Theravada Buddhist Youth Organization
အလှူကြော်ငြာကဏ္ဍ
နှိုးဆော်တိုက်တွန်းလွှာ E-mail
အလှူကြော်ငြာကဏ္ဍ - အလှူကြော်ငြာကဏ္ဍ
ယခု ဖော်ပြထားသောကျောင်းဆောင်ဓာတ်ပုံများသည် တူးမြောင်းကျေးရွာ၊ ဒေးဒရဲမြို့နယ်၊ ဧရာဝတီ တိုင်းရှိ ဆရာတော် ဦးဉာဏိဿရသီတင်းသုံးနေထိုင်တော်မူသော မင်္ဂလာစေတီကျောင်းတိုက်အတွင်းရှိ သိမ် ကျောင်းဆောင်လေးဖြစ်ပါသည်။ ၎င်းသိမ်ကျောင်းဆောင်လေးသည် အိမ်ခြေငါးဆယ်ခန့်သာရှိသော ထို တူးမြောင်းကျေးရွာလေးရှိ ကလေးများအတွက်မူ စာသင်ကျောင်းဆောင်လေးဖြစ်ပြီး ရွာ၏ဓမ္မာရုံ၊ အလှူပွဲများ လုပ်လျှင်လည်း ယခုကျောင်းဆောင်လေးကိုသာ အဓိကထားကာ အခမ်းအနားနေရာအဖြစ် အသုံးပြုနေကြရသော ကျောင်းဆောင်လေးဖြစ်ပါသည်။

ယခုလက်ရှိပုံမှာ နာဂစ်မုန်တိုင်းဒဏ်ကြောင့် ပျက်စီးသွားသောကြောင့် အမိုးပြန်မိုးထားသောပုံ ဖြစ်ပါသည်။ ဆက်လက်ပြုပြင် တည်ဆောက်ရန်မှာ ဘေး၌ အကာများ၊ အခင်းများတည်ဆောက်ရမှာဖြစ်ပြီး အခြားပျက်ယွင်းနေသောနေရာများကိုလည်း ခိုင်ခန့်အောင် ပြုပြင်တည်ဆောက်သွားရမှာဖြစ်ပါသည်။

တူးမြောင်းကျေးရွာလေးတွင် အိမ်ခြေငါးဆယ်ခန့်သာရှိပြီး ဆင်းရဲနွမ်းပါးသူများသာ များသောရွာငယ် လေးဖြစ်သောကြောင့် ပြုပြင်တည်ဆောက်ရန် အလွန်အခက်အခဲရှိနေကြပါသည်။ ထို့ကြောင့် ထေရ၀ါဒဗုဒ္ဓဘာသာလူငယ်များအသင်းက ထိုနယ်လေးသို့ ဒုတိယအကြိမ်မြောက် ဆေးအလှူတော် သွား ရောက်လှူဒါန်းနေချိန်၌ ဒေါက်တာဇော်ဇော်အောင်ကို ပြောပြကာ အသင်းအနေဖြင့် ပြန်လည်ပြုပြင် တည်ဆောက်ပေးနိုင်က အကူအညီရချင်ကြောင်း ကျောင်းပြန်လည်မွမ်းမံရေး အကျိုးတော်ဆောင် ရွာသား တစ်ဦးက ပြောကြားသောကြောင့် သိခဲ့ရပါသည်။

ယခုမှတ်တမ်းဓာတ်ပုံများကိုလည်း လှူဒါန်းလိုသူများအား ပြသရန်အတွက် ရန်ကုန်အထိ လာရောက်ပို့ ပေးသွားကြပြီး အသင်းဆိုက်တွင်ဖော်ပြကာ ယခုလို ကြော်ငြာပြီးတိုက်တွန်းနှိုးဆော်ရခြင်းဖြစ်ပါသည်။ ယခု ကျောင်းအတွက်လိုအပ်သော အလှူငွေမှာ သိန်းငါးဆယ်ကျော် ကုန်ကျမည်ဖြစ်ပါသည်။ တည်ဆောက်နိုင်ရန် အလှူငွေရရှိလာသည်နှင့် အသင်းသားများကိုယ်တိုင် သွားရောက်ပြုပြင်တည်ဆောက်ပေးကြမှာဖြစ်ပါသည်။ ကျောင်းဆောက်လုပ်နေစဉ် အလှူငွေသုံးစွဲပုံနှင့် မှတ်တမ်းဓာတ်ပုံများကိုလည်း အလှူရှင်များ အပရစေတနာ ဆထက်ဖြစ်ပွါးနေစေရန် အသင်းဆိုက်တွင် ဖော်ပြပေးသွားမှာဖြစ်ပါသည်။

အသင်းကိုမလှူဘဲ ကိုယ်တိုင် သွားရောက်တည်ဆောက်ပေးလိုကလည်း အသင်းသားများကိုယ်တိုင် ထိုရွာလေးသို့ လိုက်ပို့ပါမည်။
ဆက်သွယ်ရန်လိပ်စာနှင့် Email များ

ဒေါက်တာဇော်ဇော်အောင် 09-5505176

ကိုထွန်းထွန်းလှိုင် 01-636790 , This e-mail address is being protected from spambots. You need JavaScript enabled to view it

ကိုအောင်ဆွေဦး This e-mail address is being protected from spambots. You need JavaScript enabled to view it

ကိုနန်းထိုက်ဝင်း This e-mail address is being protected from spambots. You need JavaScript enabled to view it

ကိုအောင်မျိုးလွင် This e-mail address is being protected from spambots. You need JavaScript enabled to view it