Theravada Buddhist Youth Organization
ဓမ္မရေးရာသတင်းလွှာ


ဓမ္မမိတ်ဆွေများအား အသိပေး တောင်းပန်ခြင်း E-mail
ဓမ္မရေးရာသတင်းလွှာ - ဓမ္မရေးရာသတင်းလွှာ

လေးစားအပ်ပါသော ဓမ္မမိတ်ဆွေသူတော်ကောင်းအပေါင်းနှင့် ထေရ၀ါဒဗုဒ္ဓဘာသာလူငယ်မောင်မယ်အပေါင်းတို့ခင်ဗျာ...
ကျွန်တော်တို့ ထေရ၀ါဒဗုဒ္ဓဘာသာ လူငယ်များအသင်း အနေဖြင့် (၁၈)ကြိမ်မြောက်အဖြစ် အောက်တိုဘာလတွင် လှူဒါန်းမည့်နေရာများကို အဆင့်ဆင့်ငွေပို့ဆောင်မှုတွင် ရက်ကြန့်ကြာခဲ့သောကြောင့် မှတ်တမ်းနှင့်တကွသော ဖော်ပြနိုင်ခြင်း မရှိခဲ့သည့်အတွက် အနူးညွတ်တောင်းပန်အပ်ပါ သည်။ ထိုအလှူအတွက် လှူဒါန်းမှုများ ယခုအချိန်တွင် စတင်လှူဒါန်းနေပြီ ဖြစ်ပါသည်။ မကြာမီ ရက်အနည်းငယ်တွင် မပျက်မကွက် ဆက်လက်ဖော်ပြမည် ဖြစ်ပါသည်ခင်ဗျာ။

အောက်တိုဘာလတွင် ကျောင်းများအလိုက် ကောက်ခံရရှိသော အလှူငွေများမှာ-

No.
 Name Amount
 1. SMTU 16700 Rubles
 2. MEPhI 12483
 3. MAI 11690
 4. KSTU 9600
 5. BMSTU 7490
 6. MIET 5233
 7. MATI 3300
 8. MISA 3200
 9. MUCTR 2950
 10. MSMU 2700
 11. MSTU 1850
 12. MIPT 1730
 13. MPEI 1140
   TOTAL AMOUNT
 80066 Rubles
Read more...
 
အောက်တိုဘာလတွင် လှူဒါန်းမည့်နေရာများ E-mail
ဓမ္မရေးရာသတင်းလွှာ - ဓမ္မရေးရာသတင်းလွှာ

အောက်တိုဘာလတွင်  ၁၈ကြိမ်မြောက်အဖြစ် ကျွန်တော်တို့ ထေရ၀ါဒဗုဒ္ဓဘာသာလူငယ်များအနေဖြင့် လှူဒါန်းရန်နေရာများကို အောက်ပါတိုင်းသတ်မှတ်၍ လှူဒါန်းသွားမည်ဖြစ်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်ခင်ဗျာ။

၁။  မြင်သာထေရ၀ါဒပရိယတ္တိစာသင်တိုက်နှင့် ဘုန်တော်ကြီးသင်ပညာရေးကျောင်း၊ ဘီးလင်းမြို့၊ မွန်ပြည်နယ်။ ကျောင်းအနေထားသည် တောင်စောင်းတွင် ဆောက်လုပ်ထားသည်ဖြစ်ရာ ဆောင်းတွင်းကာလများတွက် ကလေးသူငယ်များအတွက် ဆောင်၊ ခြင်ထောင်တို့ကို မပြည့်စုံစွာဖြင့် နေထိုင်နေကြရသည်။ ထို့အတွက် ကိုရင်၊ ကျောင်းသား၊ စာသင်သားကလေးများ အတွက် လိုအပ်သော ဆောင်၊ ခြင်ထောင်အစရှိသော ပစ္စည်းများ ထောက်ပံ့လှူဒါန်းသွားမည်ဖြစ်ပါသည်။

၂။ အခြေခံပညာမူလတန်းလွန်ကျောင်း၊ မကြီးချိုကျေးရွာ၊ တောင်သာမြို့နယ်။ ထိုနေရာတွင် ကျောင်းဆောက်လုပ်ဆဲရှိသော်ငြားလည်း သင်ကြားနေရသော အဆောင်များမှာ များစွာ ပျက်စီးယိုယွင်းလျှက်ရှိပါသည်။ ထိုသို့ ပျက်စီးယိုယွင်းနေသော ကျောင်းဆောင်အား ဆောက်လုပ်လှူဒါန်းနိုင်ရန်အတွက် ကျွန်တော်တို့ ထေရ၀ါဒဗုဒ္ဓဘာသာလူငယ်များအသင်းနှင့် မေတ္တာကမ္ဘာဖောင်ဒေးရှင်း အသင်းတို့မှ ပူးပေါင်းကာ တတ်အားသရွေ့ ပြင်ဆင်ဆောက်လုပ်ပေးသွားမည်ဖြစ်ပါသည်။

 
စက်တင်ဘာလတွင် လှူဒါန်းသွားမည့်နေရာများ E-mail
ဓမ္မရေးရာသတင်းလွှာ - ဓမ္မရေးရာသတင်းလွှာ

စက်တင်ဘာလတွင်  ၁၇ကြိမ်မြောက်အဖြစ် ကျွန်တော်တို့ ထေရ၀ါဒဗုဒ္ဓဘာသာလူငယ်များအနေဖြင့် လှူဒါန်းရန်နေရာများကို အောက်ပါတိုင်းသတ်မှတ်၍ လှူဒါန်းသွားမည်ဖြစ်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်ခင်ဗျာ။

Smile၁။ Sunday School အမှတ်(၁၃၂)၊ သပြေလမ်း၊ (၇)ရပ်ကွက်၊ ဝေဘာဂျီ မြို့သစ်၊ မြောက်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့။ Sunday School ကျောင်း ရေရှည်တည်တံ့နိုင်ဖို့အတွက် သင်ကြားမှု ပြဋ္ဌာန်းကျမ်းစာအုပ် ရိုက်နှိပ်ဖို့အခက်ခဲရှိသည်ဟုသိရ၍ ကျောင်း၏အနာဂတ် မျှော်မှန်းချက်၊ ကျောင်းသားများ၏အနာဂတ်ကို ရည်မျှော်၍ လိုအပ်သော အလှူငွေကို တတ်အားသမျှ ပါဝင်လှူဒါန်းမှာ ဖြစ်ပါသည်။

Smile၂။ သာယာကုန်း၊ ဘုန်းတော်ကြီးသင် မူလတန်းလွန် ပညာရေးကျောင်း၊ မြန်မာ့ရေနံရပ်ကွက်၊ သန်လျင်မြို့၊ ရန်ကုန်တိုင်း။ ဘုန်းတော်ကြီးသင်ကျောင်းတွင် ကျောင်းသား/သူ (၂၆၅)ယောက်နှင့် ဆရာမ (၁၀)ယောက်ရှိပါသည်။ ထို့အတွက် လစဥိ၊ နှစ်စဉ်အားဖြင့် သင်ကြားမှုစရိတ်နှင့်တကွ လိုအပ်လျှက်ရှိနေပါသောကြောင့်  တတ်အားသရွေ့ သင်ကြားမှုစရိတ် ထောက်ပံ့လှူဒါန်းမည် ဖြစ်ပါသည်။

Smile၃။ အမှတ်(၁၇)၊ အပိုင်း(၃)၊ မြင်းခြံမြို့အတွင်း တည်ဆောက်လျက်ရှိတဲ့ မိုးကောင်းဓမ္မာရုံဆောက်လုပ်မှုသည် ယခုတိုင်ပြီးစီးမှု မရှိသေးသည့်အတွက် တတ်အားသရွေ့ န၀ကမ္မ အလှူငွေအဖြစ် ထည့်ဝင်လှူဒါန်းမည် ဖြစ်ပါသည်။

SSU (စိန့်ပီတာစပတ်မြို့) ကျောင်းမှ ဓမ္မာရုံဆောက်လုပ်မှုအတွက် ဒေါ်လာ ၂၀၀ လှူဒါန်းခဲ့ပါသည်။ ထိုငွေကို စက်တင်ဘာလတွင် ကျောင်းများမှ ကောင်းခံရရှိသော အလှူငွေများနှင့် အတူ ပူးပေါင်းလှူဒါန်းပါမည်။

 

 
သြဂုတ်လတွင် လှူဒါန်းမည့် နေရာများ E-mail
ဓမ္မရေးရာသတင်းလွှာ - ဓမ္မရေးရာသတင်းလွှာ

သြဂုတ်လတွင်  ၁၆ကြိမ်မြောက်အဖြစ် ကျွန်တော်တို့ ထေရ၀ါဒဗုဒ္ဓဘာသာလူငယ်များ အနေဖြင့် လှူဒါန်းရန်နေရာများကို အောက်ပါတိုင်း သတ်မှတ်၍ လှူဒါန်းသွားမည်ဖြစ်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်ခင်ဗျာ။

၁။  အမှတ်(၂) ရပ်ကွက်၊ အနောက်တော်ရကျောင်း၊ ကနီမြို့၊ မုံရွာခရိုင်၊ စစ်ကိုင်းတိုင်း ဖြစ်ပါသည်။ ထိုနေရာတွင် သံဃာတော် အပါး(၂၀) ကျောင်းဆောက်လုပ်လှူဒါန်းရန်အတွက် လိုအပ်သော န၀ကမ္မငွေအား တတ်အားသရွေ့ လှူဒါန်းသွားမည် ဖြစ်ပါသည်။

၂။ သာသနာ့မာမက ဘုန်းတော်ကြီးသင်ပညာရေးကျောင်း၊ (၁၀)လမ်း၊ ကယားရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ် ဖြစ်ပါသည်။ ထိုနေရာတွင် ပညာသင်ကြားလျက်ရှိသော ကိုရင် ကျောင်းသားများအတွက် လိုအပ်သော စာရေးကိရိယာ အစရှိသည့် ပစ္စည်းများ ထောက်ပံ့လှူဒါန်းသွားမည်ဖြစ်ပါသည်။

၃။ အခြခံပညာ မူလတန်းကျောင်း၊ ပေါင်းလောင်းရွာ၊ လယ်ဝေးမြို့နယ် ဖြစ်ပါသည်။ ထိုနေရတွင် ကျောင်းသားများအတွက် ကျောင်းဆောင်မှာ ပျက်စီးယိုယွင်းပြီး ကျောင်းတက်ရန် နေရာပင် အခက်ခဲ ရှိလျက်နေပါသည်။ ၄င်းနေရာအား ဒေသခံ မိဘပြည်သူများနှင့် ပူပေါင်း၍ ကျောင်းဆောင်သစ် ဆောက်လုပ်လှူဒါန်းနိုင်အောင် ကြိုးစား လှူဒါန်းသွားမည် ဖြစ်ပါသည်။

 
ဇူလိုင်လတွင် လှူဒါန်းမည့်နေရာများ E-mail
ဓမ္မရေးရာသတင်းလွှာ - ဓမ္မရေးရာသတင်းလွှာ

ယခုဇူလိုင်လတွင် ၁၅ကြိမ်မြောက်အဖြစ် ကျွန်တော်တို့ ထေရ၀ါဒဗုဒ္ဓဘာသာလူငယ်များ အနေဖြင့် လှူဒါန်းရန်နေရာများကို အောက်ပါတိုင်း သတ်မှတ်၍ လှူဒါန်းသွားမည်ဖြစ်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်ခင်ဗျာ။

၁။  ဦးဝိလာသ ၀ိလာသရာမ မော်ကျွန်းကျောင်း၊ အောင်မင်္ဂလာရပ်ကွက်၊ ၂ လမ်း၊ သင်္ကန်းကျွန်းကြီးကျေးရွာ၊ မင်္ဂလာဒုံမြို့နယ် (အောင်စည်းခုံဘုရားအနီး)ဖြစ်ပါသည်။ ၄င်းဘုန်းတော်ကြီးကျောင်းနေရာတွင် ကိုရင်များ၊ ကျောင်းသားများအတွက် ညအချိန် စာပေကို မီးအဆင်မပြေမှုကြောင့် ခက်ခဲစွာကြိုးစားနေရပါသည်။ သောက်ရေအတွက်လည်း လိုအပ်လျှက်ရှိနေသောကြောင့် ထိုနေရာတွင် မီးစက်၊ ရေစက်များ လှူဒါန်းသွားမည်ဖြစ်ပါသည်။

၂။  အ.လ.က( ဖိုးခေါင်) ဖိုးခေါင်ကျေးရွာအုပ်စု ၊ သုံးဆယ်မြို့ ၊သာယာဝတီမြို့နယ် ၊ ပဲခူးတိုင်း (အနောက်ပိုင်း) ဖြစ်ပါသည်။ ထို အ.လ.က ကျောင်းတွင် ကျောင်းသားများအတွက် စာသင်ခုံတန်းများ မပြည့်စုံသောကြောင့် စာသင်ခုံများ လှူဒါန်းသွားမည်ဖြစ်ပါသည်။

၃။ နံ့သာမြိုင်၊ မရမ်းချောင်း၊ မြရတနာတောင်ဝိုင်း၊ အိုးတစ်လုံးအနာကြီးရောဂါသည်စခန်းများ၏ ပညာရေး ထောက်ပံ့မှု။ အနာကြီးရောဂါသည် ကလေးများ စောင့်ရှောက်ရေး စခန်းသို့  လှူဒါန်းမည်ဖြစ်ပါသည်။ ယခုအချိန်သည် ကျောင်းဖွင့်ကာလဖြစ်၍ ကလေးငယ်များအတွက် ပညာရေးစရိတ် ထောက်ပံ့လှူဒါန်းသွားမည်ဖြစ်ပါသည်။