Theravada Buddhist Youth Organization
တတိယအကြိမ် လှူဒါန်းထောက်ပံ့မှု E-mail
အလှူမှတ်တမ်းများ - စာသင်သားရဟန်းတော်များအားလစဉ်ထောက်ပံ့မှု

တတိယအကြိမ် ဇူလိုင်လအတွက် အပြည်ပြည်ဆိုင်ရာ ထေရ၀ါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်၌ Buddha Dhamma တက်နေကြသည့် စာသင်သားရဟန်းတော် များအတွင် နေ့စဉ်ဆွမ်း ကြောင့်ကြမဲ့ သုံးဆောင်နိုင်ရန်အလို့ငှါ လှူဒါန်းခဲ့ပါသည်။ ၂.၈.၂၀၀၉ ရက်(တနင်္ဂနွေနေ့) နေ့လယ် (၁၁) နာရီတွင် ဆရာတော်များထံ သွားရောက်လှူဒါန်းခဲ့ပါသည်။ လှူဒါန်းကြသည့် ကုသိုလ်ရှင်များမှာ ကိုမျိုးသက်ပိုင်(MIET, Russia)မှ ငါးသောင်း(၅၀၀၀၀ိ)ကျပ်၊ ကိုကျော်ဇင်လတ်နှင့် အဖွဲ့(Phy-5, MEPhI, Russia)မှ တစ်သိန်းတစ်သောင်းကိုးထောင်(၁၁၉၀၀၀ိ)ကျပ်၊ မဝေေ၀(အရာရှိရိပ်သာဝန်း၊ ဖုန်းဆိုင်၊ မင်္ဂလာဒုံ)မှ ငါးထောင်(၅၀၀၀ိ)ကျပ်တို့ဖြစ်ပါသည်။ စုစုပေါင်း လှူဒါန်းငွေမှာ တစ်သန်းခုနှစ်သောင်းလေးထောင်(၁၇၄၀၀၀ိ)ကျပ် ဖြစ်ပါ သည်။

ဆရာတော်အရှင်မြတ်များထံမှ ငါးပါးသီလခံယူဆောက်တည်ခြင်း၊ မေတ္တာသုတ်ပရိတ်တော် နာကြားခဲ့ခြင်း၊ သီရိလင်္ကာ နိုင်ငံတွင် သာသနာပြုနေတဲ့ စာသင်သားဟောင်းဆရာတော်ရဲ့ အနုမောဒနာ တရားနာကြားခဲ့ခြင်း ကုသိုလ်များကို အလှူရှင်အားလုံးတို့နှင့်တကွ အားလုံးသော ဓမ္မမိတ်ဆွေတို့အား အမျှပေးဝေလိုက်ပါသည်။

ဆရာတော်ဟောကြားလိုက်သောတရားအနှစ်ကို ပြန်လည်မျှဝေရသော် ဒါနပြုသည့် နေရာမှာ လိုအပ်သည့် နေရာတွင် ရွေးချယ်လှူဒါန်းသည့် ကာလဒါနသည် ရှေးသူတော်ကောင်းများဖြစ်ကြသည့် အနာထပိဏ်ကျောင်းဒကာကြီးတို့လို၊ ၀ိသာခါကျောင်းအမကြီးတို့လို ပြုသည့်ဒါနမျိုးဖြစ်ကြောင်း၊ (တစ်နည်း ပါရမီထိုက်သည့်ဒါန)၊ ဒါနပြုတိုင်း ပညာယှဉ်ပြီးပြုတတ်ဖို့ အဓိကကျကြောင်း ဟောကြားတော်မူပါတယ်။ ၀ိသာခါကျောင်းအမကြီး၏ နှလုံးသွင်းပုံမှာ “ငါလှူလိုက်သော သံဃာတော်တို့ထဲမှ အရိယာအရှင်မြတ်တွေ အများအပြားပင် ဖြစ်တော်မူကုန်ကြပြီ”ဟူ၍ လှူဒါန်းခဲ့သမျှသော ဒါနတို့ကို နှလုံးသွင်းဆင်ခြင်ပြီး ပီတိ၊ ပဿဒ္ဓိတို့ဖြစ်ကာ ငြိမ်းချမ်းစွာ နေထိုင်ရသည့် တရားအရသာကို ခံစားတော်မူခဲ့၏။ ထိုကဲ့သို့ပင် မိမိတို့သည်လည်း ယခုလှူဒါန်းရသော သံဃာတော် အရှင်မြတ်များသည် ကိုယ့်နယ် ကိုယ့်ဒေသတို့၌ စာချဆရာတော်တွေ၊ တရားဟောဆရာတော်တွေဖြစ်ကြပြီး ဓမ္မာစရိယအောင်ပြီးသော သံဃာတော် တွေလည်းဖြစ်ကြသည်။ နိုင်ငံတော်၏ ရည်ရွယ်ချက်ကို အကောင်အထည်ဖော်ဆောင်နိုင်ရန်အတွက် ယခုလို ဗုဒ္ဓဓမ္မတက်နေကြရချိန်မှာ သာသနာတော်ကြီး ကမ္ဘာတ၀ှမ်းပြန့်ပွါးနိုင်ရန် ရည်မှန်းချက်တို့ဖြင့် စာပေပရိယတ္တိ သင်ကြားနေကြသော ရဟန်းတော်များ နောင်တစ်ချိန် သာသနာပြုနေကြပြီဆိုလျှင် ၀ိသာခါကျောင်းအမကြီးလို ပြန်နှလုံးသွင်းပြီး ရရှိလာသော ပီတိ၊ ပဿဒ္ဓိတို့ ဖြစ်တဲ့အခါ တရား အားထုတ်ရာတွင် ပိုမိုအဆင်ပြေနိုင်သည်ဖြစ်ကြောင်း အနုမောဒနာပြုလိုက်ပါသည်။

အလှူငွေ လက်ခံရရှိမှုနှင့် လှူဒါန်းမှုစာရင်းကို အောက်တွင်ဖော်ပြအပ်ပါသည်။

 

 အမျိုးအစား အရေအတွက်
 ကုန်ကျငွေ
 ပေါ်ဆန်မွှေး နှစ်အိတ်
 ၅၅၀၀၀ိ/-ကျပ်
 ပဲဆီသန့် ငါးပိဿာ
 ၁၅၅၀၀ိ/-ကျပ်
 ကြက်သွန်နီ ၁၂ပိဿာ
 ၁၄၄၀၀ိ/-ကျပ်
 ကြက်သွန်ဖြူ သုံးပိဿာ
 ၆၆၀၀ိ/-ကျပ်
 အချိုမှုန့် နှစ်ထုပ်
 ၂၀၀၀ိ/-ကျပ်
 ဆား သုံးထုပ်
 ၆၀၀ိ/-ကျပ်
 န၀ကမ္မအလှူငွေ  ၈၀၄၀၀ိ/-ကျပ်
 မြန်မိုးဆန်ဆိုင်မှ လျော့ငွေ
  -၅၀၀ိ/-ကျပ်
 စုစုပေါင်းကုန်ကျငွေစာရင်း
 

 ၁၇၄၀၀၀ိ/-ကျပ်

 

 မှတ်တမ်းဓါတ်ပုံများနှင့် ဘောချာများ

ဖော်ပြသူ-အမောင်(ရေနံ့သာ)

 

+/-
Write comment
Name:
Email:
 
Website:
Title:
UBBCode:
[b] [i] [u] [url] [quote] [code] [img] 
 
 
:angry::0:confused::cheer:B):evil::silly::dry::lol::kiss::D:pinch:
:(:shock::X:side::):P:unsure::woohoo::huh::whistle:;):s
:!::?::idea::arrow:
 
Please input the anti-spam code that you can read in the image.
+/- Comments
Add New Search

3.26 Copyright (C) 2008 Compojoom.com / Copyright (C) 2007 Alain Georgette / Copyright (C) 2006 Frantisek Hliva. All rights reserved."