|
ဓမ္မစာပေများ -
ဓမ္မဆောင်းပါးများ
|
|
ဗုဒ္ဓဘာသာဝင်များရဲ့ ပွဲတော်များအနက် ၀ိသာခါပွဲတော်ဟာ အထွတ်ဆုံး၊ အမြတ်ဆုံးဖြစ်ပါတယ်။ ၀ိသာခါဆိုတာ အိန္ဒိယရဲ့လ၊ တစ်နည်းအားဖြင့် မေလ၊ မြန်မာလိုလအနေဖြင့် ကဆုန်လဖြစ်ပါတယ်။ ကဆုန်လပြည့်နေမှာပဲ မြတ်စွာဘုရားရှင်ဟာ ဖွားမြင်တော်မူ၊ သဗ္ဗညုတရွှေဥာဏ်တော်ရပြီး ဘုရားအဖြစ်ရောက်တော်မူ၊ ပရိနိဗ္ဗာန်စံဝင်တော် မူခဲ့တာဖြစ်ပါတယ်။ မြတ်စွာဘုရားရှင်ရဲ့ ကိုယ်ကျိုးမငဲ့၊ အများအကျိုးကို ထမ်းရွက်ခဲ့တဲ့ဘ၀ဟာ အလွန်တရာ မှတ်သားထိုက်ပါတယ်။ ခရစ်တော်မပေါ်မီ (၆၂၃) ၀ိသာခါ(ကဆုန်လ)ရဲ့ လပြည့်နေ့မှာ လုမ္ဗနီအင်ကြင်းတောမှာ ဖွားမြင်တော်မူခဲ့ပါတယ်။ ခမည်းတော်ဖြစ်သူဟာ ကပိလ၀တ်ပြည်ရဲ့ ဘုရင်သုဒ္ဓေါဓနမင်းကြီးဖြစ်ပြီး မယ်တော်ကတော့ မိဖုရားခေါင်ကြီး မယ်တော်မာယာ ဖြစ်ပါတယ်။ မြတ်စွာဘုရားအလောင်းတော်ဖွားမြင်တော်မူချိန်မှာ အတိတ်ကြီး နိမိတ်ကြီးဖြစ်ပေါ်လာပြီး မျက်မမြင်များ အလင်းရခြင်း၊ နားပင်းသူများ အသံကြားရခြင်း၊ ဆွံ့အသူများ စကားပြောနိုင်ခြင်း၊ ကွေးကောက်သူများ ပြန်ကောင်းခြင်း၊ ခြေမသန်သူများသန်မာစွာလျှောက်လမ်းနိုင်ခြင်း စသည်တို့ဖြစ်ပေါ်ခဲ့ပါတယ်။
|
|
Read more...
|
|
|
ဓမ္မစာပေများ -
ဓမ္မဆောင်းပါးများ
|
|
လွန်လေပြီးသော နှစ်ပေါင်း ၂၅၀၀ ကျော်၊ ဂေါတမဗုဒ္ဓမြတ်စွာဘုရားရှင် လက်ထက်တော်အခါက ၀ိသာခါဆိုသည့် ပုဗ္ဗာရုံ ကျောင်းအမကြီးအကြောင်းကို ဗုဒ္ဓဘာသာဝင်တိုင်း သိကြပြီးဖြစ်သည်။ ပုဗ္ဗာရုံ ကျောင်းအမကြီး၏ စွမ်းဆောင်ချက်များ၊ အလှတရားများစွာထဲမှ အစိတ်အပိုင်းတစ်ခုကို ဖော်ပြချင်ပါသည်။ မိဂါရမာတာဆိုသော ဘွဲ့အမည်ပင်ဖြစ်ပါ၏။ ဒီဘွဲ့လေးကို မည်သို့ရရှိခဲ့တယ်ဆိုသည်မှာ စိတ်ဝင်စားဖွယ်ကောင်းသလို မှတ်သားဖွယ်လည်းကောင်းပါသည်။ အဖိုးအနဂ္ဃထိုက်တန်သော မဟာလတာ ၀တ်စုံတန်ဆာကြီး ပြီးစီးသည့် တန်ဆောင်မုန်းလပြည့်နေ့၊ ထိုနေ့သည် ၀ိသာခါ သတို့သမီးလောင်း၏ ယောင်နောက်ဆံထုံးပါဆိုသလို လင်သားအိမ်သို့ လိုက်ရမည့်နေ့ဖြစ်၏။ ဖခင်ဓနဉ္စယ သူဋ္ဌေးကြီး သည် သမီးအား သြ၀ါဒအမှာစကား (၁၀)ချက် ပေးလေ၏။ (၁) အိမ်တွင်းကမီးကို အပြင်သို့ မထုတ်ဆောင်ရ။ (၂) အပြင် ပကမီးကို မိမိအိမ်တွင်းသို့ မသွင်းဆောင်ရ။ (၃) ပြန်ပေးသော သူတို့အားသာ ပေးရမည်။ (၄) ပြန်မပေးသောသူတို့အား မပေးရ။ (၅) ပေးသော်လည်းကောင်း၊ မပေးသော်လည်းကောင်း ပေးရမည်။ (၆) ချမ်းသာစွာ နေထိုင်ရမည်။ (၇) ချမ်း သာစွာ အိပ်ရမည်။ (၈) ချမ်းသာစွာ စားရမည်။ (၉) မီးကို ရိုသေစွာ ပြုစုလုပ်ကျွေးရမည်။ (၁၀) အိမ်တွင်းနတ်တို့ကို ရှိခိုးရ မည်ဟူ၍ ဖြစ်၏။
|
|
Read more...
|
|
ဓမ္မစာပေများ -
ဓမ္မဆောင်းပါးများ
|
|
လူ့ဘ၀ဆိုတာ ကောင်းမူကုသိုလ်ကြောင့်ဖြစ်လာရတာမို့ 'ကုသိုလ်နဲ့လူ" "လူနဲ့ကုသိုလ်"ဆိုတာ ခွဲခွါလို့မရကောင်းပါဘူး။ တစ်ကယ်လို့ လူဟာ ကုသိုလ်နဲ့ကင်းကွာသွားပြီဆိုရင် လူ့ဘ၀လမ်းကြောင်းကနေ တိမ်းစောင်းပြုတ်ကျသွားမှာပါပဲ။ ကုသိုလ်ကောင်းမူဟာ လူ့ဘ၀ရဲ့"ရေသောက်မြစ်" ဖြစ်သလို လူချမ်းသာရဲ့"အညွန့်အတက်"လဲဖြစ်ပါတယ်။ ကုသိုလ်ကောင်းမူမရှိတော့ရင် လူဟာလူညွန့် တုံးသလို လူဖြစ်လဲရှုံးတတ်ပါတယ်။ တစ်ကယ်တော့ လူဆိုတာ ကုသိုလ်အညွန့်တလူလူနဲ့ လွှင့်ထူနိုင်မှ "လူ"ရယ်လို့ပီပီ သသခေါ်ဆိုနိုင်တာပါ။ လူသားတွေအားလုံးဟာ နေ့စဉ်အလုပ်တွေလုပ်ပြီး ပစ္စည်းဥစ္စာတွေကို တစ်ထုတ်ပြီးတစ်ထုတ်ရအောင် စုဆောင်းကြပါတယ်။ မိမိမှာပိုင်ဆိုင်တာထက် တစ်နေ့ထက်တစ်နေ့ တိုးပွားအောင် ဆောင်ရွက်ကြပါတယ်။ ထိုသို့ဆောင်ရွက်ရာတွင် မိမိ၏ပိုင်ဆိုင်သော ပစ္စည်းများအား အမြဲပိုင်ဆိုင်ထားနိုင်သည်ဟု မဆိုနိုင်ပေ။ အဘယ်ကြောင့်ဆိုသော် မိမိတွင်ရှိသောပစ္စည်းဥစ္စာများသည် ရန်သူမျိုး ငါးပါးနှင့် ဆက်စပ်နေ၍ပင်ဖြစ်ပေသည်။ ထိုသို့ရန်သူမျိုးငါးပါး နှင့်ဆက်စပ်နေသော ပစ္စည်းဥစ္စာများအားအသုံးချ၍ ဘ၀သံသရာ ခရီးအတွက် အနှစ်ထုတ်ယူရန်အလို့ငှာ ဒါနဟူသော ပေးကမ်းစွန့်ကြဲခြင်းအမူကိုပြုကြပေသည်။
|
|
Read more...
|
|
|
ဓမ္မစာပေများ -
ဓမ္မဆောင်းပါးများ
|
|
“နက္ခတ္တံ ပဋိမာနေန္တံ၊ အတ္ထော ဗာလံ ဥပစ္စဂါ။ အတ္ထော အတ္ထဿ နက္ခတ္တံ၊ ကိံ ကရိဿန္တိ တာရကာတိ။” နက္ခတ်ကောင်းကို စောင့်မျှော်နေသော လူမိုက်ကို ကောင်းကျိုးချမ်းသာများက လွန်မြောက်သွားကြသည်။ ကောင်းသောအလုပ်ကို စလုပ်သောနေ့သည်ပင် ကောင်းသော နက္ခတ်ဖြစ်၏။ ကောင်းကင်မှာ သွားနေသော နက္ခတ်များသည် အဘယ်အကျိုးစီးပွားမှ ပြီးမြောက်အောင် ဆောင်ရွက်ပေးနိုင်မည် မဟုတ်။ (ဧကနိပါတ်၊ နက္ခတ္တဇာတက၊ န၀မဇာတက (၁)၊ စာမျက်နှာ(၁၂) )။ ကျွန်တော်တို့တွေသည် ဘာသာတရားအရပြောရရင် ဗုဒ္ဓဘာသာဝင်တွေ ဖြစ်ကြပါတယ်။ ဗုဒ္ဓဘာသာဝင်ဆိုတာ မြတ်ဗုဒ္ဓ၏ အဆုံးအမတွေကို လိုက်နာကျင့်ကြံတဲ့သူလို့ အရိုးရှင်းဆုံး ပြောလို့ရပါတယ်။ ဗုဒ္ဓဘာသာဝင်တစ်ယောက်သည် အခြေခံအားဖြင့် ကံနှင့် ကံ၏ အကျိုးကို ယုံကြည်ရပါမယ်။ အဲဒီလို ယုံကြည်လိုက်တာကို ကမ္မဿကတသမ္မာဒိဋ္ဌိဉာဏ် ရှိတယ် လို့ ဆိုပါတယ်။
|
|
Read more...
|
|
ဓမ္မစာပေများ -
ဓမ္မဆောင်းပါးများ
|
|
ဘုရားရှင်တော်၊ မပွင့်ပေါ်က၊ သူတော်အများ၊ စိတ်ကောင်းထားလည်း၊ ဤကားကုသိုလ်၊ အကုသိုလ်နှင့် ထိုထိုဘုံဘ၀၊ မသိရ၊ များလှအပြစ်တွေ။ ဘုရားရှင်တော်၊ ပွင့်ထွန်းပေါ်၍၊ ထုတ်ဖော်မြွက်ကြား၊ မြတ်တရားကြောင့်၊ ဤကားကုသိုလ်၊ အကုသိုလ်နှင့်၊ ထိုထိုဘုံဘ၀၊ သိကြရ၊ များလှအကျိုးတွေ ဆိုပြီး တောင်မြို့မဟာဂန္ဓာရုံဆရာတော်ဘုရားကြီး အရှင်ဇနကာ ဘိဝံသ ရေးသားဆုံးမထားသောကဗျာလေးကို ဗုဒ္ဓဘာသာဝင်တိုင်း သိရှိပေသည်။ ဆရာတော်ဘုရားကြီးသည် ဘုရားရှင်၏ ဂုဏ်ကျေးဇူး ဘယ်လောက်ကြီးမားလဲဆိုတာကို ဖော်ကျူးရေးသားဆုံးမအပ်သော ကဗျာလေးလဲ ဖြစ်ပေသည်။ အကယ်၍ မြတ်စွာဘုရားရှင်မပွင့်ပေါ်ခဲ့ပါက မိမိတို့တွင် စိတ်ကောင်း စိတ်ထားများ ရှိနေငြားသော်လည်း ဤကား ကုသိုလ်၊ ဤကားအကုသိုလ်ဟု လူသားများသိနိုင်ကြမှာ မဟုတ်ပေ။ ထိုထိုဘုံဘ၀တွေ၊ ထိုထိုတရားတွေသိခွင့်ရမှာမဟုတ်ပေ။ ယခုကဲ့သို့ ဘုရားရှင်ကိုယ်တော်မြတ်ကြီး ပွင့်ထွန်းပေါ်ပေါက်လို့သာ၊ မြတ်စွာဘုရားရှင် ဟောကြားထားသော တရားတွေကို နာကြားခွင့်ရလို့သာ ဤကားကုသိုလ်၊ အကုသိုလ်ဟု သိနားလည်ရသောကြောင့် မြတ်စွာဘုရားရှင်၏ကျေးဇူးသည် မိမိတို့ ဗုဒ္ဓဘာသာဝင်တွေ အနေဖြင့် ဗုဒ္ဓဂုဏော အနန္တော ပင်ဖြစ်ပေသည်။ လောက၌ မြတ်စွာဘုရားရှင်ပေါ်ထွန်းလာခြင်းသည် လောကရှိသတ္တ၀ါအားလုံး၏ လောကီ လောကုတ္တရာ အကျိုးစီးပွား၊ ပစ္စပ္ပုန် တမလွန် အကျိုးစီးပွား တိုးတက်ကြီးပွားစေရန် ပဓာန အကြောင်းအရင်းပင်ဖြစ်ပေ၏။ ဤလောကအတွင်းရှိ သတ္တ၀ါအားလုံးသည် ဗုဒ္ဓမြတ်စွာတည်းဟူသော ကလျာဏမိတ္တ မိတ်ဆွေကောင်းကို အမှီပြုကာ သုဂတိဘုံဖြစ်သော လူပြည်သို့လည်းကောင်း၊ နတ်ပြည်သို့လည်းကောင်း၊ ဗြဟ္မပြည်သို့လည်းကောင်း၊ ကိလေသာအပူဝေး၍ ငြိမ်းအေးရာအမှန် သန္တိသုခနိဗ္ဗာန်မြတ်သို့လည်းကောင်း မျက်မှောက် ပြုနိုင်ကြပေသည်။
|
|
Read more...
|
|
|
|
|
<< Start < Prev 1 2 3 4 5 6 7 8 9 10 Next > End >>
|
|
Page 5 of 12 |