|
ဓမ္မစာပေများ -
ဓမ္မဆောင်းပါးများ
|
|
“နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ” ဗုဒ္ဓဘာသာသာသနာတော်ကို သက်ဝင်ယုံကြည်သူအမျိုးသားတို့သည် မြန်မာသင်္ကြန် ရုံးပိတ်ရက်တို့၌ ဒုလ္လဘရဟန်း ၀တ်တတ်ကြ၏။ ကုသိုလ်ကောင်းမှုတို့ ဖြည့်ဆည်းကြပေသည်။ အပျော်အပါး အမော်အကြွားတို့ကိုရှောင်ကြဉ်ကာ “အလွန်ရခဲလှသည့် ရဟန်းအဖြစ်ကို ဖြည့်ကျင့်ဦးမှ တော်ပေမည်”ဟူ၍တွေးကာ ဒုလ္လဘရဟန်းဝတ်တတ်ကြသည်။ ရဟန်း အဖြင့်နှင့် နိဗ္ဗာန်ရောက်ကြောင်း ပါရမီအကျင့်ကောင်း၊ အကျင့်မြတ်တို့ကို ထိုသင်္ကြန်ရုံးပိတ်ရက်၊ ခွင့်ရ သည့်ရက်များ၌ အကျိုးရှိအောင် အသုံးချလိုသည့် စေတနာကောင်းဖြင့် ရဟန်းဝတ်ကြခြင်း ဖြစ်၏။ ဒုလ္လဘရဟန်း- ရခဲလှသည့်ရဟန်းအဖြစ်သည် ဒုလ္လဘငါးပါးတွင် တစ်ခုအပါအ၀င်ဖြစ်ပါ၏။ ဒုလ္လဘငါးပါးတို့မှာ- (၁) ဗုဒ္ဓုပ္ပါဒ ဒုလ္လဘ= ဘုရားပွင့်သောကာလနှင့် ကြုံကြိုက်ခဲခြင်း၊ (၂) မနုဿတဘာဝ ဒုလ္လဘ= လူအဖြစ်ကိုရခဲခြင်း၊ (၃) သဒ္ဓါ သမ္ပတ္တိ ဒုလ္လဘ= သဒ္ဓါတရားနှင့် ပြည့်စုံနိုင်ခဲခြင်း၊၊ (၄) ပဗ္ဗဇ္ဇိတဘာဝ ဒုလ္လဘ= ရဟန်းအဖြစ်၊ ရဟန်းဘ၀ကိုရခဲခြင်း၊ (၅) သဒ္ဓမ္မသ၀နအတိ ဒုလ္လဘ= သူတော်ကောင်းတရား (မှန်ကန်သောတရား)တို့ကို ကြားနာရခြင်းကို အလွန်ရခဲခြင်းတို့ ဖြစ်ကြပေသည်။ ထိုသို့ငါးပါးရှိရာတွင် သာသနာတော်၏ အနှစ်သာရ ဘ၀ဖြစ်သော ရဟန်းအဖြစ်နှင့် အချိန်ကိုကုန်လွန်စေကာ အသုံးချကြသည့်အတွက် လွန်စွာမှ အကျိုးရှိလှပါပေသည်။
|
|
Read more...
|
|
|
ဓမ္မစာပေများ -
ဓမ္မဆောင်းပါးများ
|
|
ဒါနနဲ့ပါတ်သက်ပြီးပြောရမယ်ဆိုရင် အင်မတန်မှ ကျယ်ပြန့်ပါတယ်။ ဘုရားရှင်ကိုယ်တော်မြတ်ကြီးနှင့် အရိယာပုဂ္ဂိုလ်တွေသိတဲ့ ဒါနရဲ့တန်ဖိုးနဲ့ လူပုဂ္ဂိုလ်တွေသိတဲ့ ဒါနရဲ့တန်ဖိုးဟာ.. အင်မတန်မှ ကွာခြားပါတယ်။ သီလ၊ သမာဓိ၊ ပညာတွေ ကွာခြားလေလေ.. လုပ်ဆောင်ပြုမူနေတဲ့ ကုသိုလ်အလုပ်တွေရဲ့အပေါ်မှာ ထားရှိတဲ့ မြင့်မြတ်တဲ့စိတ်ထားတွေ.. တန်ဖိုးထားသိမြင်ပုံတွေဟာလည်း ကွာခြားသွားမှာပါ။ ဒီလိုပါပဲ.. ငယ်ငယ်တုန်းက သိခဲ့တဲ့ဒါနတန်ဖိုးနဲ့.. အသက်အရွယ်ကြီးရင့်လာတဲ့အခါမှာ ဘုရားရှင်ရဲ့အဆုံးမတွေ လေ့လာမိသလောက် သိရှိရတဲ့ တန်ဖိုးဟာလည်း ကွာခြားသွားမှာပါပဲ။ ငယ်စဉ်အခါတုန်းကတော့ ဒါနရဲ့အဓိပ္ပါယ်ဆိုတာ.. သူများကိုပေးကမ်းတာလောက်ပဲ ထင်မိခဲ့တယ်။ သူ့ကိုကျွေးတယ် ပေးတယ်ဆိုရင် ဒါနပေါ့။ ငါဒီလိုကျွေးလိုက်လို့ သူလည်း ငါ့ကိုတစ်လှည့်ပြန်ကျွေးဖို့ဆိုပြီး စိတ်ထဲမှာ မှတ်ယူထားတယ်ပေါ့။ ငါ့တုန်းကကျွေးရတယ်.. သူ့အလှည့်ကျတော့ ငါ့ကိုမကျွေးတော့ဘူး.. နောက်တစ်ခါကျရင် သူ့ကိုဘာမှ မကျွေးတော့ဘူးဆိုတဲ့ စိတ်မျိုးတွေရှိခဲ့ပါတယ်။ အော်.. ခုအချိန်ခါပြန်တွေးကြည့်တော့ ဒါဟာ အကျိုးမျှော်တဲ့ဒါနပဲ.. နိဗ္ဗာန်ကို မရောက်နိုင်ပါလား.. ဘုရားရှင် သာဓုမခေါ်ပါလားဆိုပြီး အဓိပ္ပါယ် ပေါက်လာမိပါတယ်။
|
|
Read more...
|
|
ဓမ္မစာပေများ -
ဓမ္မဆောင်းပါးများ
|
“နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ”
“ငါ”ဆိုသည်မှာ အခေါ် ပညတ်မျှသာဖြစ်၍ တကယ့်အရှိတရားမှာ ခန္ဓာငါးပါး- ဒုက္ခသစ္စာတရား တို့သာလျှင်ဖြစ်၏။ ထိုဒုက္ခသစ္စာ ခန္ဓာငါးပါးတို့မှာ- ဖောက်ပြန်ပျက်စီးခြင်းသဘော (ရူပက္ခန္ဓာ)၊ ခံစားတတ်ခြင်းသဘော (ဝေဒနာက္ခန္ဓာ)၊ မှတ်သားတတ်ခြင်းသဘော (သညာက္ခန္ဓာ)၊ ကြံစည် တွေးတောတတ်ခြင်းသဘော (သင်္ခါရက္ခန္ဓာ)၊ သိတတ်ခြင်းသဘော (၀ိညာဏက္ခန္ဓာ) ဟူ၍ဖြစ် ၏။ ထို ခန္ဓာငါးပါးတို့သည်သာလျှင် ပရမတ္ထသဘော တကယ့်အရှိတရားတို့ ဖြစ်ကြပေသည်။
ထိုခန္ဓာငါးပါးတို့၏ သဘောတရားများသည် မည်သူ့အလိုသို့မျှမလိုက်၊ သူ့သဘော၊ သူ့အလုပ်၊ သူ့ဘာသူလုပ်နေခြင်းသာလျှင်ဖြစ်၏။ ထိုသို့ သူ့သဘောသူဆောင်နေသော ဖြစ်ခြင်းပျက်ခြင်း သဘောတို့ကို သတိပညာ ကင်းကွာသည့်အခါ ထိုတရားတို့အပေါ်၌ “ငါ”ဟူ၍ အယူမှား ခြင်း“ဒိဋ္ဌိ” ၊ တပ်မက်ခြင်း “တဏှာ” ၊ ထောင်လွှားခြင်း “မာန”တို့ ဖြစ်ကြ၏။ “မြင်တဲ့အခါ ငါမြင်တယ်၊ ကြားတဲ့အခါ ငါကြားတယ်၊ နံတဲ့အခါ ငါနံတယ်၊ စားတဲ့အခါ ငါစားတယ်၊ ထိတဲ့ အခါ ငါထိတယ်၊ သိတဲ့အခါ ငါသိတယ်” စသဖြင့် “ငါ” ဟူ၍သာ “ဒိဋ္ဌိ” ဖြင့်မြင်၏။
|
|
Read more...
|
|
|
ဓမ္မစာပေများ -
ဓမ္မဆောင်းပါးများ
|
|
ကျွန်တော်တို့ ထေရ၀ါဒဗုဒ္ဓဘာသာလူငယ်များအသင်းအနေဖြင့် ဒီဇင်ဘာလကောက်ခံရရှိငွေများမှ (၂၁)ကြိမ်မြောက်အဖြစ် လှူဒါန်းခဲ့သောနေရာများမှာ အောက်ပါအတိုင်းဖြစ်ပါ သည်။ ၁။ အနောက်မင်းသန်းကျေးရွာ မင်းသန်းအုပ်စု၊ မြိတ်အရှေ့မြို့၊ တနသာင်္ရီတိုင်း။ ထိုနေရာရှိ မူလတန်းကျောင်းတွင် အမိုး၊ အခင်းများရှိသော်လည်း အကာများ ပျက်ဆီးနေသောကြောင့် ပြင်ဆင်နိုင်ရန်အတွက် အလှူငွေ ၈၀၀၀၀၀ (၈-သိန်း)ကျပ်ကို မတူးတူးဝေ၊ မှတ်ပုံတင်အမှတ်- ၆/(မအရ)နိုင် ၁၀၁၅၄၆၊ အင်္ဂမော်ရွာ၊ မြိတ်မြို့၊ ဖုန်း ၉၈၇၆၃၀၁၇ ထံသို့ ပေးပို့လှူဒါန်းခဲ့ပါသည်။ ယခုအချိန်တွင် ထိုမူလတန်းကျောင်းမှာ ပြင်ဆင်ဆောက်လုပ်ပြီးဆီးသွားပြီ ဖြစ်ပါသည်။ မှတ်တမ်းဓါတ်ပုံများကို ဤနေရာတွင် သွားရောက်ကြည့်ရှု၍ သာဓုခေါ်ဆိုနိုင်ပါသည်။ ၂။ ကျောက်ပန်းတောင်းမြို့နယ်၊ ပွေးကျစ် အ.ထ.က(ခွဲ)နှင့် ကျောက်ပန်းတောင်းမြို့နယ်၊ ပွေးကျစ်တိုက်နယ်ဆေးရုံ အတွက်လိုအပ်လျက်ရှိတဲ့ ဘီရိုနှင့် စားပွဲ လှူဒါန်းရန်အတွက် အလှူငွေ ၄၀၀၀၀၀ (၄-သိန်း)ကျပ်ကို ဦးချွန်၊ ၉/ကပတ(နိုင်) ၀၁၅၇၈၁၊ ကျောက်ပန်တောင်း၊ ရိုးမဘဏ်၊ ဖုန်း- ၀၉၆- ၅၀၀၇၉၅ ထံသို့ ပေးပို့လှူဒါန်းခဲ့ပါသည်။ ယခုအချိန်တွင် မှတ်တမ်းဓါတ်ပုံများ မရရှိသေးသောကြောင့် ရရှိသောအချိန်တွင် ဆက်လက်ဖြော်ပပေးသွားပါမည်။
|
|
Read more...
|
|
ဓမ္မစာပေများ -
ဓမ္မဆောင်းပါးများ
|
|
ရရှိထားသော ဘ၀မှန်သမျှသည် ဒုက္ခသစ္စာဖြစ်၏။ လူ့ဘ၀၊ နတ်ဘ၀၊ ဗြဟ္မာဘ၀၊ မည်သည့် ဘ၀မဆို ခန္ဓာမှန်သမျှ ရရှိထားသောအကျိုးခန္ဓာ ဒုက္ခသစ္စာတို့သည်သာဖြစ်၏။ လုပ်သမျှ၊ ပြောသမျှ၊ ဆောင်ရွက်သမျှ၊ အလိုရှိသမျှ အောင်မြင်သည့်အခါ ငါ့ဘ၀ အရတော်လေစွဖြင့် ကိုယ့်ကိုယ်ကိုမာန်ဝင့် အလွန်ပင်တင့်တယ်လိုက်တဲ့ ငါပါလားဟူ၍ ဒိဋ္ဌတဏှာတို့ဖြင့် သာယာ တတ်ကြ၏။ ထိုအခါ ကြွားတတ်ကြ၊ ၀ါတတ်ကြ၊ စောင်းမြောင်းတတ်ကြ၊ ရှုံ့ချတတ်ကြဖြင့် သူတစ်ပါးတို့ကို အထင်သေးတတ်သည့်အပြင် ကိုယ့်ကိုယ်ကိုလည်း အထင်ကြီးတတ်ကြ သည်။ “ရဟန္တာ မဟုတ်သေးသမျှ ဘာမျှမဟုတ်သေးပါလား”ဟူ၍ မြဲစွာသတိ ခိုင်ခိုင်ရှိနေဘို့ လိုအပ်ပါသည်။ တစ်နည်းဆိုလျှင် “ကိလေသာ မကုန်သေးသမျှ ငါချမ်းသာလိုက်တာဟူ၍ ဘယ် သောအခါမျှ မအောင်းမေ့လေနှင့်။” ရဟန္တာ ဖြစ်သည့်အခါတွင် ငါဟူသောဒိဋ္ဌိလည်းမရှိ၊ ငါလုပ်နိုင်တယ်ဟူသော မာနလည်းမရှိ သောကြောင့် ၀ါကြွားမှုလည်းကင်း၊ စောင်းမြောင်းမှုလည်းကင်းပြီး အရဟတ်ဉာဏ် မဂ်ဖိုလ် အလင်းဖြင့် အလွန်ပင် ငြိမ်းချမ်းဘိ၏။ ထိုသို့ ငြိမ်းချမ်းလှသည်ကိုပင် ခန္ဓာကိုယ် ရုပ်အကြွင်းက အလွန်ပင် ၀န်လေးလှသည့် စက်ဆုပ်ရွံရှာဖွယ်ကြီးအဖြစ် ထင်တော့၏။ ပုထုဇဉ်တို့မှာကား မစင်ရုပ်ခန္ဓာကိုယ်ပင် ကိုယ့်အသွင် အလွန်ဆန်းသည်ဟူ၍ မာန်ဝင့်ကာ ဟန်ပန်လုပ်ကြသည်။ သေမင်းအား ခန္ဓာမထိုးခင်တော့ အသုံးဝင် ပြုံးရွှင်ရွှင်နေကြရလည်း မရဏမင်းက ကျောခင်း ခိုင်းချိန်မှာတော့ လုပ်ခဲ့သမျှ နောင်တရ၍ ဖွဲပြာရုပ်အသွင် ရှင်းရှင်းမြင်ပြီး မည်သို့မျှ အသုံးမကျ တော့ကြောင်း အသိနောက်ကျသည့် ပုထုဇဉ်များမှာ အရဟတ်ဉာဏ် မလင်းနိုင်သမျှ ခန္ဓာ ဇာတ် အတောမသတ်နိုင်ဘဲ အထပ်ထပ် ဒုက္ခပင်လယ်ဝေရတော့သည်။
|
|
Read more...
|
|
|
|
|
<< Start < Prev 1 2 3 4 5 6 7 8 9 10 Next > End >>
|
|
Page 6 of 12 |