|
အွန်လိုင်းကနေ အစ်ကိုတစ်ယောက်နဲ့တွေ့ပြီး စကားစပ်မိလို့ ပြောမိတာလေးတွေ ပြန်ပြောချင်မိပါတယ်။ သူ့အကြောင်း ကိုယ့်အကြောင်းလေး အနည်းငယ်ပြောမိပြီး သူလုပ်နေတဲ့အလုပ်လေးတွေနဲ့ ပတ်သက်လို့ သူကပြောပြပါတယ်။ သူပြောတဲ့စကားလေးအတိုင်းပါပဲ.. သူအခု နိုင်ငံရပ်ခြားမှာ အလုပ်လုပ်နေတယ်ပေါ့.. သူနိုင်ငံရပ်ခြားမသွားခင်.. မြန်မာနိုင်ငံမှာ ဗုဒ္ဓဘာသာကလေးသူငယ်တွေအတွက် ယဉ်ကျေးလိမ္မာသင်တန်း ဖွင့်ခဲ့တာ ငါးနှစ်တောင် ရှိသွားပြီး.. သူနဲ့အတူ ဆရာတော်တစ်ပါးနဲ့ သင်တန်းဆရာမနှစ်ဦးက ဦးဆောင်ပြီး ဖွင့်လှစ်ပေးခဲ့တာပါ။ အသိပညာဗဟုသုတ နည်းပါးပြီး ဗုဒ္ဓရဲ့အဆုံးမနဲ့ အလှမ်းဝေးနေတဲ့ ကလေးသူငယ်တွေကို ဗုဒ္ဓရဲ့အဆုံးမတွေ ရင်ထဲရောက်ရှိစေရေး၊ ဘာသာတရားကို တန်ဖိုးထားတတ်စေရေးနဲ့ ကလေးသူငယ်တွေ ယဉ်ကျေးလာစေပြီး အသိဥာဏ်အလိမ္မာ တိုးလာစေရေးတို့အတွက် အဓိကရည်ရွယ်ပြီး ဖွင့်လှစ်ပေးခဲ့တာပါ။ ဘာရံပုံငွေမှလည်းမရှိ ဘယ်သူမှလည်း ထောက်ပံ့မှုမရှိဘဲ ကိုယ်ရဲ့တတ်စွမ်းတဲ့ဘက်ကနေ ကလေးသူငယ်တွေကို အခမဲ့သင်ကြားပေးပြီး အသိပညာတွေ တိုးတက်လာအောင်.. သင်တန်းမတက်ချင်တဲ့ အသိဥာဏ်နုနယ်တဲ့ ကလေးသူငယ်တွေကို.. အစားလည်းကျွေး.. သင်တန်းမှာဆုရတဲ့ကလေးတွေကို ဆုလည်းချပေးပြီး သင်တန်းတက်ချင်စိတ်တွေ ဖြစ်လာအောင် အဖက်ဖက်မှ ကြိုးစားပြီး ဖွင့်လှစ်ပေးခဲ့တာပါ။ ဒီလိုမျိုးလေးတွေနဲ့ စည်းရုံးပြီး သင်တန်းကို ရေရှည်တည်တံ့အောင် စွမ်းဆောင်ခဲ့တာ.. ယခုဆို သင်တန်းမှာ ဗုဒ္ဓဘာသာကလေးသူငယ်တွေ (၁၀၀)တောင် ကျော်သွားပြီလို့ ဆိုပါတယ်။
|
|
Read more...
|
|
|
ဓမ္မစာပေများ -
ဓမ္မဆောင်းပါးများ
|
|
“ နသော ဘိက္ခဝေ သတ္တော သုလာဘရူပေါ၊ ယောန မာတာပိတဘူတ ပုဗ္ဗော ဣမိနော ဒီဃေန အဒ္ဓုနာ။“ ရဟန်းတို့-ဤမျှရှည်လျားလှသော သံသရာကြီးအတွင်း အမိ၊ အဖ၊ မောင်ကြီး၊ မောင်ငယ်၊ ညီ၊ အစ်ကို၊ ညီမ၊ သား၊ သမီး၊ မတော်စပ်ခဲ့ဘူးသော ပုဂ္ဂိုလ်ကို ငါဘုရား၏ ဥာဏ်တော်ဖြင့် ရှာဖွေ၍ မရခဲ့ပေ။ ( နိဒါန၊ ၀ဂ္ဂသံယုတ်ပါဠိ၊ အနမတဂ္ဂသုတ် ) မိမိတို့ရဲ့ ဘ၀သံသရာခရီးဟာ အဆုံးအစမရှိတာဖြစ်လို့ အလွန်ရှည်ခဲ့လှစွာဖြင့် ပုံစံမျိုးစုံနဲ့ ကျင်လည်ခဲ့ကြရပါသည်။ ဘ၀သံသရာဆိုတာ ခန္ဓာအစဉ်ကိုပဲဆိုလိုပါသည်။ ဒီလောက်ရှည်လျားတဲ့ သံသရာအတွင်း အလွန်များလှတဲ့ အနန္တသတ္တ၀ါတွေနဲ့ မိမိတို့တစ်တွေအားလုံး ဆွေမျိုးတော်စပ်ခဲ့ဖူးကြပါသည်။ ဆွေမျိုးမတော်ဖူးဘူးသူ တစ်ဦး တစ်ယောက်မျှပင် မရှိပေ။ ထို့ကြောင် အားလုံးသည် မိဟောင်း၊ ဖဟောင်း ဆွေမျိုးတွေချည်းပါပဲလို့ မြတ်စွာဘုရားရှင် ဟောကြားခဲ့ပါသည်။
|
|
Read more...
|
|
ဓမ္မစာပေများ -
ဓမ္မဆောင်းပါးများ
|
|
ဒါနဆိုသည့် အဓိပ္ပါယ်ကို မဖော်ညွှန်းမှီ တင်ပြလိုသည်မှာ သဗ္ဗညုတဘုရားအဆူဆူနှင့် အဂ္ဂသာဝက၊ မဟာသာဝက စသည့် ပုဂ္ဂိုလ်ထူး၊ ပုဂ္ဂိုလ်မြတ်တို့သည် မိမိတို့ဆိုင်ရာ ဗောဓိဉာဏ်ကို ဒါနပါရမီဖြင့်ပင် စတင်တော်မူခဲ့ကြသည်။ ဂေါတမမြတ်စွာဘုရားရှင်သည်လည်း ပါရမီခရီးအစ သုမေဓါရှင်ရသေ့ဘ၀တွင်လည်း ဒါနပါရမီဖြင့်စတင်၍ ပါရမီခရီးအဆုံး ဝေသန္တရာမင်းကြီးဘ၀တွင်လည်း ဒါနပါရမီဖြင့်ပင် အဆုံးသတ်ခဲ့သည်။ ထို့ကြောင့် ပါရမီဖြည့်စဉ်ကာလမှာ ဒါနနဲ့ စခဲ့ပြီး ဒါနနဲ့ ဆုံးခဲ့တာကို ထူးခြားစွာ တွေ့ရှိရသည်။ ထိုနေရာတွင် ဘုရားအလောင်းတော်တို့သည် တစ်ဘ၀တွင် ပါရမီတစ်မျိုး တည်းကိုလျှင် ဖြည့်ကျင့်ကြသည်ဟူ၍ မမှတ်ယူစေလို။ အလျဉ်းသင့်သလို ပါရမီများစွာကို ဖြည့်ကျင့်ခဲ့ကြသည်ကို သတိထားသင့်သည်။ ဒါနဆိုသည်မှာ လှူဒါန်းသည်၊ ပေးကမ်းသည်၊ စွန့်ကြဲသည်ဟု အဓိပ္ပါယ်ပေါ်လွင်၏။ အလွယ်ဆုံးပြောလျှင် ပေးခြင်းသည် ဒါန။ ပေးခြင်းလို့ ဆိုသည့်အတွက် ယူခြင်း မပါပါနိုင်ပေ။ ဖက်တွယ်ထားခြင်း၊ ငြိကပ်ထားခြင်း မဖြစ်နိုင်ပေ။ ထိုသို့ဆိုလျှင် မငြိမကပ် မဖက်မတွယ်စွာ ပေးကမ်းရမည်ဖြစ်သည်။ ပစ္စည်းဝတ္ထုသော်လည်းကောင်း၊ လက်ခြေသွေးသား အင်္ဂါသော်လည်းကောင်း၊ ပုဂ္ဂိုလ်သတ္တ၀ါအပေါ်သော်လည်ကောင်း ပေးနိုင်ဖို့ဆိုသည်မှာ ငြိကပ်နေလို့ မဖြစ်နိုင်ပေ။ ငြိကပ်ခြင်းကိုပင် လောဘဟု ခေါ်ဆိုသည်။
|
|
Read more...
|
|
|
ဓမ္မစာပေများ -
ဓမ္မဆောင်းပါးများ
|
|
ဆူးဖြစ်မယ့်အပင် ငယ်ငယ်တည်းက ရှင်းထားတာကောင်းတယ်ဆိုတဲ့ စကားကို ဓမ္မဘေရီဆရာတော်ကြီးဟောတဲ့ အဇာတသတ်အကြောင်းတွေထဲက ကြားဖူးရာကနေစပြီး ဆူးဆိုတာကို ကျွန်တော်သတိပြုမိခဲ့တာပါ။ ငယ်စဉ်တည်းက နွား ကျောင်း၊ ဆိတ်ကျောင်းလာတဲ့ ကျွန်တော့်အတွက် ဆူးဆိုတာ ကိုယ်နဲ့တရင်းတနှီးရှိခဲ့ဖူးပါတယ်။ အန္တရာယ်များတဲ့ ထိုဆူးတွေကို ကျွန်တော်မနှစ်သက်ဘူး။ တစ်ခါတစ်လေလည်း စဉ်းစားမိတယ်….ဒီဆူးတွေကို ဘယ်သူများ လာချွန်ပေးသလဲ ပေါ့။
တကယ်တော့ ဆူးဆိုတာ မွေးတည်းက အချွန်ပါပြီသားပါပဲ။ သူ့ကိုလာထိတဲ့အရာတိုင်း၊ သူနဲ့ထိတွေ့တဲ့အရာတိုင်းကို ပေါက်အောင် သူလုပ်နိုင်စွမ်းရှိပါတယ်။ သူတော်ပါတယ်။ အားနည်းချက်တစ်ခုပဲ ရှိတယ်။ အဲ့ဒါက ပေါက်သွားတဲ့နေရာကို ပြန်ပြီး ဖာထေးမပေးတတ်ဘူး။ အဲ့ဒါဆူးပဲ။ ဒါပေမယ့် အပ်ကတော့ ဒီလိုမဟုတ်ဘူး။ သူ့မှာလည်း ချွန်တာလေး ပါတာပဲ။ သူ့ကိုလာထိတဲ့အရာတိုင်း၊ သူနဲ့ထိတွေ့တဲ့အရာတိုင်းကို ပေါက်အောင်လုပ်နိုင်စွမ်းက သူ့မှာလည်းရှိတယ်။ သို့သော် ပေါက်သွားတာကို ပြန်ဖာပေးတတ်သလို ကွဲသွားတာကိုလဲ ပြန်စေ့ပေးတတ်တာ သူ့အရည်အချင်းပါပဲ။ ဆူးကို လူတွေက တွေ့တာနဲ့ ကောက်ပြီး အမှိုက်ကျင်းထဲချကြတယ်။ တံပျက်လှည်းပြီး လူသူဝေးရာမှာ စွန့်ပစ်ကြတယ်။ အပ်ကျတော့ တယုတယ ဗူးလေးတွေနဲ့ သိမ်းထားတတ်ကြတယ်။
|
|
Read more...
|
|
ဓမ္မစာပေများ -
ဓမ္မဆောင်းပါးများ
|
|
“နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ” လောက၌ “အတုမြင်အတတ်သင်” ဆိုသည့် မြန်မာစကားအတိုင်း အနေနီးရာအလိုက် ပတ်ဝန်းကျင် ၏စရိုက်ကိုကြည့်၍ အတုလိုက်၍ နေတတ်ကြပေသည်။ “တံငါနားနီး တံငါ မုဆိုးနားနီး မုဆိုး” ဖြစ်တတ်သည့်သဘောဖြစ်၏။ လူငယ်တို့က လူကြီးတို့ကိုကြည့်၍ လိုက်တုကြ၏။ တဖန် လူကြီးတို့ကလည်း လူငယ်တို့ကိုကြည့်၍ အတုခိုးနေထိုင်ခြင်းများလည်းရှိကြ၏။ ကြာလာသည့်အခါ အတုကို လိုက်ခြင်းဖြင့် တဖြည်းဖြည်း ကိုယ်ပိုင်နေထိုင်တတ်သည့်သဘောသို့ ဖြစ်လာ၏။ ထို့ကြောင့် လူတို့သည် အနေနီးရာအလိုက် စရိုက်လက္ခဏာများ တူလာတတ်ကြပေသည်။ ယခုခေတ်အနေအထားဖြင့်ကြည့်လျှင် မီဒီယာ၏တိုးတက်မှုအဟုန်ကြောင့် တစ်နိုင်ငံနှင့်တစ်နိုင်ငံ၊ လူမျိုးတစ်စုနှင့်တစ်စုတို့၏ ယဉ်ကျေးမှုများ၊ စရိုက်လက္ခဏာများ၊ အမူအကျင့်များ၊ ၀တ်စားဆင်ယင်မှု စသည်ဖြင့် အတုမြင်အတတ်သင်လာကြပြီး စရိုက်လက္ခဏာများ အချင်းချင်းကူးစက်နေသကဲ့သို့ဖြစ်၏။ ခေတ်ရေစီးကြောင်းအတိုင်း လိုက်ပါ၍ မျောချင်တိုင်း မျောနေကြသူများလည်းရှိ၏။ လိုက်ပါ မျောမသွားဘဲ ကန့်လန့်တိုက်သူများလည်း ရှိကြ၏။ မျောပါ၍လည်း မလိုက်၊ ကန့်လန့်လည်း မတိုက် လျစ်လျူရှုနေသူများလည်း ရှိကြသည်။ နောက်ပြီး ခေတ်ရေစီးကြောင်းအတိုင်း လိုက်သင့်သည်များ ကိုလိုက်၍ မလိုက်သင့်သည်များ ကိုမလိုက်ပါဘဲ နေထိုင်ပြီး သူတစ်ပါးတို့ကို ကယ်တင်နိုင်က ကယ်တင်၊ မကယ်တင်နိုင်က ဥပေက္ခာပွား၍ နေထိုင်ကျင့်ကြံကြသူများလည်း ရှိကြပေသည်။
|
|
Read more...
|
|
|
|
|
<< Start < Prev 1 2 3 4 5 6 7 8 9 10 Next > End >>
|
|
Page 7 of 12 |