Warning: opendir(/home/mmtherav/public_html/images/stories/Donation_ theekyipuzawpwe/2nd_time) [function.opendir]: failed to open dir: No such file or directory in /home/mmtherav/public_html/plugins/content/jwsig.php on line 100
Warning: opendir(/home/mmtherav/public_html/images/stories/Donation_ theekyipuzawpwe/2nd_time/vounchers) [function.opendir]: failed to open dir: No such file or directory in /home/mmtherav/public_html/plugins/content/jwsig.php on line 100
| ဆည်းဆာချိန်တွေရဲ့ ကမ်းလင့်နေသောလက်တစ်စုံ(ဒုတိယအကြိမ် ) |
|
| အလှူမှတ်တမ်းများ - သက်ကြီးပူဇော်ပွဲအလှူတော်မှတ်တမ်း | |||||||||||||||||||||
|
တနေ့က လမ်းသွားရင်း လမ်းတစ်လျောက်မှာ သက်ကြီးရွယ်အို အဘိုးအဘွားတွေကို တွေ့မိပါတယ်။ ဇရာရဲ့နှိတ်စက်မှုကြောင့် ကိုယ့်ခြေထောက်ကိုယ်တောင် အနိုင်နိုင်သယ်နေရတဲ့ အထဲ လမ်းဘေးက ဘီယာဗူးခွံကို ခြေထောက်နဲ့ဖိလိုက် ကြွတ်ကြွတ်အိပ်ထဲ ထည့်လိုက်နဲ့ လုပ်နေရပြန်ပါသေးတယ်။ ဘီယာပုလင်းခွံတွေ တွေ့ပြန်ရင်လည်း အမှိုက်တွေကို သေချာဖယ်ပြီး ပါလာတဲ့ကျောပိုးအိပ်ထဲကို အမြတ်တနိုး ထည့်နေရပြန်ပါသေးတယ်။ လက်မှာလည်း ဘီယာဗူးခွံတွေဆွဲထားတဲ့အိတ်ကတစ်ဖက်.. လွယ်ထားတဲ့ ကျောပိုးအိပ်ထဲမှာလည်း ဘီယာပုလင်းခွံတွေ မနိုင်မနင်းနဲ့ပါ။ ဒါနဲ့ အနားနားသွားပြီး ကူဆွဲပေးရင်း စကားလေးတွေ မေးမိလိုက်ပါတယ်။ တနေ့လုံးဒါတွေကောက်ပြီး ပြန်ရောင်းရင် ဘယ်လောက်ရလဲ.. သားတွေသမီးတွေက ရှာမကျွေးကြဘူးလားဆိုပြီး စကားလေးတွေ စမိပါတယ်။ တနေ့လုံးကောက်ရင်တော့ တစ်ရက်နှစ်ရက်စာလောက် စားလို့ရတယ်ပေါ့.. သားသမီးတွေကတော့ သူ့ဘ၀နဲ့သူဆိုတော့ ကိုယ့်ဝမ်းစာ ကိုယ့်ဘာသာ ရှာစားရတာပါပဲတဲ့။ အော်.. စဉ်းစားမိပါရဲ့.. အများသူငါတွေ တိုးတက်တယ်ဆိုပြီး သတ်မှတ်ထားတဲ့ အနောက်နိုင်ငံတွေမှာ ရုပ်ပိုင်းဆိုင်ရာတွေသာ တိုးတက်ပြီး စိတ်ဓါတ်ပိုင်းဆိုင်ရာနဲ့ပတ်သက်နဲ့ မိဘနဲ့သားသမီးဆိုတဲ့ စစ်မှန်တဲ့ သံယောဇဉ် မေတ္တာတရားတွေ ခန်းခြောက် နေကြပါလား ဆိုပြီးတော့ပေါ့။
ဒါနဲ့ ကိုယ့်နိုင်ငံမှာရှိတဲ့ မိဘအရွယ် သက်ကြီးရွယ်အိုတွေကို မျက်စိထဲက ပေါ်လာမိပြန်ပါတယ်။ ဒီလိုနိုင်ငံတွေထက်စာရင် ကိုယ့်နိုင်ငံမှာရှိတဲ့ သားသမီးနဲ့မိဘတွေရဲ့ တစ်ဦးအပေါ်တစ်ဦး ထားရှိတဲ့မေတ္တာတရားတွေက အင်မတန်မှ ပြည့်ဝတဲ့ နှလုံးသားတွေနဲ့ ဖွဲ့စည်းထားတာပါလားလို့ စဉ်းစားမိပါတယ်။ ဒါမို့လို့လည်း သုံးလောကထွက်ထား ဘုရားရှင် ကိုယ်တော်မြတ်ကြီးက “မာတာပီတု ဥပဋ္ဌာနံ၊ ပုတ္တ ဒါရဿ သင်္ဂဟော- အမိအဘတို့ကို လုပ်ကျွေးမွေးမြူရခြင်း၊ သားမယားတို့အား ထောက်ပံ့ရခြင်းသည် မင်္ဂလာမည်၏” ဆိုပြီး ဟောပြဆုံးမခဲ့တာပါ။ အမိအဖမှ မဟုတ်ပါဘူးနော်.. ကိုယ့်ထက် အသက်ဂုဏ်ဝါကြီးကျယ် မြင့်မြတ်တဲ့ပုဂ္ဂိုလ်တွေ၊ ကိုယ့်ထက် တစ်ရက်တစ်မနက် တစ်စက္ကန့်လူ့လောကထဲကို ရောက်ရှိလာတဲ့ သက်ကြီးဝါကြီးတွေကို ရိုသေလေးစားခြင်း၊ ပြုစုထောက်ပံ့ခြင်းဟာလည်း မင်္ဂလာတစ်ပါးလို့ ဆိုအပ်ပါပေတယ်။ ဒီအဆုံးမတွေဟာ ဘုရားရှင်ကိုယ်တော်မြတ်ကြီး ကိုယ်တော်တိုင် မင်္ဂလာသုတ်တော်မှာ ဟောပြဆုံးမခဲ့တဲ့ အဆုံးမတွေပါ။ အင်မတန်မှ မြတ်နိုးစရာ အလေးထားတန်ဖိုးထားချင်စရာကောင်းတဲ့ အစဉ်လာတွေပါ။ ငယ်သူကကြီးသူကို ပြုစုထောက်ပံ့ လုပ်ကျွေးခြင်းနှင့် ဂါရဝေါစဆိုတဲ့ ဘုရားအဆုံးမနဲ့အညီ ရိုသေလေးမြတ်တဲ့ အပြုအမူတွေနဲ့ အသက်ဂုဏ်ဝါကြီးမားတဲ့သူတွေကို ပြုစုထောက်ပံ့နေတာဟာ ဘုရားရှင်ဆုံးမခဲ့တဲ့ အဆုံးမတွေနဲ့ ထပ်တူထပ်မျှ ကျင့်သုံးခံယူနေတာပါပဲ။ ဗုဒ္ဓဘာသာဝင်တွေဖြစ်တဲ့ ကျွန်တော်တို့တွေဟာ ဗုဒ္ဓရဲ့အဆုံးမတွေကို လက်ခံကျင့်သုံးမှသာ ဗုဒ္ဓဘာသာဝင် စစ်စစ်ဖြစ်တယ်လို့ ပြောလို့ရပါတယ်။ ဗုဒ္ဓဘာသာဝင်လို့ အမည်သာခံထားပြီး အဆုံးမကို ပါယ်ထားတဲ့သူဟာ အမည်ခံဗုဒ္ဓဘာသာဝင် အဆင့်မှာပဲရှိနေမှာပါ။ ဒီလို တိုးတက်ဖွံ့ဖြိုးတဲ့ အနောက်နိုင်ငံတွေမှာ ဗုဒ္ဓရဲ့အဆုံးမတွေနဲ့ဝေးလို့ ဗုဒ္ဓရဲ့အဆုံးမတွေကို ပါယ်ထားတာဟာ ဘာမှ အကြောင်းမထူးလှပေမယ့်.. ဗုဒ္ဓရဲ့အဆုံးမတွေနဲ့ အနီးဆုံးမှာရှိနေတဲ့သူတွေအနေနဲ့တော့ ဗုဒ္ဓရဲ့အဆုံးမတွေဟာ မပါယ်သင့် မပါယ်အပ်တဲ့ အရာတွေပါပဲ။ ဗုဒ္ဓရဲ့အဆုံးမတွေကို လိုက်နာကျင့်သုံးကျင့်သုံးကြတဲ့ ဗုဒ္ဓဘာသာဝင်တွေရှိသလို.. မသိလိုက် မသိဖာသာ နေကြတဲ့ သူတွေလည်း ရှိပြန်ပါသေးတယ်။ ဗုဒ္ဓရဲ့အဆုံးမနားမှာနေပြီး သက်ကြီးရွယ်အိုဖြစ်တဲ့ မိအိုဖအိုတွေရဲ့ ကမ်းလင့်နေတဲ့ အကြင်နာမေတ္တာလက်တွေကိုပုတ်ချကာ ကိုယ်နဲ့ဝေးရာကို ပို့ရက်ကြတဲ့သူတွေလည်း ရှိကြပါတယ်။ အဖေအသက်ကြီးပြီး အမေအသက်ကြီးပြီ ဘာမှသုံးစားလို့ မရတော့ဘူး.. ဘိုးဘွားရိပ်သာ ပို့လိုက်တာ နားအေးပါတယ်ကွာ..။ အလုပ်ရှုပ်တယ်.. ဘိုးဘွားရိပ်သာပဲ ပို့လိုက်တော့လို့ ပြောရက်ကြတဲ့သားသမီးတွေလည်း ရှိကြပါတယ်။ အသက်အရွယ်ကြီးရင့်ပြီး အားကိုးမှီခိုရာမရှိတဲ့အရွယ်တွေမှာ မှီခိုစရာအင်အားချည့်နှဲ့လှတဲ့အထဲ သွားစရာမဲ့အောင် ခိုကိုးစရာမဲ့အောင် လုပ်ဆောင်လိုက်မိတာဟာ အားအင်ချိနဲ့လှတဲ့ ခြေထောက်တစ်စုံကို တွဲကူပေးရမယ့်အစား ရှေ့ဆက်မလျောက်လှမ်းနိုင်အောင် ရိုက်ချိုးလိုက်တာနဲ့ တူနေပါတယ်။ ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင်တွေအနေနဲ့ ဘုရားရှင်ဟောပြဆုံးမခဲ့တဲ့ မိဘတွေကို ပြုစုထောက်ပံ့လုပ်ကျွေးခြင်း၊ ကိုယ့်ထက် အသက်ဂုဏ်ဝါ ကြီးကျယ်မြင့်မြတ်တဲ့ပုဂ္ဂိုလ်တွေ၊ ကိုယ့်ထက် တစ်ရက် တစ်မနက် တစ်စက္ကန့် လူ့လောကထဲကို ရောက်ရှိလာတဲ့ သက်ကြီးဝါကြီးတွေကို ရိုသေလေးစားခြင်းဆိုတာဟာ လောကကြီးရဲ့ နေ၀င်ဆည်းဆာချိန်တွေကို လှပတဲ့အရောင်လေးတွေ ခြယ်ပေးပြီး နေ၀င်ချိန်လှပအောင် လုပ်ဆောင်ပေးနေတာနဲ့ တူပါတယ်။ တကယ်တော့ လူတစ်ယောက်ရဲ့အရေးကြီးဆုံးအချိန်ဟာ နေ၀င်ဆည်းဆာချိန်ပါပဲ။ နေ၀င်ဆည်းဆာအချိန်တွေကို.. ကျွန်တော်တို့တွေရဲ့ ရင်ထဲမှာတည်ရှိနေတဲ့ ဘုရားရှင်ရဲ့အဆုံးမတွေနဲ့အတူ မွေးဖွားပေးလိုက်တဲ့ မေတ္တာရောင်တွေ၊ ဂါရ၀တရားကို လက်ကိုင်ထားပြီး အမြတ်တနိုး တန်ဖိုးထားဆက်ဆံတတ်တဲ့ အကြင်နာမျက်ဝန်းအရောင်တွေ၊ အားအင်ချိနဲ့သူကို အင်အားတွေဖြည့်တင်းစေနိုင်ဖို့ ကမ်းလင့်လိုက်တဲ့ အကြင်နာလက်အားတစ်စုံတွေဟာ တကယ်လိုအပ်နေတဲ့ ကမ်းလင့်သင့်တဲ့ မေတ္တာလက်တွေပါပဲ။ ဒီလို မေတ္တာလက်တွေနဲ့ ကမ်းလင့်မှသာ နေ၀င်ချိန်တွေရဲ့ ဘ၀တွေဟာ နေ၀င်တော့မယ်မှန်းသိပေမယ့် သူတို့ကို တန်ဖိုးထားတဲ့လူတွေ ရှိနေသေးတယ်ဆိုတဲ့အတွက် သူတို့ရဲ့နေ၀င်ချိန်တွေဟာ မလှပနိုင်မယ့်ဘ၀ကနေ အလှကြီးလှပသွားမယ့် ဘ၀တွေကို ပြောင်းလဲပိုင်ဆိုင်သွားကြမှာပါ။ နေ၀င်ချိန်ဆည်းဆာတွေကို လက်တွဲပေးစေချင်တဲ့ အကြောင်းလေးပြောမိရင်း.. ဘုရားရှင် ဟောပြဆုံးမခဲ့အဆုံးမကို နားထဲက ကြားယောင်မိပါတယ်။ “နသော ဘိက္ခဝေ သတ္တော သုလာဘရူပေါ၊ ယောန မာတာပိတဘူတ ပုဗ္ဗော က္ကမိနာ ဒိဃေန အဒ္ဓုနာ- ရဟန်းတို့.. ဤမျှရှည်လျားလှသော သံသရာကြီးအတွင်း၊ အမိ၊ အဖ၊ မောင်ကြီး၊ မောင်ငယ်၊ ညီ၊ အစ်ကို၊ ညီမ၊ သား၊ သမီး မတော်စပ်ခဲ့ဘူးသော ပုဂ္ဂိုလ်ကို ငါဘုရား၏ ဥာဏ်တော်ဖြင့် ရှာဖွေ၍ မရခဲ့ပေ(နိဒါန ၀ဂ္ဂသံယုတ်ပါဠိ၊ အနမတဂ္ဂသုတ်)” ဆိုတဲ့ အဆုံးမ စကားလေးပါပဲ။ ဘုရားရှင်ဟောပြခဲ့တဲ့အတိုင်းဆို ကိုယ်နဲ့တွေ့ကြုံဆုံတွေ့နေရတဲ့ သတ္တ၀ါအားလုံးဟာ ဆွေမျိုးတွေလို့ ပြောလို့ရပါမယ်။ ဘ၀အဆက်ဆက် သံသရာအဆက်ဆက်က မတော်စပ်ဖူးတဲ့သူ မရှိဘူးဘူးဆိုတာဟာ ကိုယ့်အပေါ်မှာ ကျေးဇူးမရှိဘူးတဲ့သူ မရှိဘူးလို့ ဆိုလိုလိုက်တာနဲ့ ထပ်တူပါပဲ။ အာလုံးဟာ တစ်ဦးနဲ့တစ်ဦး အပြန်အလှန် ကျေးဇူးတရားတွေ ရှိနေကြမယ်ဆိုတာလည်း မလွဲပြန်ပါဘူး။ ဒီတော့ ကျေးဇူးတရားတွေ အပြန်အလှန်ရှိတဲ့သူတွေအချင်းချင်း.. သူတို့တွေ တွေ့ကြုံနေကြရတဲ့ စိတ်အားငယ်စွာ ဖြတ်သန်းနေရတဲ့ နေ၀င်ဆည်းဆာချိန်တွေကို ကိုယ့်အနေနဲ့ စွမ်းနိုင်သလောက် လက်တွဲကူညီဖေးမပေးဖို့ လိုအပ်လှပါတယ်။ ခိုကိုးရာ အားကိုးရာမဲ့နေတဲ့ ဆည်းဆာချိန်တွေကို ကိုယ်အနေနဲ့ ကမ်းလင့်ပေးလိုက်တဲ့ ကူညီတွဲခေါ်ပေးလိုက်တဲ့ လက်တစ်စုံဟာ.. တကယ်တော့ ဘယ်အရာနဲ့မှ အစားထိုးလို့ မရတဲ့ ကမ်းလင့်မှုတွေပါပဲ။ ရေနစ်နေတဲ့လူတစ်ယောက်ကို အားပြည့်သန်မာလှတဲ့ လက်တစ်ကမ်းက ဆွဲတင်ပေးလိုက်သလို.. အမြတ်တနိုး တန်ဖိုးထားဆက်ဆံတတ်တဲ့သူတွေ ကင်းမဲ့လှတဲ့သူတွေကို ဂါရဝေါစဆိုတဲ့ ရိုသေလေးစားထိုက်တဲ့ အမှုရာတွေနဲ့ သူတို့တွေရဲ့တန်ဖိုးကို မြှင့်တင်ပေးလိုက်သလို ဖေးမလိုက်တာဟာ.. သူတို့တွေအတွက်တော့ တန်ဖိုးဖြတ်လို့မရတဲ့ဆက်ဆံမှု အလေးပေးမှုတွေပါပဲ။ ဆည်းဆာချိန်အရောင်လေးတွေဟာ လှပသွားတဲ့ နေ၀င်ချိန်ဆည်းဆာလေးတွေ ဖြစ်စေဖို့ဆိုရင် လူသားတိုင်း လူသားတိုင်းမှာ တာဝန်ရှိလှပါပေတယ်။ တာဝန်ဆိုတာ ပေးအပ်တဲ့တာဝန်မျိုးကို ဆိုလိုတာမဟုတ်ပြန်ပါဘူး.. နေ၀င်ချိန်ဆည်းဆာတွေအတွက် ကမ်းလင့်နေတဲ့ လက်တစ်စုံကို တာဝန်သိသိ ဆွဲထူပေးလိုတတ်တဲ့ မြင့်မြတ်တဲ့စိတ်ထားတွေနဲ့ ဖြည့်ဆည်းပေးချင်စေတဲ့ သဘောလေးပါပဲ။ ဒ့ါကြောင့် မြင့်မြတ်တဲ့စိတ်ထားတွေနဲ့ ဘုရားရှင်ရဲ့အဆုံးမတွေနဲ့အညီ ကမ်းလင့်နေတဲ့ နေ၀င်ဆည်းဆာချိန်တွေရဲ့ လက်တစ်စုံကို အားမာန်အပြည့်နဲ့ တွဲကူပေးနိုင်ကြပါစေလို့ ဆန္ဒပြုရင်း…။ ဓမ္မမိတ်ဆွေအပေါင်းကျန်းမာချမ်းသာကြပါစေ မောင်ကောင်း ၂၀၁၀ သင်္ကြန်၌ နံ့သာမြိုင် အနာကြီးရောဂါသည်စခန်းတွင်ပြုလုပ်သော သက်ကြီးပူဇော်ပွဲ နှင့် အခြားလိုအပ်ရာရာများလှူဒါန်းမှု မှတ်တမ်းများရှင်းလင်းချက်
မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ရေနံ့သာ အနာကြီးရောဂါ အထူးကုဆေးရုံကြီး၊ နံ့သာမြိုင် အနာကြီး ရောဂါသည်စခန်းသို့ ၁၇.၄.၂၀၁၀ (၁၃၇၂ခုနှစ်၊ နှစ်ဆန်းတစ်ရက်နေ့)တွင် ကိုနန်းထိုက်ဝင်းနှင့် စေတနာရှင်များ ကိုယ်တိုင်ကိုယ်ကျ သွားရောက် လှူဒါန်းခဲ့ကြပါတယ်။ အနာကြီးရောဂါသည်များအား စေတနာဖြင့် ကြိုးစားကူညီပေးလျှက်ရှိသော ဦးအုန်းငွေ(လူနဲ့လူ)ကလည်း အစစအရာရာကူညီပေးခဲ့ပါတယ်။ ရေနံ့သာ အနာကြီးဆေးရုံသို့ မွန်းလွဲ(၁၁)နာရီတွင် ရောက်ရှိပြီး ဆေးရုံအုပ် ဒေါက်တာဒေါ်မြသီတာနှင့် သူနာပြုဆရာမ များမှ ကြိုဆိုခဲ့ကြပြီး ဆေးရုံအခြေနေအား ရှင်းလင်းပြောပြကြပါတယ်။ ထို့နောက် အနာကြီးရောဂါသည်အဆောင်များသို့ ထမင်း၊ အစားအစာ၊ ငွေသားတို့အား လိုက်လံ လှူဒါန်းခဲ့ကြပါတယ်။ ဆေးရုံအနီး ဓမ္မာရုံတွင် ဆေးရုံတက်သက်ကြီးရွယ်အို များအား ဆရာတော်ထံမှ မွန်းလွဲ (၁၂:၅၆)နာရီတွင် သီလယူ၍ အစားအစာ၊ ငွေသားတို့အား ဆက်လက်လှူဒါန်းခဲ့ကြပါတယ်။ လှူဒါန်းအပြီးတွင် မိမိတို့အနေနှင့် တစ်ဦးတစ်ယောက်အနေဖြင့် လှူဒါန်းခြင်းမဟုတ်ဘဲ အများကိုယ်စား လှူဒါန်ခြင်းဖြစ်ကြောင်းနှင့် အသင်း၏ရည်ရွယ်ချက် လုပ်ဆောင်မှုတို့အား ဆရာတော်များနှင့်တကွ အဘိုးအဘွားတို့အား လျှောက်ထား ပြောကြားခဲ့ပါတယ်။ ထို့နောက် ဆေးရုံအုပ်ကြီး ဒေါက်တာမြသီတာက ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်မှု ခံယူကာ နံ့သာမြိုင်အနာကြီးရောဂါသည်စခန်းသို့ ဆက်လက်သွားရောက်ခဲ့ ကြပါတယ်။ ရွာရှိသက်ကြီးရွယ်အိုများအား လှူဒါန်းငွေများအား လှူဒါန်းပြီး ထိုရွာမှ ပြန်လည်ထွက်ခွါခဲ့ကြ ပါတယ်။
အနာကြီးရောဂါသည်ဆေးရုံ၏အခြေခံအချက်လက်များ
တစ်ခုတည်းသော အစိုးရအနာကြီးဆေးရုံဖြစ်ပါသည်။ ကုတင် - ဖွဲ့စည်းပုံအရ = ၇၀၀ (လက်ရှိ = ၃၀၀ ) အမြဲနေလူနာ = ၅၂ ဦး ပျမ်းမျှအသက် = ၆၇ နှစ် ၀န်ထမ်းဖွဲ့စည်းပုံ = ၁၄၀ ဦး လက်ရှိ ၁၁၂(+လုပ်အားပေးဝန်ထမ်း) အလှူရှင်များစာရင်း ထေရ၀ါဒဗုဒ္ဓဘာသာလူငယ်များအသင်း = ၄၉၀၀၀၀ိ/- ကျပ် စင်ကာပူမှအလှူရှင်တစ်ဦး = ၅၀၀၀၀၀ိ/- ကျပ် ဦးကိုကိုစိုး + ဒေါ်တင်တင်အေး = ၂၀၀၀၀ိ/- ကျပ် + ခေါက်ဆွဲခြောက်တစ်ဖာ စုစုပေါင်းလှူဒါန်းငွေ = ၁၀၁၀၀၀၀ိ/ကျပ် (ဆယ်သိန်းတစ်သောင်းကျပ်)
အလှူပစ္စည်းနှင့် ၀တ္ထုငွေစာရင်း
|

