Theravada Buddhist Youth Organization
ထေရ၀ါဒဗုဒ္ဓဘာသာလူငယ်များအသင်း

ဓမ္မမိတ်ဆွေများအား အသိပေး တောင်းပန်ခြင်း E-mail
ဓမ္မရေးရာသတင်းလွှာ - ဓမ္မရေးရာသတင်းလွှာ

လေးစားအပ်ပါသော ဓမ္မမိတ်ဆွေသူတော်ကောင်းအပေါင်းနှင့် ထေရ၀ါဒဗုဒ္ဓဘာသာလူငယ်မောင်မယ်အပေါင်းတို့ခင်ဗျာ...
ကျွန်တော်တို့ ထေရ၀ါဒဗုဒ္ဓဘာသာ လူငယ်များအသင်း အနေဖြင့် (၁၈)ကြိမ်မြောက်အဖြစ် အောက်တိုဘာလတွင် လှူဒါန်းမည့်နေရာများကို အဆင့်ဆင့်ငွေပို့ဆောင်မှုတွင် ရက်ကြန့်ကြာခဲ့သောကြောင့် မှတ်တမ်းနှင့်တကွသော ဖော်ပြနိုင်ခြင်း မရှိခဲ့သည့်အတွက် အနူးညွတ်တောင်းပန်အပ်ပါ သည်။ ထိုအလှူအတွက် လှူဒါန်းမှုများ ယခုအချိန်တွင် စတင်လှူဒါန်းနေပြီ ဖြစ်ပါသည်။ မကြာမီ ရက်အနည်းငယ်တွင် မပျက်မကွက် ဆက်လက်ဖော်ပြမည် ဖြစ်ပါသည်ခင်ဗျာ။

အောက်တိုဘာလတွင် ကျောင်းများအလိုက် ကောက်ခံရရှိသော အလှူငွေများမှာ-

No.
 Name Amount
 1. SMTU 16700 Rubles
 2. MEPhI 12483
 3. MAI 11690
 4. KSTU 9600
 5. BMSTU 7490
 6. MIET 5233
 7. MATI 3300
 8. MISA 3200
 9. MUCTR 2950
 10. MSMU 2700
 11. MSTU 1850
 12. MIPT 1730
 13. MPEI 1140
   TOTAL AMOUNT
 80066 Rubles
Read more...
 
နောက်ဆုံးလှူဒါန်းထားမှုများ E-mail

၁) နိုဝင်ဘာလကောက်ခံရရှိငွေများမှ အကြိမ်(၂၀)ကြိမ်မြောက်အဖြစ် လှူဒါန်းမှုအစုစုတို့ကို ပန်လိုသည့်ပန်းဆောင်းပါးနှင့်တကွ ဖော်ပြထားပါသည်။

၂) ဒီဇင်ဘာလကောက်ခံရရှိငွေများမှ အကြိမ်(၂၁)ကြိမ်မြောက်အဖြစ် လှူဒါန်းမှုအစုစုတို့ကို မြန်မာနိုင်ငံသို့ ပေးပို့လှူဒါန်းထားလျှက် ရှိပါသည်။ ထိုသို့ လှူဒါန်းထားသော နေရာများမှာ-

  • မင်းသန်းကျေးရွာ၊ မြိတ်အရှေ့မြို့၊ တနင်္သာရီတိုင်း။ (မူလတန်းကျောင်းပျက်စီးနေသည့်အတွက် စာသင်ရန်အခက်ခဲ ရှိသောကြောင့် ပျက်စီးနေသော အမိုး၊ အကာနှင့် အခင်းများ အတွက် အလှူငွေ(၈)သိန်း လှူဒါန်းထားပါသည်။
  • ပွေးကျစ်ကျေးရွာ၊ ကျောက်ပန်းတောင်မြို့။ ပွေးကျစ်(အ.ထ.က-ခွဲ) နှင့် တိုက်နယ်ဆေးရုံအတွက် လိုအပ်နေသော ဘီရို နှင့် စားပွဲမျာကို အလှူငွေ(၄)သိန်း လှူဒါန်းထားပါသည်။
  • လက်ပန်အညာရွာ၊ ရမ်းဗြဲမြို့၊ ရခိုင်ပြည်နယ်။ လက်ပန်အညာရွာ လင်းရောင်ခြည်သာသနာ့ရိပ်သာကျောင်းတိုက် ကျောင်းမုခ်ဦးလှူးဒါန်းရန်အတွက် အလှူငွေ(၈)သိန်း လှူဒါန်းထားပါသည်။
  • တတိယအကြိမ် ဆေးအလှူတော်နှင့် တတိယအကြိမ် စာသင်သားသီလရှင်များအားလှူဒါန်းထောက်ပံ့မှု တို့ကိုလည်း လှူဒါန်းလျှက်ရှိပါသည်။

၃) ဇန်န၀ါရီလကောက်ခံရရှိငွေများမှ အကြိမ်(၂၂)ကြိမ်မြောက်အဖြစ် လှူဒါန်းရန် နေရာများကို အောက်ပါအတိုင်း သတ်မှတ်ထားပါသည်။

  • ပိုင်းလော့ဆရာတော်ဘုရားကြီး၏ မိုးညှင်းသိဂီကျောင်းတွင် တရားအားထုတ်ကျင့်ကြံနေကြသော ဂီလာနရဟန်း၊ သီလရှင်များနှင့် ယောဂီများအတွက် လိုအပ်သော ဓါတ်စာ၊ ဆေးဝါးများထောက်ပံ့ခြင်းအတွက်မိုးညှင်းသိဂီဒါနဥပပါရမီအဖွဲ့ဖြစ်မြောက်ရေးအဖွဲ့အား ကူညီလှူဒါန်းပါမည်။
  • သံလျင်မြို့နယ်၊ ကျိုက်ခေါက်ဘုရားအနီး၊ အောင်စင်္ကြာကျောင်းတိုက် ပျက်ဆီးနေသောကြောင့် ပြင်ဆင်နိုင်ရန်အတွက် လှူဒါန်းပါမည်။

 
ဘ၀ရှင်းအောင် E-mail
ဓမ္မစာပေများ - ဓမ္မဆောင်းပါးများ
                 ရရှိထားသော ဘ၀မှန်သမျှသည် ဒုက္ခသစ္စာဖြစ်၏။ လူ့ဘ၀၊ နတ်ဘ၀၊ ဗြဟ္မာဘ၀၊ မည်သည့် ဘ၀မဆို ခန္ဓာမှန်သမျှ ရရှိထားသောအကျိုးခန္ဓာ ဒုက္ခသစ္စာတို့သည်သာဖြစ်၏။ လုပ်သမျှ၊ ပြောသမျှ၊ ဆောင်ရွက်သမျှ၊ အလိုရှိသမျှ အောင်မြင်သည့်အခါ ငါ့ဘ၀ အရတော်လေစွဖြင့် ကိုယ့်ကိုယ်ကိုမာန်ဝင့် အလွန်ပင်တင့်တယ်လိုက်တဲ့ ငါပါလားဟူ၍ ဒိဋ္ဌတဏှာတို့ဖြင့် သာယာ တတ်ကြ၏။ ထိုအခါ ကြွားတတ်ကြ၊ ၀ါတတ်ကြ၊ စောင်းမြောင်းတတ်ကြ၊ ရှုံ့ချတတ်ကြဖြင့် သူတစ်ပါးတို့ကို အထင်သေးတတ်သည့်အပြင် ကိုယ့်ကိုယ်ကိုလည်း အထင်ကြီးတတ်ကြ သည်။ “ရဟန္တာ မဟုတ်သေးသမျှ ဘာမျှမဟုတ်သေးပါလား”ဟူ၍ မြဲစွာသတိ ခိုင်ခိုင်ရှိနေဘို့ လိုအပ်ပါသည်။ တစ်နည်းဆိုလျှင် “ကိလေသာ မကုန်သေးသမျှ ငါချမ်းသာလိုက်တာဟူ၍ ဘယ် သောအခါမျှ မအောင်းမေ့လေနှင့်။”
 
            ရဟန္တာ ဖြစ်သည့်အခါတွင် ငါဟူသောဒိဋ္ဌိလည်းမရှိ၊ ငါလုပ်နိုင်တယ်ဟူသော မာနလည်းမရှိ သောကြောင့် ၀ါကြွားမှုလည်းကင်း၊ စောင်းမြောင်းမှုလည်းကင်းပြီး အရဟတ်ဉာဏ် မဂ်ဖိုလ် အလင်းဖြင့် အလွန်ပင် ငြိမ်းချမ်းဘိ၏။ ထိုသို့ ငြိမ်းချမ်းလှသည်ကိုပင် ခန္ဓာကိုယ် ရုပ်အကြွင်းက အလွန်ပင် ၀န်လေးလှသည့် စက်ဆုပ်ရွံရှာဖွယ်ကြီးအဖြစ် ထင်တော့၏။ ပုထုဇဉ်တို့မှာကား မစင်ရုပ်ခန္ဓာကိုယ်ပင် ကိုယ့်အသွင် အလွန်ဆန်းသည်ဟူ၍ မာန်ဝင့်ကာ ဟန်ပန်လုပ်ကြသည်။ သေမင်းအား ခန္ဓာမထိုးခင်တော့ အသုံးဝင် ပြုံးရွှင်ရွှင်နေကြရလည်း မရဏမင်းက ကျောခင်း ခိုင်းချိန်မှာတော့ လုပ်ခဲ့သမျှ နောင်တရ၍ ဖွဲပြာရုပ်အသွင် ရှင်းရှင်းမြင်ပြီး မည်သို့မျှ အသုံးမကျ တော့ကြောင်း အသိနောက်ကျသည့် ပုထုဇဉ်များမှာ အရဟတ်ဉာဏ် မလင်းနိုင်သမျှ ခန္ဓာ ဇာတ် အတောမသတ်နိုင်ဘဲ အထပ်ထပ် ဒုက္ခပင်လယ်ဝေရတော့သည်။
Read more...
 
လှသောပန်းတို့ လန်းပါစေ (တတိယအကြိမ်) E-mail
အလှူမှတ်တမ်းများ - သီလရှင်များအား လစဉ်ထောက်ပံ့မှု

ယနေ့မျက်မှောက်ခေတ်ကာလ မြတ်စွာဘုရားရှင်၏ သာသနာ့နွယ်ဝင်များ ဖြစ်ကြသော သီလရှင်များသည် အမျိုးဂုဏ်၊ အဆင်းဂုဏ်၊ ပစ္စည်းဂုဏ်အားဖြင့် အထက်တန်းကျသော အမျိုးသမီးအများအပြား ပါဝင်ကြသကဲ့သို့ ထိုဂုဏ်အားဖြင့် အဆင့်အတန်း မမြင့်သော်လည်း အကျင့်စာရိတ္တကောင်းမွန်သော အမျိုးသမီးများစွာ ပါဝင်ကြပေသည်။ မြတ်စွာဘုရားရှင်၏ သာသနာ့နွယ်ဝင်များဖြစ်ကြသော သီလရှင်များသည် မြတ်စွာဘုရားရှင်၏ တရားတော်များကို လေ့လာသင်ယူ၍ သာသာနာတော်၏ အဓွန့်ရှည်စွာ တည်တံ့နိုင်ရန် လူဝတ်ကြောင်ဖြစ်သော ဥပါသကာ၊ ဥပါသိကာမများအား  တရားဓမ္မများ ဟောပြောပြသပေးခြင်း၊ ဆန့်ကျင့်ဘက်အယူဝါဒများအား အေးအေးချိုသာစွာ ပယ်ရှားခြင်း၊ ပရိယတ်၊ ပဋိပတ်အားကိုယ်တိုင် ကြိုးစားအားထုတ်ခြင်း၊ ပရဟိတလုပ်ငန်းများဆောင်ရွက်ခြင်း၊  သတ္တ၀ါများ၏ အကျိုးစီးပွားကို ဆောင်ရွက်ခြင်းများကြောင့် မြတ်စွာဘုရားရှင်၏ သာသာနာတော်တွင် အမျိုးသမီးတို့နယ်မှ ခံ့ထည် ၀င့်ကြွားနိုင်ခဲ့ပေသည်။

Read more...
 
ရှင်သန်သူများသို့ (ဒုတိယအကြိမ်) E-mail
အလှူမှတ်တမ်းများ - သီလရှင်များအား လစဉ်ထောက်ပံ့မှု

လယ်တွေ မြေတွေကို ပိုင်ဆိုင်သော သူကို လယ်ပိုင်ရှင် မြေပိုင်ရှင်လို့ ခေါ်ကြတယ်။ ဥစ္စာဓနတွေပိုင်ဆိုင်သူတွေကို ဓနရှင်၊ ခြံပိုင်ဆိုင်သူကို ခြံရှင်၊ အိမ်ပိုင်သူကိုတော့ အိမ်ရှင်စသဖြင့် ခေါ်ဆိုကြပါတယ်။ ထို့အတူ ဘိက္ခုနီသာသနာကွယ်ပြီး နောက်ပိုင်း အမျိုးသမီးများအနေဖြင့် သာသနာကို တတ်အားသရွေ့ အကျိုးပြုနိုင်စေရန် ဥပါသိကာထက်အဆင့်မြင့်သော သီလတရားတို့ကို စောင့်ထိန်းလာကျရာကနေ သီလရှင်ဟု ခေါ်တွင်လေသလားဟု တွေးမိပါတယ်။ သီလတွေ အမြဲရှင်သန် နေလို့လည်း သီလရှင်၊ သီလတရားတွေ ရင်တွင်းမှာ ကိန်းအောင်းအောင် ကြိုးစားကြလို့ သီလရင်၊ သီလတရားတွေနဲ့ ယှဉ်တွဲနေထိုင်ကြလို့ သီလယှဉ်လို့လည်း အသံထွက်ခေါ်ဆိုကြတာ မှတ်သားရပါတယ်။

ဖန်ရည်စွန်းအ၀တ်ကို မြတ်နိုးကြတဲ့ ထေရ၀ါဒနိုင်ငံက ဗုဒ္ဓ၀ါဒီအမျိုးသမီးတွေဟာ သံဃာတော်တွေကို အားကျပြီး အတုယူ ကျင့်သုံးရာကနေ သီလရှင်သာသနာ ထွန်းကာလာတာ ဖြစ်ဖွယ်ရှိပါတယ်။ မြတ်ဗုဒ္ဓလက်ထက်တော်က သီလရှင်ဆိုတာ မရှိပေမယ့် ဘိက္ခုနီဆိုတဲ့ ရဟန်းအမျိုးသမီးများ ရှိကြတယ်ဆိုတာ မှတ်သားခဲ့ဖူးပါတယ်။ သီလရှင်ဟာ ရှစ်ပါးသီလပဲ စောင့်ပေမယ့် ဒီထက်အများကြီး ပိုပြီးနက်ရှိုင်းပါတယ်။ သီလရှင်သမိုင်းကို သိသာထင်ရှားစေတာဟာ ကုန်းဘောင်ခေတ် မင်းတုန်းမင်း တရားကြီးလက်ထက် ဗန်းမော် ဆရာတော်ဘုရားကြီးတို့နှင့်အပြိုင် သီလရှင်မယ်ကင်းလက်ထက်က ထင်ရှားပေါ်လွင် လာတယ်လို့ ဆိုကြပါတယ်။ လက်ရှိ မျက်မှောက်ခေတ်မှာတော့ နိကယ်ငါးရပ်ဆောင်သီလရှင်များ၊ ဓမ္မာစရိယ အောင်မြင် ပြီးသီလရှင်များ၊ ဓမ္မာစရိယမှာပင် တစ်နိုင်ငံလုံး ပထမရရှိ၍ အဂ္ဂမဟာကျော်သီလရှင်များ၊ ပရဟိတလုပ်ငန်းများကို ဦးဆောင်ကြိုးစားသောသီလရှင်များ စသည်ဖြင့် သာသနာ့တာဝန်ကို စွမ်းစွမ်းတမံ ဆောင်ရွက်နေကြတာဟာ သံဃာ တော်အရှင်သူမြတ်များနှင့်အတူ သီလ ရှင်ဆရာလေးများပါ သာသနာ့နွယ်ဝင်အဖြစ် သာသနာကို စောင့်ရှောက်နေ ကြပြီ ဖြစ်ပါတယ်။

Read more...
 
<< Start < Prev 1 2 3 4 5 6 7 Next > End >>

Page 1 of 7