Theravada Buddhist Youth Organization
ပထမအကြိမ် လှူဒါန်းထောက်ပံ့မှု E-mail
အလှူမှတ်တမ်းများ - စာသင်သားရဟန်းတော်များအားလစဉ်ထောက်ပံ့မှု

ဓမ္မမိတ်ဆွေ သူတော်ကောင်းအပေါင်းတို့အား ၀မ်းမြောက်ဝမ်းသာ သာဓုအနုမောဒနာ ခေါ်ဆိုနိုင်ရန် အကျိုးငှာ ရည်ရွယ်ပါသည်။ ယခုဆိုလျှင် ထေရ၀ါဒဗုဒ္ဓဘာသာလူငယ်များအသင်းမှ အပြည်ပြည်ဆိုင်ရာ ထေရ၀ါဒ ဗုဒ္ဓသာသနာပြုတက္ကသိုလ်(International Theravada Buddhist Missionary University)မှာ (Buddha Dhamma) တက်နေကြသော မြောက်ဥက္ကလာ ဘုန်းကြီးလမ်း၊ ကမ္ဘာ့ဗုဒ္ဓ၀ိပဿနာဗိမာန်ကျောင်းတွင် သီတင်းသုံးနေကြသည့် ရဟန်းတော်အပါး(၂၀)အား လိုအပ်သောပစ္စည်းလေးပါးကို လစဉ်လိုက် ထောက်ပံ့ လှူဒါန်းလျက်ရှိပါသည်။

ထိုသို့ ထောက်ပံ့လှူဒါန်းရခြင်း၏ အကြောင်းရင်းအား အနည်းငယ်တင်ပြလိုပါသည်။ ဆရာတော်ဦးဣန္ဒာစာရ အား ၀တ္ထုငွေ လှူဒါန်းစဉ် ဤအကြောင်းအရာကို စတင်သိရှိခဲ့ရပါသည်။ မြန်မာနိုင်ငံတွင် ဖွင့်လှစ်ထားသော အပြည်ပြည်ဆိုင်ရာ ထေရ၀ါဒ ဗုဒ္ဓသာသနာပြုတက္ကသိုလ်တွင် နိုင်ငံပေါင်းစုံမှ ဘာသာခြားများပါမကျန် တက်ရောက်နေကြသော တက္ကသိုလ်ဖြစ်ပါသည်။ ထိုတက္ကသိုလ်တွင် တက်ရောက်နေသော မြန်မာစာသင်သားဆရာတော်များသည် ကိုယ့်အစီအစဉ်ဖြင့် နီးစပ်ရာ ဘုန်းတော်ကြီးကျောင်းများတွင် သီတင်းသုံးလျက် တက်ရောက်ကြရပါသည်။ မြန်မာစာသင်သားဆရာတော်များအနေဖြင့် သင်တန်းချိန် တနင်္လာနေ့မှာ သေကြာနေ့အထိ နေ့ဆွမ်းကို တက္ကသိုလ်အတွင်းမှာပင် နိုင်ငံတော်မှ ကပ်သည့်ဆွမ်းကို ဘုန်းပေးခွင့် ရကြပါသည်။ နေ့စဉ် အာရုံဆွမ်း၊ စနေ နှင့် တနင်္ဂနွေ တက္ကိသိုလ်ပိတ်ရက် နေ့ဆွမ်းများကို စာသင်သားသံဃာတော်တစ်ပါးလျှင် ၀တ္ထုငွေ ငါးထောင်ကျပ်စီ စု၍ ဘုန်းပေးကြရသသည်ဟု သိရှိရပါသည်။ ဆွမ်းချက်ပေးသော ဒကာတစ်ယောက် ကျောင်းမှာအိပ်ပြီး တာဝန်ယူဆောင်ရွက်ပေးပါသည်။ ရပ်ကွက်များမှ ဒကာ၊ ဒကာမများလည်း လာရောက်ချက်ပြုတ်သည်များလည်းရှိပါသည်။ ထိုသို့စုထားသော ၀တ္ထုငွေကုန်လျှင် ထပ်မံစု၍ ဆွမ်းကိစ္စအဆင်ပြေအောင် ဆောင်ရွက်ကြရသည်ဟု သိရှိရပါသည်။

ကိုယ့်အစီအစဉ်ဖြင့်ကိုယ် မတက်နိုင်ကြသော ရဟန်းတော်များအဖို့မှာဖြင့် ထိုတက္ကသိုလ်တွင် မတက်ရောက်နိုင်ခဲ့ကြပါ။ ဤအခြေအနေမှာ ဆရာတော်မှ မိန့်ကြားသော အခြေအနေပင်ဖြစ်ပါသည်။ သို့နှင့် ထေရ၀ါဒလူငယ်များအနေဖြင့် တစ်ပိုင်တစ်နိုင် ပစ္စည်းလေးပါးထောက်ပံ့ရန် သဒ္ဓါတရား ဖြစ်ပွားလာပါတော့၏။ သာသနာတော် အဓွန့်ရှည်တည်တံ့အောင် ဂါထာရွတ်ရုံ၊ ဆုတောင်းရုံမျှဖြင့် မဖြစ်နိုင်ပေ။ အမှန်တကယ် သာသနာတော် ပြန့်ပွားရေးနှင့် အဓွန့်ရှည်တည်တံ့ရန်မှာ နောင်ခါသာသနာတော်ကို စောင့်ရှောက်မည့် ကိုရင်၊ စာသင်သားရဟန်းတော်များနှင့် ပစ္စည်းလေးပါး ထောက်ပံ့လှူဒါန်းသော ဒယကာ၊ ဒယိကာမ အားလုံး၏ တာဝန်ပင် မဟုတ်ပါလော။ ဤကဲ့သို့ တက္ကသိုလ်မျိုးတွင် တက်ရောက်ရန် ရည်သန်သော စာသင်သားသံဃာတော်များ ရှိပါလျက်နှင့် ပစ္စည်းလေးပါးထောက်ပံ့မည့်သူ မရှိ၍ မတက်ကြရသော အဖြစ်မှာ ရင်လေးဖွယ် ကောင်းလေစွ။ လက်ရှိတက်ရောက်နေသော စာသင်သား သံဃာတော်များ အတွက်လည်း ရေရှည်အတွက် စဉ်းစားရပေတော့မည်။

သို့အတွက်ကြောင့် သာသနာတော်ပြန့်ပွားအောင် အဓွန့်ရှည်အောင် ဆောင်ရွက်လျက်ရှိကြသော သံဃာအပေါင်းတို့အား အလုံးစုံ မထောက်ပံ့နိုင်သော်ငြား မိမိတို့တတ်စွမ်းသမျှ တစ်ပိုင်တစ်နိုင်ဖြင့် ထောက်ပံ့ရန် ဆုံးဖြတ်တိုင်ပင်ခဲ့ကြပါသည်။ အပြည်ပြည်ဆိုင်ရာ ထေရ၀ါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်တွင် တက်ရောက်လျှက်ရှိသော စာသင်သား ရဟန်းတော် အပါး(၂၀)အား အာရုံဆွမ်း၊ စနေ၊ တနင်္ဂနွေ နေ့ဆွမ်းနှင့် အခြားလိုအပ်သော ပစ္စည်းလေးပါးတို့အား ထောက်ပံလှူဒါန်းရန် ဆုံးဖြတ်ခဲ့ပါသည်။ ထိုသို့ လစဉ်လှူဒါန်းစဉ်အတွင်း သီးခြား တစ်လချင်း အလှူရှင်ရှိခဲ့လျှင် အလှူရှင်အား ဦးစားပေး ကူညီလှူဒါန်းပေးသွားရန်နှင့် ကျန်သော အချိန်များတွင် ထေရ၀ါဒဗုဒ္ဓဘာသာလူငယ်များအသင်းမှ တာဝန်ယူ လှူဒါန်းသွားမည်ဟု ဆုံးဖြတ်ခဲ့ကြပါသည်။

ပထမဦးစွာ မေလတွင် စတင်လှူဒါန်းရန် တိုင်ပင်ပြီးချိန်တွင် ထိုလအတွက် မောင်ကိုချမ်းနှင့် မိခင်ဒေါ်ခင်ခင်(ရန်ကုန်)တို့မှ လှူဒါန်းမည်ဟု ထိုလအတွက် ဦးစွာ အလှူရှင် ပေါ်ခဲ့ပါသည်။ ခန့်မှန်းကုန်ကျငွေ သုံးထောင်ခုနှစ်ထောင်ကျပ်အား လှူဒါန်းခဲ့ခြင်းဖြစ်ပါသည်။ ထို့နောက် မအိသက်မွန်(တောင်တွင်းကြီး)မှ ထပ်မံ၍ နှစ်သောင်းကျပ် လှူဒါန်းသဖြင့် စုစုပေါင်း ငါးသောင်းခုနှစ်သောင်း(၅၇၀၀၀)ကျပ်ကို ထေရ၀ါဒ လူငယ်များမှ ၀ိုင်းဝန်းကူညီ ပံ့ပိုးပေးခဲ့ပါသည်။ လိုအပ်သော ပစ္စည်းများ ၀ယ်ယူ၍ ၂၀၀၉ခုနှစ် မေလ(၃၁)ရက် (တနင်္ဂနွေနေ့)တွင် မရမ်းကုန်း ကမ္ဘာ့ဗုဒ္ဓ၀ိပဿနာကျောင်းသို့ သွားရောက် လှူဒါန်းခဲ့ပါသည်။ လှူဒါန်းခဲ့သော ပစ္စည်းနှင့် တန်ဖိုးများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။  

 အမျိုးအစားအရေအတွက်
 ကုန်ကျငွေ
 ပေါ်ဆန်မွှေး နှစ်အိတ်
 ၄၀၀၀၀ိ/-ကျပ်
 ပဲဆီသုံးပိဿာ ၉၀၀၀ိ/-ကျပ်
 အိုင်အိုဒင်းဆားသုံးထုပ်
 ၇၅၀ိ/-ကျပ်
 ပဲနီငါးပြည်
 ၄၀၀၀ိ/-ကျပ်
 ကြက်သွန်နှစ်ပိဿာ ၁၂၀၀ိ/-ကျပ်
 ငြုပ်မှုန့်တစ်ဆယ်သား
 ၄၀၀ျ/-ကျပ်
 ငါးပိနှစ်ဆယ့်ငါးကျပ်သား
 ၆၀၀ိ/-ကျပ်
 စုစုပေါင်းကုန်ကျငွေ  ၅၇၀၀၀ိ/-ကျပ်

 

 လှူဒါန်းမှု မှတ်တမ်းဓါတ်ပုံများနှင့် ဘောချာများ

ဖော်ပြသူ-အမောင်(ရေနံ့သာ)

+/-
Write comment
Name:
Email:
 
Website:
Title:
UBBCode:
[b] [i] [u] [url] [quote] [code] [img] 
 
 
:angry::0:confused::cheer:B):evil::silly::dry::lol::kiss::D:pinch:
:(:shock::X:side::):P:unsure::woohoo::huh::whistle:;):s
:!::?::idea::arrow:
 
Please input the anti-spam code that you can read in the image.
+/- Comments
Add New Search

3.26 Copyright (C) 2008 Compojoom.com / Copyright (C) 2007 Alain Georgette / Copyright (C) 2006 Frantisek Hliva. All rights reserved."