| (၁၂) ကြိမ်မြောက်လှူဒါန်းထောက်ပံ့မှူ |
|
| အလှူမှတ်တမ်းများ - စာသင်သားရဟန်းတော်များအားလစဉ်ထောက်ပံ့မှု | |||||||||||||||||||||||||||||||||
|
အပြည်ပြည်ဆိုင်ရာ ထေရ၀ါဒဗုဒ္ဓသာသနာပြုတက္ကသိုလ် [International Theravada Buddhist Missionary University- ITBMY)၌ (Buddha Dhamma) တက်နေကြသော မြောက်ဥက္ကလာ၊ ဘုန်းကြီးလမ်း၊ ကမ္ဘာ့ဗုဒ္ဓ၀ိပဿနာဗိမာန်ကျောင်းတွင် သီတင်းသုံးနေထိုင်ကြသည့် စာသင်သားရဟန်းတော် (၂၇)ပါးတို့အား (၁၂)ကြိမ်မြောက်အလှူကို ၃.၇.၂၀၁၀ ရက် (စနေနေ့)၊ မွန်းလွဲ ၁း၀၀ နာရီတွင် ကျွန်တော်တို့ သွားရောက်လှူဒါန်းခဲ့ကြပါတယ်။ စာသင်သားရဟန်းတော်များအား (၁၁)ကြိမ်မြောက်အလှူတွင် ရဟန်းတော်များ၏ လက်ရှိ လိုအပ်နေတဲ့အခက်အခဲတို့ကို မေးမြန်းလျှောက်ထားရာ မီးပျက်သည့်အခါများတွင် စာကြည့်ရန် အခက်အခဲဖြစ်ကြောင်း မိန့်ကြားကြသဖြင့် ယခု (၁၂) ကြိမ်မြောက် အလှူတွင် 500 W အင်ဗာတာ (၁)လုံး၊ 3K 100 Battery (၁)လုံး၊ လေးပေမီးချောင်း (၄)ချောင်းတို့ လှူဖြစ်ခဲ့ကြတယ်။ ကျောင်းအတွက် မီးအဆင်ပြေစေရန် မနန်းသီသီဟန် (ခေတ္တစင်္ကာပူ)က အလှူငွေ တစ်သိန်း လှူဒါန်းခဲ့ပါတယ်။ မီးအခက်အခဲကြောင့် စာကျက်ရန်အခက်အခဲဖြစ်နေခြင်းကို ယခုလိုလှူဒါန်းလိုက်တဲ့အတွက် ဆရာတော်များ၏ ကြည်နူးဝမ်းမြောက်နေမှုတို့ကို တွေ့မြင်ခဲ့ကြရပါတယ်။ အကန့်အသတ်ရှိသော ဘက်ထရီ၊ အင်ဗာတာမှရရှိမည့် အလင်းရောင်စွမ်းအားဖြင့် အကန့်အသတ်မရှိသော လောကုတ္တရာပညာအလင်းစွမ်းအားတွေ တိုးပွါးတော့မည့်အရေးမှာ တွေးလိုက်တိုင်း ကြည်နူးဝမ်းမြောက်စရာပါပဲ။ စာသင်သားရဟန်းတော်များအား (၁၂) ကြိမ်မြောက်အလှူ ပြုလုပ်ရန် အတွက် လှူဒါန်းခဲ့သော လှူဖွယ်ပစ္စည်းစာရင်းမှာ အောက်ပါအတိုင်းဖြစ်ပါတယ်။ စာသင်သားရဟန်းတော်များအား (၁၂)ကြိမ်မြောက်လှူဒါန်းခဲ့သော လှူဖွယ်ပစ္စည်းစာရင်း
|




