|
(၁) ဇွန်လကောက်ခံရရှိသော အလှူငွေများမှ (၂၇)ကြိမ်မြောက်အဖြစ် လှူဒါန်းရန်သတ်မှတ်ထားသော အလှူနေရာများသို့ အလှူငွေများအား ပေးပို့လှူဒါန်းပြီးဖြစ်ပါသည်။ လှူဒါန်းမှုများပြီးစီးပါက အလှူမှတ်တမ်းများ၊ မှတ်တမ်းဓါတ်ပုံများနှင့် အလှူငွေရှင်းတမ်းများကို လစဉ်အလှူတော်မှတ်တမ်းများတွင် ဖော်ပြပေးပါမည်။ ယခုအချိန်တွင် အလှူမှတ်တမ်းများ အပြည့်အစုံ မရရှိသေးသည့်အတွက် နောက်ကျမှသာ ဖော်ပြနိုင်မည်ဖြစ်ကြောင်း အသိပေးတောင်းပန်အပ်ပါသည်။ (၂) ဇူလိုင်လကောက်ခံရရှိသော အလှူငွေများမှ (၂၈)ကြိမ်မြောက်အဖြစ် လှုဒါန်းရန်သတ်မှတ်ထားသော အလှူနေရာများသို့ အလှူငွေများအား ပေးပို့လှူဒါန်းပြီးဖြစ်ပါသည်။ လှူဒါန်းမှုများပြီးစီးပါက အလှူမှတ်တမ်းများ၊ မှတ်တမ်းဓါတ်ပုံများနှင့် အလှူငွေရှင်းတမ်းများကို လစဉ်အလှူတော်မှတ်တမ်းများတွင် ဖော်ပြပေးပါမည်။ (၃) သြဂုတ်လကောက်ခံရရှိသော အလှူငွေများမှ (၂၉)ကြိမ်မြောက်အဖြစ် လှူဒါန်းရန်သတ်မှတ်ထားသော အောက်ဖော်ပြပါနေရာများသို့ အလှူငွေများ ပေးပို့လှူဒါန်းထားဆဲဖြစ်ပါသည်။ - (၁) ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ ကုန်းတလဘောင် ရွှေစေတီနားတွင် တည်ရှိသော ဇလွန်သီလရှင်သင် ပညာရေးကျောင်းရှိ သီလရှင် အပါး(၄၀)နှင့် ကျောင်းသား (၃၀၀)ခန့်သည် တစ်နေရာထဲမှာပင် စာသင်ခြင်း၊ အိပ်ခြင်း၊ စားခြင်းများ ပြုလုပ်ကြရကာ ခက်ခဲပင်ပန်းစွာဖြင့် ပညာသင်ကြားနေကြရသဖြင့် ထောက်ပံ့လှူဒါန်းသွားရန်။
- (၂) အပြည်ပြည်ဆိုင်ရာ ထေရ၀ါဒဗုဒ္ဓသာသနာပြုတက္ကသိုလ် [International Theravada Buddhist Missionary University- (ITBMU)]၌ (Buddha Dhamma) တက်နေကြသော မြောက်ဥက္ကလာ၊ ဘုန်းကြီးလမ်း၊ ကမ္ဘာ့ဗုဒ္ဓ၀ိပဿနာဗိမာန်ကျောင်းတွင် သီတင်းသုံးနေထိုင်ကြသည့် စာသင်သားရဟန်းတော် (၂၇)ပါးတို့အား (၁၄)ကြိမ်မြောက် ထောက်ပံ့လှူဒါန်းခဲ့သည့် အလှူမှတ်တမ်းအား ဤနေရာတွင် ဖော်ပြပြီးဖြစ်ပါသည်။
- (၃) အပြည်ပြည်ဆိုင်ရာ ထေရ၀ါဒဗုဒ္ဓသာသနာပြုတက္ကသိုလ် [International Theravada Buddhist Missionary University- (ITBMU)]၌ (Buddha Dhamma) တက်နေကြသော သီလရှင်(၁၂)ပါးအတွက် လိုအပ်လျှက်ရှိသော လှူဖွယ်ပစ္စည်းများအား (၇)ကြိမ်မြောက် ထောက်ပံ့လှူဒါန်းခဲ့သည့် အလှူမှတ်တမ်းဓါတ်ပုံများအား ဤနေရာတွင် ဖော်ပြပြီးဖြစ်ပါသည်။
- (၄) ဆရာမကြီး ဒေါ်သုနန္ဒာ (ဖုန်း ၀၉-၈၆၂၈၈၁၁) ဦးစီးသော အာသောကာရာမသီလရှင်စာသင်တိုက် (၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်)ရှိ သီလရှင် အပါး (၃၀)အတွက် လိုအပ်လျှက်ရှိသော လှူဖွယ်ပစ္စည်းများအား (၈)ကြိမ်မြောက် ထောက်ပံ့လှူဒါန်းခဲ့သည့် အလှူမှတ်တမ်းဓါတ်ပုံများအား ဤနေရာတွင် ဖော်ပြပြီးဖြစ်ပါသည်။
(၄) စက်တင်ဘာလကောက်ခံရရှိသော အလှူငွေများမှ (၃၀)ကြိမ်မြောက်အဖြစ် လှူဒါန်းရန်သတ်မှတ်ထားသော အလှူနေရာများကို အောက်ပါအတိုင်း သတ်မှတ်ထားပါသည်။ · (၁) စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ မြင်းစီးကျေးရွာ(ရွှေကျောင်းကြီး) သုဝဏ္ဏပါသာဒါရာမတိုက်၊ အမှတ်(၅) ဘုန်းတော်ကြီး သင်ပညာရေးကျောင်းရှိ စာသင်သားကျောင်းသားကျောင်းသူများအတွက် အထွေထွေလိုအပ် လျှက်ရှိနေမှုကို ထောက်ပံ့လှူဒါန်းသွားရန်။ - (၂) အပြည်ပြည်ဆိုင်ရာ ထေရ၀ါဒဗုဒ္ဓသာသနာပြုတက္ကသိုလ် [International Theravada Buddhist Missionary University- (ITBMU)]၌ (Buddha Dhamma) တက်နေကြသော မြောက်ဥက္ကလာ၊ ဘုန်းကြီးလမ်း၊ ကမ္ဘာ့ဗုဒ္ဓ၀ိပဿနာဗိမာန်ကျောင်းတွင် သီတင်းသုံးနေထိုင်ကြသည့် စာသင်သားရဟန်းတော် (၂၇)ပါးတို့အား (၁၅)ကြိမ်မြောက်အဖြစ် ထောက်ပံ့လှူဒါန်းသွားရန်။
- (၃) အပြည်ပြည်ဆိုင်ရာ ထေရ၀ါဒဗုဒ္ဓသာသနာပြုတက္ကသိုလ် [International Theravada Buddhist Missionary University- (ITBMU)]၌ (Buddha Dhamma) တက်နေကြသော သီလရှင်(၁၂)ပါးအတွက် လိုအပ်လျှက်ရှိသော လှူဖွယ်ပစ္စည်းများအား (၈)ကြိမ်မြောက်အဖြစ် ထောက်ပံ့လှူဒါန်းပေးသွားရန်။
- (၄) ဆရာမကြီး ဒေါ်သုနန္ဒာ (ဖုန်း ၀၉-၈၆၂၈၈၁၁) ဦးစီးသော အာသောကာရာမသီလရှင်စာသင်တိုက် (၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်)ရှိ သီလရှင် အပါး (၃၀)အတွက် လိုအပ်လျှက်ရှိသော လှူဖွယ်ပစ္စည်းများအား (၉)ကြိမ်မြောက်အဖြစ် ထောက်ပံ့လှူဒါန်းသွားရန်။
|
|
|
ဓမ္မစာပေများ -
ဓမ္မဆောင်းပါးများ
|
|
လောကကြီးမှာ ဘယ်သူမဆို ချမ်းသာချင်ကြတာပဲ။ သူများဆင်းရဲ ဒုက္ခရောက်မှ ကိုယ်ချမ်းသာရတာမျိုးတော့ မဖြစ်စေနဲ့။ မလုပ်အပ်ဘူး။ သူများဆင်းရဲအောင် မလုပ်ကြနဲ့။ အနစ်နာခံစ ရာ ရှိရင် ကိုယ်သာခံ။ ဒါလူ့သီလပဲ။ အရှင်ဇနကာဘိဝံသ သတ္တ၀ါဆိုတာ ဘ၀ကို စတင်ဖြစ်တည်လာရာမှာ ဘ၀နိကန္တိတ လောဘဇော ဆိုတဲ့ အလိုဆန္ဒနဲ့ စခဲ့ကြတာဖြစ်လို့ ပထမဆုံးတော့ ကိုယ့်အလို ဆန္ဒတွေ ပြည့်ချင်တယ်။ လိုတာတွေ ရဖို့ အလိုကျတာတွေ ဖြစ်လာဖို့ တောင့်တကြတယ်။ ဆန္ဒမပြည့်တာတွေ၊ အလိုကျတာတွေ မဖြစ်လာဘူးဆိုရင် အလိုမကျတဲ့ ဒေါသဆိုတာ ဖြစ်လာကြတယ်။ အဲဒီမှာ ကိုယ့်အလိုကျ မဖြစ်တာဟာ တစ်စုံတယောက်က ဖြစ်စေ၊ တစ်စုံတစ်ရာကဖြစ်စေ အနှောင့်အယှက် အဟန့်အတားဖြစ် တယ်လို့ ယူဆရင် အဲဒီတစ်စုံ တစ်ယောက်ကို နာကျင်အောင်၊ သေကျေအောင်၊ ရိုက်ပုတ် သတ်ဖြတ်ချင်တဲ့ စိတ်ဆိုး စိတ်ရိုင်း အကြံအစည်တွေ ဖြစ်ပေါ်လာပါတယ်။ ကိုယ့်အလို ဆန္ဒကို နှောက်ယှက်ရင်၊ ကိုယ့်အလိုဆန္ဒနဲ့ ဆန့်ကျင်ရင် ရန်သူလို့ သတ်မှတ်ပြီး ခွန်အားတို့၊ လက်နက်တို့နဲ့ အနိုင်ယူပစ်မယ်ဆိုတဲ့ စိတ်ထားဟာ အနိမ့်ဆုံးဖြစ်တဲ့ တိရစ္ဆာန်များမှာလည်း ရှိတာပါပဲ။ အစွယ်ရှိတဲ့ သတ္တ၀ါက အစွယ်အားကိုး၊ ဦးချိုရှိတဲ့ သတ္တ၀ါက ဦးချိုအားကိုနဲ့ ပြဿနာကို ဖြေရှင်းကြတာမျိုးပေါ့။ ဒီလိုကာယခွန်အားနဲ့ ပြဿနာကို ဖြေရှင်းကြတာဟာ တစ်ခဏလောက် ကျေနပ်စရာ ဖြစ်ကောင်းဖြစ်နိုင်ပေမယ့် ရေရှည် ဘေရန်ကင်းကြောင်း မဖြစ်ဘူး။ ဒေါသ ကိလေသာတွေ များသည်ထက်များပြီး ရန်ငြိုးအာဃာတတွေ တိုးစေတယ်။ သံသရာခရီး တစ်လျှောက်မှာလည်း ဒုက္ခတွင်းနက်ပြီး သံသရာ ခရီးရှည်စေတယ်။ ဒါကြောင့် အက္ကောဓေန ဇိနေကောဓံ= အမျက်ဒေါသ ရန်ငြိုး အာဃာတကင်း တဲ့ မေတ္တာစိတ်နဲ့ အမျက်ဒေါသ ရန်ငြိုးအာဃာတကြီးသူကို အောင်နိုင်ရမယ် လို့ ဘုရားရှင်က ဟောတော်မူခဲ့တာပါ။
|
|
Read more...
|
|
(၁) မေလကောက်ခံရရှိသော အလှူငွေများမှ (၂၆)ကြိမ်မြောက်အဖြစ် လှူဒါန်းမှုအစုစုတို့၏ အောင်မြင်စွာ လှူဒါန်းပြီးစီးမှုများကို လစဉ်အလှူတော်မှတ်တမ်းများတွင် လှူဒါန်းမှူမှတ်တမ်းများ၊ မှတ်တမ်းဓါတ်ပုံများနှင့် အလှူငွေရှင်းတမ်းများကို ဖော်ပြပြီးဖြစ်ပါသည်။ (၂) ဇွန်လကောက်ခံရရှိသော အလှူငွေများမှ (၂၇)ကြိမ်မြောက်အဖြစ် လှူဒါန်းရန်သတ်မှတ်ထားသော အလှူနေရာများသို့ အလှူငွေများအား ပေးပို့လှူဒါန်းပြီးဖြစ်ပါသည်။ လှူဒါန်းမှုများပြီးစီးပါက အလှူမှတ်တမ်းများ၊ မှတ်တမ်းဓါတ်ပုံများနှင့် အလှူငွေရှင်းတမ်းများကို လစဉ်အလှူတော်မှတ်တမ်းများတွင် ဖော်ပြပေးပါမည်။ (၃) ဇူလိုင်လကောက်ခံရရှိသော အလှူငွေများမှ (၂၈)ကြိမ်မြောက်အဖြစ် လှုဒါန်းရန်သတ်မှတ်ထားသော အောက်ဖော်ပြပါနေရာများသို့ အလှူငွေများ ပေးပို့လှူဒါန်းထားဆဲဖြစ်ပါသည်။ - (၁) လှာကဒေါင်စံပြကျေးရွာ၊ ဘားအံမြို့နယ်၊ ကရင်ပြည်နယ်ရှိ သုစိတ္တာရာမတောရကျောင်းအတွက် လိုအပ်ရာသုံးစွဲနိုင်ရန်အတွက် ဆရာတော်အရှင်သုစိတ္တ(ကမ္မဋ္ဌာနာစရိယ၊ မဟာစည် သာသနာပြု ဓမ္မကထိက၊ ဖုန်း ၀၉-၈၇၃၀၄၃၉) ထံသို့ ဆက်သွယ်လှူဒါန်းသွားရန်။
- (၂) တွင်းလပ်ကျေးရွာ၊ ချောက်မြို့နယ်၊ မကွေးတိုင်းရှိ အလယ်တန်းကျောင်းအတွက် ကျောင်းသား/ကျောင်းသူများ စာသင်ခုံ အခက်အခဲဖြစ်နေသောကြောင့် စာသင်ခုံများ တည်ဆောက်နိုင်ရန်အတွက် လှူဒါန်းသွားရန်။
- (၃) ပြည်တော်သာရွာ၊ ညောင်မြစ်စွဲအုပ်စု၊ မြန်အောင်မြို့နယ်၊ ဧရာဝတီတိုင်းရှိ မျက်စိဝေဒနာရှင်များအတွက် လိုအပ်လျှက်ရှိသော ဆေးဝါးကုသလမှုများပြုလုပ်ရန်အတွက် ဆေးအလှူတော်အဖြစ် အလှူငွေများ ထောက်ပံ့လှူဒါန်းသွားရန်။
(၄) သြဂုတ်လကောက်ခံရရှိသော အလှူငွေများမှ (၂၉)ကြိမ်မြောက်အဖြစ် လှူဒါန်းရန်သတ်မှတ်ထားသော အလှူနေရာများကို အောက်ပါအတိုင်း သတ်မှတ်ထားပါသည်။ - (၁) ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ ကုန်းတလဘောင် ရွှေစေတီနားတွင် တည်ရှိသော ဇလွန်သီလရှင်သင် ပညာရေးကျောင်းရှိ သီလရှင် အပါး(၄၀)နှင့် ကျောင်းသား (၃၀၀)ခန့်သည် တစ်နေရာထဲမှာပင် စာသင်ခြင်း၊ အိပ်ခြင်း၊ စားခြင်းများ ပြုလုပ်ကြရကာ ခက်ခဲပင်ပန်းစွာဖြင့် ပညာသင်ကြားနေကြရသဖြင့် ထောက်ပံ့လှူဒါန်းသွားရန်။
- (၂) အပြည်ပြည်ဆိုင်ရာ ထေရ၀ါဒဗုဒ္ဓသာသနာပြုတက္ကသိုလ် [International Theravada Buddhist Missionary University- ITBMY)]၌ (Buddha Dhamma) တက်နေကြသော မြောက်ဥက္ကလာ၊ ဘုန်းကြီးလမ်း၊ ကမ္ဘာ့ဗုဒ္ဓ၀ိပဿနာဗိမာန်ကျောင်းတွင် သီတင်းသုံးနေထိုင်ကြသည့် စာသင်သားရဟန်းတော် (၂၇)ပါးတို့အား ထောက်ပံ့လှူဒါန်းသွားရန်။
- (၃) အပြည်ပြည်ဆိုင်ရာ ထေရ၀ါဒဗုဒ္ဓသာသနာပြုတက္ကသိုလ် [International Theravada Buddhist Missionary University- ITBMY)]၌ (Buddha Dhamma) တက်နေကြသော သီလရှင်(၁၂)ပါးအတွက် လိုအပ်လျှက်ရှိသော လှူဖွယ်ပစ္စည်းများအား ထောက်ပံ့လှူဒါန်းပေးသွားရန်။
- (၄) ဆရာမကြီး ဒေါ်သုနန္ဒာ (ဖုန်း ၀၉-၈၆၂၈၈၁၁) ဦးစီးသော အာသောကာရာမသီလရှင်စာသင်တိုက် (၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်)ရှိ သီလရှင် အပါး (၃၀)အတွက် လိုအပ်လျှက်ရှိသော လှူဖွယ်ပစ္စည်းများအား ထောက်ပံ့လှူဒါန်းသွားရန်။
|
|
|
ဓမ္မစာပေများ -
ဓမ္မဆောင်းပါးများ
|
|
“နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ” အခြေခံပညာစာသင်ကျောင်းတိုင်းတွင် ကျောင်းဝန်းအတွင်း၌ ရေးသားထားသည့် “စိတ် ဓာတ်၊ စည်းကမ်း၊ ပညာ”ဟူသော ဆောင်ပုဒ်ကို ငယ်စဉ်အခါကပင် ဖတ်မှတ်ခဲ့ကြရပါသည်။ စာတိုသလောက် အဓိပ္ပါယ်က လေးနက်လှ၏။ ကျယ်ဝန်းနက်ရှိုင်းလှ၏။ အစဉ်အမြဲ အလေးအနက်ထားကာ လိုက်နာကျင့်ကြံသင့်လှ၏။ စိတ်ထားကောင်းလေး ထားရှိရန် အရေးအကြီးဆုံးအဖြစ် ထိပ်ဆုံးက ဖော်ပြထားသည်ပင်။ ဆောင်ရွက်လုပ်ကိုင်သမျှတို့တွင် “စိတ်ကောင်းရှိဖို့ ပထမ”ထားရှိရန် အရေးကြီးပေသည်။ စိတ်ကောင်းလေးရှိပြီဆိုမှ စည်းကမ်းကိုလည်း စနစ်တကျလိုက်နာချင်မည်။ ပညာကိုလည်း ကြိုးစားရှာဖွေချင်မည်။ ဆရာသမားတို့က “စည်းကမ်းနဲ့နေကြ၊ ပညာတွေ ကြိုးစားရှာကြ” ဟူသော ဆုံးမသွန်သင်ပေးမှုကို နာခံလိုက်နာချင်မည်။ ကုသိုလ်တရားတို့လည်း အစဉ်အမြဲ တိုးပွါးမည်ဖြစ်၏။ ကျေးဇူးတော်ရှင် တိပိဋကဓရ ယောဆရာတော်ဘုရားကြီးက ဆုံးမစကား မြွက်ကြားတော်မူဖူးပါသည်။ “ကုသိုလ်ရဖို့ အချိန်ကိုလည်း မတောင်း၊ ငွေကိုလည်း မတောင်း၊ စိတ်ကောင်းကိုသာ တောင်းပါသည်” ဆိုသည့်အတိုင်း ကုသိုလ်တရားတွေ တိုးပွါးရန်အတွက် အချိန်ကိုလည်း စောင့်နေရန် မလို၊ ငွေ လက်ထဲရှိနေရန်လည်း မလိုပါပေ။ မိမိသန္တာန်၌ အမြဲတမ်း စိတ်ကောင်းလေးထားကာ ပြုမူဆက်ဆံနေထိုင် ကျင့်ကြံနေခြင်းဖြင့် အချိန်တိုင်း ကုသိုလ်တွေ တိုးပွါးနေမည်ဖြစ်၏။
|
|
Read more...
|
|
၁) ဧပြီလရရှိငွေများမှ အကြိမ်(၂၅)ကြိမ်မြောက်အဖြစ် လှူဒါန်းမှုအစုစုတို့ကို ချီးမြှောက်ခြင်းနှင့် လှူဒါန်ခြင်း ဆောင်းပါးနှင့်တကွ မှတ်တမ်းဓါတ်ပုံများ ဖော်ပြထားပါသည်။ ၂) မေလကောက်ခံရရှိငွေများမှ အကြိမ်(၂၆)ကြိမ်မြောက်အဖြစ် လှူဒါန်းရန်နေရာများကို လှုဒါန်းနေဆဲဖြစ်ပါသည်။- ဆရာတော် အရှင်ဣန္ဒသာရ၊ ရွှေတောင်ဦးကျောင်းတိုက်၊ ဘ.က(၅)၊ မလိဝမ်းကျေးရွာ၊ ကော့သောင်းမြို့အတွင်းရှိ မိဘမဲ့ကလေးများ ထိန်းသိမ်းရေးသင်တန်းကျောင်းတွင် ထိန်းသိမ်းစောင့်ရှောက်ထားသော မိဘမဲ့ကလေး(၁၂၈)ယောက်အတွက် လိုအပ်လျှက်ရှိသော အထွေထွေလိုအပ်ချက်များအား ထောက်ပံ့လှူဒါန်းပေးသွားရန် အလှုငွေပို့ပေးထားဆဲ ဖြစ်ပါသည်။
- ဆရာတော်ဦးကေလာသ၊ သိမ်ကုန်းကျောင်းတိုက်၊ တပ်မတော်ဆေးတက္ကသိုလ်အတွင်း၊ မင်္ဂလာဒုံ၊ ရန်ကုန်တိုင်းသည် အိန္ဒိယသို့ ပညာတော်သင်သွားရန် ပညာသင်စရိတ် အခက်အခဲ ဖြစ်နေသောကြောင့် ထောက်ပံ့လှူဒါန်းသွားပါမည်။
၃) ဇွန်လကောက်ခံရရှိငွေများမှ အကြိမ်(၂၇ )ကြိမ်မြောက်အဖြစ် လှုဒါန်းရန်နေရာများကို အောက်ပါအတိုင်းသတ်မှတ်ထားပါသည်။ - ရေအခက်အခဲဖြစ်နေကြသော ပဲခူးမြို့နယ်အတွင်းရှိ ရွှေတော၊ ကုန်းကလေး၊ ဇီးကုန်း၊ ချောင်းကုန်း ကျေးရွာများအတွက် ဂါလံ (၈၀၀)ဆန့် ရေကန်အပါအ၀င် ရေတွင်းတစ်တွင်းအား တူးဖော်လှူဒါန်းပေးသွားပါမည်။
- ဒေါ်ခင်မာနန္ဒှ (သဒ္ဓမ္မဇောတိကဓဇ)နှင့် ဒေါ်နန္ဒထေရီ(ဓမ္မာစရိယ)တို့ဦးဆောင်တည်ထောင်ထားသော “ဧရိပ်မွန်” သီလရှင်စာသင်တိုက်နှင့် မိဘမဲ့အမျိုးသမီးကလေးများ စောင့်ရှောက်ရေး သာသနာပြုအဖွဲ့၊ အနှိပ်တော်ရပ်၊ နန်းရှေ့၊ မန္တလေးမြို့သို့ မိဘမဲ့အမျိုးသမီးများနှင့် သီလရှင်များအား ပညာသင်/ ပြုစုကျွေးမွေးစောင့်ရှောက်နိုင်ရန်အတွက် ထောက်ပံ့လှူဒါန်းပေးသွားပါမည်။
|
|
|
|
|
<< Start < Prev 1 2 3 4 5 6 7 8 9 10 Next > End >>
|
|
Page 3 of 12 |