Theravada Buddhist Youth Organization
ထေရ၀ါဒဗုဒ္ဓဘာသာလူငယ်များအသင်း
ချီးမြှောက်ခြင်းနှင့် လှူဒါန်းခြင်း (၂၅ ကြိမ်မြောက်လစဉ်အလှူတော်) E-mail
ဓမ္မစာပေများ - ဓမ္မဆောင်းပါးများ

ချီးမြှောက်ခြင်း (သင်္ဂဟ) ဆိုတာ ဘ၀လုံခြုံရေးအတွက် ရင်းနှီးမြုပ်နှံတဲ့ သဘောဖြစ်တယ်။ လှူဒါန်းခြင်း (ဒါန) ဆိုတာ မိမိနဲ့ ပိုင်ဆိုင်တဲ့ ပစ္စည်းကြားမှာ တွယ်တာနေတဲ့ သံယောဇဉ်ကို ဖယ်ရှားတဲ့ သဘောဖြစ်တယ်။

တောင်တွင်ကြီး နတ်မှီတောရ ဆရာတော်ကြီး

မိမိပိုင်ဆိုင်တဲ့ ပစ္စည်း ဥစ္စာကို သူတစ်ပါးအတွက် ပေးကမ်းတာနဲ့ ပတ်သတ်လို့ မင်္ဂလာတရားတော်မှာ သင်္ဂဟနဲ့ ဒါနဆိုပြီး နှစ်မျိုး ပါရှိတယ်။ ဒီနှစ်မျိုးထဲမှာ သားမယားတို့ကို  ပေးကမ်းတာ၊ ဆွေမျိုးတို့ကို ပေးကမ်းထောက်ပံ့တာကို သင်္ဂဟ လို့သုံး ပါတယ်။ အလှူခံ ပုဂ္ဂိုလ်တို့ကို ပေးကမ်းတာကိုတော့ ဒါန လို့ သုံးပါတယ်။

သင်္ဂဟရဲ့ သဘောက မိမိက သားမယား ဆွေမျိုးတို့ကို ပေးကမ်းတဲ့ အတွက် လောလောဆယ်မှာ လက်ခံရယူလိုသူတို့ရဲ့ ဘ၀ကို လုံခြုံပြည့်စုံစေတယ်။ ရယူသူတို့ရဲ့ ကျေးဇူးသိမှု၊ ကျေးဇူးတုန့်ပြန်မှုတို့ကြောင့် ပေးကမ်းသူရဲ့ ဘ၀ကိုလည်း လုံခြုံပြည့်စုံစေပါတယ်။ ပေးသူ ယူသူ နှစ်ဦး နှစ်ဖက်တို့ရဲ့ ဘ၀လုံခြုံမှုကို ပေးစွမ်းနိုင်တဲ့ အတွက် မင်္ဂလာဖြစ်ပါတယ်။

Read more...
 
သုခတို့၏အရင်းအမြစ် (၂၄ ကြိမ်မြောက်လစဉ်အလှူတော်) E-mail
ဓမ္မစာပေများ - ဓမ္မဆောင်းပါးများ

တစ်ယာကွမ်းဆေး၊ ရေးအေးတစ်ခွက်၊ ဆီတစ်စက်နှင့် လ္ဘက်တစ်ရိုး၊ ကြံတစ်ချိုးမျှ၊ မြတ်နိုးကြည်ဖြူ၊ ဒါနဟူသည်၊ အလှူကောင်းမူ၊ ရရာပြုလော့။

မဃဒေ၀လင်္ကာ

ကျွန်တော်တို့ဗုဒ္ဓဘာသာဝင်တွေအနေနှင့် ဒါနတရားကို တတ်နိုင်သလောက်  စေတနာသဒ္ဓါတရား  ထက်သန်စွာဖြင့် ပေးကမ်းစွန့်ကြဲခြင်းအမူကို ပြုကြပေသည်။ ဒါနကို ဘာကြောင့်ပြုရ သလဲ ပြုထိုက်သလဲ ဆိုရင် မြတ်စွာဘုရားရှင်သည် သတ္တ၀ါအားလုံးအတွက် ကြီးပွားချမ်းသာကြောင်းဖြစ်တဲ့ မဂ်လသုတ်တရားတော်မှာ ဒါနနှင့် ပက်သက်၍ ဒါနဉ္စ ဥတ္တမံ မင်္ဂလံ ဟု ဟောထားပေသည်။ ဒါနဉ္စ- သံသရာခရီးလမ်းမပင်ပန်းပဲ ရွှင်လန်းကြည်သာ လျှောက်ဖို့ရန်နှင့် သံသရာလွတ်လမ်းရည်မျှော်မှန်း၍ လှူဒါန်းရခြင်းသည်  ဥတ္တမံ- ချမ်းသာဆောင်တတ် လွန်ထူးမြတ်သည့် မင်္ဂလံ- ကြီးပွားချမ်းသာကြောင်း မင်္ဂလာတရားတော်ဖြစ် ပေသည်။ ထို့ကြောင့် ဒါနပြုရခြင်းသည် ကြီးပွားချမ်းသာခြင်း၏  အကြောင်းဖြစ်သည်မှာ အထင်အရှားရှိပေသည်။ ထိုသို့ကြီးပွားချမ်းသာရာတွင် သံသရာလမ်းတွင်သော်လည်ကောင်း၊ သံသရာဝဋ်ဆင်းရဲမှ ထွက်မြောက်ရာအတွက် ကြီးမားသော အထောက်အပံ့ဖြစ်ပေသည်။

Read more...
 
တစ်ခုပဲလိုတယ် E-mail
ဓမ္မစာပေများ - ဓမ္မဆောင်းပါးများ

 ဖော်ပြပါဓါတ်ပုံလေးတွေကြည့်လိုက်ရင် ဒုက္ခရောက်နေတဲ့လူတွေအတွက် ဘာတွေလိုအပ်နေသလဲဆိုတာကို အားလုံးသိကြမယ် ထင်ပါတယ်။ မြန်မာနိုင်ငံအနှံ့အပြားမှာ ရေဘေးဒုက္ခနဲ့ကြုံတွေ့နေရတဲ့ အခက်ခဲတွေ များစွာဖြစ်နေပါတယ်။ ရေဘေးဒုက္ခတစ်ခုရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေအနေနဲ့ ဖြစ်လာစရာဒုက္ခပေါင်းများစွာ ရှိနေပါတယ်။ ရေရှားပါးတော့ တွေ့ကရာရေသောက်ရ.. တွေ့ကရာရေသောက်တော့ မသန့်ရှင်းမှုတွေကြောင့် ရောဂါအမျိုးမျိုး ဖြစ်လာနိုင်ပါတယ်။ ရောဂါအမျိုးမျိုးဖြစ်လာရင်တော့ နောက်ဆုံးအသက်ပါ ပေးဆပ်သွားရမယ့် အထိပါပဲ။ ရေရှားပါးမှုရဲ့ဆိုးကျိုးတွေဟာ လူတွေရဲ့အသက်ပေါင်းများစွာကို ထိခိုက်ဆုံးရှုံးနစ်နာစေနိုင်သလို… ရောဂါပေါင်းများစွာကိုလည်း ကူးစက်ပြန့်နှံ့စေ နိုင်ပါတယ်။ ဒါ့ကြောင့် ရေရှားပါးဒုက္ခရောက်နေတဲ့သူတွေကို ပေးလှူရတဲ့အလှူဒါနဟာ အသက်ကယ်တဲ့အလှူ အသက်ဆက်တဲ့အလှူလို့ ပြောမယ်ဆိုရင်လည်း မမှားနိုင်ပါဘူး။ မိုးလင်းကနေမိုးချုပ် ရေရရှိဖို့ကို လုံးပန်းနေရတဲ့ ဒုက္ခရောက်သူတွေကို ကိုယ်ချင်းစာတရားလေး ထားမိမယ်ဆိုရင် အသက်ဆက်ပေးတဲ့အလုပ်ကို လူသားတိုင်း နားလည်သဘောပေါက်ပြီးလုပ်နိုင်လိမ့်မယ်လို့ ထင်မိပါတယ်။

Read more...
 
လောကကြီးကလှနေမယ် E-mail
ဓမ္မစာပေများ - ဓမ္မဆောင်းပါးများ
လောကသုံးပါးကို ကုန်စင်အောင်သိမြင်တော်မူသော သုံးလောကထွဋ်ထား သဗ္ဗညုတ ဉာဏပိုင်ရှင် ဘုရားရှင်ကိုယ်တော်မြတ်ကြီးအား တပည့်တော်ရှိခိုးပါ၏။
ဒီကမ္ဘာမှာ ဗုဒ္ဓမှဘာသာမှတစ်ပါး တစ်ခြားသော ဘာသာဝင်အများစုက ဘုရားသခင်က ဒီလောကကြီး ကိုဖန်ဆင်းတော်မူတယ်လို့ ယုံကြည်ကြပါတယ်။ (တစ်ချို့ကဘာ သာမဲ့တွေလည်းရှိတာမို့ ဘာသာဝင်အများစုလို့သုံးလိုက်ရတာပါ။) မိမိ၏ ယုံကြည်ချက်နှင့်ယှဉ်၍ ထိုဘာသာများကို မှား၏မှန်၏ဟု မဆုံးဖြတ်လိုပါ။ သို့သော် ဘ၀င်မကျလှသော အချက်ကလေးတစ်ခုရှိပါတယ်။ အရေးမကြီးဘူး ဆိုပေမယ့် အရေး ပါမယ်လို့ထင်တာလေးပါ။
ဆိုလိုတာက ဘုရားသခင်သာစွမ်းနိုင်မယ်ဆိုရင် လူသားတိုင်းကို ချောချောလှလှလေးတွေဖြစ်အောင်၊ စိတ်ထားဖြူဖြူစင်စင်လေးတွေဖြစ်အောင်၊ မေတ္တာ၊ ကရုဏာ တရားတွေ ထားတတ်အောင်၊ ဖြူစင်တဲ့ စိတ်ထားကလေးတွေနဲ့ လောကကြီးကို လှနေအောင် ဖန်းဆင်းပေးခဲ့စေချင်တာပါပဲ။ ဘာကြောင့်လဲ ဆိုတော့ လူသားတိုင်းဟာ လှပတဲ့ဘ၀တွေကို တည်ဆောက်ချင်ကြလို့ပါပဲ။ တို့ဗုဒ္ဓက ဖန်းဆင်းရှင်မဟုတ် လေတော့ ရအောင်လုပ်ခိုင်းလို့မရနိုင်ဘူး။ ကျွန်တော်ရင်ထဲက လောကကြီးကို လှပအောင်ဖြစ်စေ ချင်တဲ့ စိတ်ထားလေးပါ။
Read more...
 
<< Start < Prev 1 2 3 4 5 6 7 8 9 10 Next > End >>

Page 4 of 12