Theravada Buddhist Youth Organization
အသက်ရှည်ကြောင်း ဒါနမျိုးစေ့(တတိယအကြိမ် ဆေးအလှုတော်) E-mail
အလှူမှတ်တမ်းများ - ဆေးအလှူတော်များ
Article Index
အသက်ရှည်ကြောင်း ဒါနမျိုးစေ့(တတိယအကြိမ် ဆေးအလှုတော်)
အလှူငွေရှင်းတမ်းနှင့်ဘောင်ချာများ
All Pages

“ဇနေတိ သဒိသံ ပါကံ” တူသောအကျိုးကိုဖြစ်စေတတ်သည်ဟူသော ဒေသနာတော်အရ မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးသည် ဒါနကုသိုလ်နှင့် ပက်သက်၍ မိမိပြုသော ဒါနကုသိုလ်ကောင်းမှု့အတိုင်း လျော်ညီသော အကျိုးတရားတွေကို ပြန်ရသည်ဟုဟောထားပေသည်။ မြတ်စွာဘုရားရှင် ဟောကြားတော်မူသော ၀ိနည်းဒေသနာအရ ဒါန(၄) မျိုးရှိပေသည်။ထိုဒါန(၄)မျိုးမှာ (၁)  စီဝရဒါန = သင်္ကန်းလှူဒါန်းခြင်း။(၂) ပိဏ္ဍပါတဒါန= ဆွမ်း၊ ခဲဖွယ်၊ ဘောဇဉ် လှူဒါန်းခြင်း။ (၃) သေနာသနဒါန =  ကျောင်းအိပ်ရာနေရာ လှုဒါန်းခြင်း။(၄) ဘေသဇ္ဇဒါန = ဆေးပစ္စည်းလှူဒါန်းခြင်း တို့ဖြစ်ပါသည်။

ဝိနည်းဒေသနာအရ ဒါန(၄)မျိုးတွင်  ဘေသဇ္ဇဒါနဟူ၍ တစ်ပါးအပါအ၀င်ဖြစ်သော ဆေးအလှူဒါနအားဖော်ပြလိုပါသည်။ ဘေသဇ္ဇဒါနဟူသည် ဆေးပစ္စည်းလှုဒါန်ခြင်း၊ လူမမာများအား တွေ့လျှင် နှုတ်ဖြင့်သော်လည်းကောင်း၊ ကိုယ်ဖြင့်သော်လည်းကောင်း၊  သူနာပြုလုပ်ငန်းလုပ်ခြင်း၊ ကျန်းမာရေးစောင့်ရှောက်ခြင်းလုပ်ငန်းများ ပြုလုပ်ခြင်းပင်ဖြစ်ပါသည်။ “အာရောဂျ ပရမာ လာဘာ” အနာရောဂါကင်းရှင်း၍ ကျန်းမာခြင်းသည် အမြတ်ဆုံးလာဘ်တစ်ပါးဖြစ်သည်နှင့်အညီ  လူသားတိုင်းအနေဖြင့် ကျန်းမာ၍ အသက်ရှည်ခြင်းကို  လူသားတို့ အလိုရှိကြပါ သည်။လူသားတိုင်းအလိုရှိသော ကျန်းမာရေးစောင့်ရှောက်ခြင်းအလှူ၊ ဆေးအလှုတော်သည် အလွန်မွန်မြတ်သော အာယုဒါနမျိုးစေ့ပင်ဖြစ်ပေသည်။ ဆေးအလှူလှုဒါန်းခြင်းသည် မိမိတို့အား အသက်ရှည်၍ ထပ်တူသော အကျိုးပေးကိုမည်မှာ ထင်ရှားပေသည်။

“ရေစစ်၊ ဆေး၊ ကျောင်း၊ အဟောင်းပြုပြင်၊ ပဉ္စအဌ ဤငါးဝကား လောကလူပေါင်း သက်ရှည်ကျောင်းတည်း” ဟု ကျေးဇူးတော်ရှင် မန်လည်ဆရာတော်ဘုရားကြီး  လူအများနားလည်သိကျွမ်းအောင် လင်္ကာသီကုံး၍ မာယဒေ၀လင်္ကာတွင် ဆုံးမတော်မူခဲ့ပါသည်။ အနာရောဂါကင်းရှင်း၍ အသက်ရှည်စေခြင်းအကြောင်းငါးပါးတွင် ဆေးအလှူ၊ ရေစစ်အလှူ၊ ကျောင်းအလှူ၊ စေတီပုထိုးကျောင်း အဟောင်းပြုပြင်ခြင်းနှင့် ငါးပါးသီလ၊ ရှစ်ပါးသီလစောင့်ထိန်းခြင်းတို့ ပါဝင်ပါသည်။”အသက်ကို ဥာဏ်စောင့်၊ ဥစ္စာကို ကံစောင့်” ဆိုသောစကားအတိုင်း ဗုဒ္ဓဘာသာဝင်အပေါင်းတို့ ဥာဏ်ရှေ့ထားအမှူးပြု၍  ကုသိုလ်တရားများ ပွားများအောင် ကြိုးစားရပေမည်။

ဆေးဝါးအလှူလှူဒါန်းခြင်းသည် မကျန်းမမာဖြစ်နေသာ သတ္တ၀ါအပေါင်းတို့အား ဆေးလှူရခြင်းကြောင့် ခံစားနေရသော ရောဂါကိုလဲ ပျောက်ကင်းစေနိုင်သည်။ အသက်ရှည်ခြင်း၊ အဆင်းလှခြင်း၊ ဆင်းရဲကင်း၍ချမ်းသာခြင်း၊ ဘေးဥပါဒ်ကင်းခြင်း၊ အခြံအရံပေါ၍ ကျော်စောခြင်း၊ ခွန်အားတိုးခြင်း၊ ကိုယ်ခန္ဓာကျန်းမာသောကြောင့် စာပေကျမ်းဂန်များ ကောင်းစွာလေ့လာနိုင်သောကြောင့် ဥာဏ်ပညာကြီးခြင်းစသည့် ဆေးလှူရခြင်း၏ အကျိုးကျေးဇူးများကို ကောင်းစွာ ရရှိနိုင်ပါသည်။ ထိုအကျိုးများသည် မိမိက သူတစ်ပါးအား ဆေးလှူလိုက်သောကြောင့် အလှူခံပုဂ္ဂိုလ်နည်းတူစွာ မိမိတွင်လည်း မလွဲမသွေရရှိမှာ အမှန်ပင်ဖြစ်ပါသည်။

ဂေါတမမြတ်စွာဘုရားရှင်လက်ထက် သာသာနာတော်၌ အရှင်ဗာကုလမထေရ်သည်  အသက်ရှည်၍ကျန်းမာသောအရာတွင် ဧတဒဂ်ဘွဲ့ရရှိပေသည်။ အရှင်ဗာကုလမထေရ် ကိုယ်တော်မြတ်ကြီးသည် အသက်ရှည်၍ အနာကင်းမဲ့စွာဖြင့် သက်တော် (၁၆၀) နှစ်အထိ ချမ်းချမ်းသာသာဖြင့် နေသွားခဲ့ပေသည်။ ဤသို့အသက်ရှည်၍ နေထိုင်သွားရခြင်းသည် ဆေးလှုဒါန်းခဲ့သော ကုသိုလ်ကြောင့်ပင်ဖြစ်သည်။ အနောမဒဿီမြတ်စွာဘုရားရှင်လက်ထက်တွင် အရှင်ဗာကုလ မထေရ်မြတ်သည်  ဟိမ၀န္တာအနီး သောဘိတအမည်ရှိသော တောင်ခြေတွင်  ရသေ့ရဟန်းပြုလျှင် သီးတင်းသုံးစံနေ တော်မူခဲ့သည်။

တစ်နေ့သောအခါ၌ အရှင်ဗာကုလမထေရ်မြတ်သည် အနောမဒဿီမြတ်စွာဘုရားအား ဖူးမြော်ရန်လာသောအခါ မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးသည် လေနာရောဂါ ဝေဒနာဖြစ်ပွားနေသည်ကို ကြားသိခဲ့ရ၏။ ထိုအခါ အရှင်ဗာကုလမထေရ်မြတ်သည် မိမိ၏ကျောင်းသင်္ခမ်းအားပြန်၍ ဆေးကိုဖော်စပ်ပေသည်။ ပြီးနော် ထိုဆေးအား မြတ်စွာဘုရားရှင်အား အလုပ်အကျွေးပြုနေသော ရဟန်းတော်များမှတစ်ဆင့်  ဆက်ကပ်ခဲ့ပေသည်။ ထိုဆေးကို သုံးဆောင်လိုက်သည်နှင့်တစ်ပြိုင်နက် အနောမဒဿီမြတ်စွာ ဘုရားရှင်ကိုယ်တော်မြတ်ကြီး သည် လေနာရောဂါ လုံးဝပျောက်ကင်းသွားလေ၏။

အရှင်ဗာကုလမထေရ်မြတ်သည် ဤလှုဒါန်းရသော ဆေးကုသိုလ်ကြောင့် ဖြစ်လေရာဘ၀သံသရာ၌ အနာရောဂါလုံးဝကင်း စင်သူဖြစ်ရပါလို၏ ဟုဆုတောင်းခဲ့သည်။ ရသေ့ဘ၀မှစုတေသောအခါ ဗြဟ္မာဖြစ်ရ၏။ ထို့နောက် အလွန်ရှည်လျားသော တစ်အင်္သေချေကာလ၌ အပါယ်လေးပါးသို့မကျရောက်ရပဲ နတ်ပြည်၊ လူ့ပြည်တို့၌ အကြိမ်ကြမ် ကျင်လည်ရခဲ့၏။ ဧကရာဇ်မင်း၊ စကြ၀တေးမင်း၊ နတ်မင်း တို့လည်းအကြိမ်ကြိမ်ဖြစ်ခဲ့ရ၏။ ဖြစ်လေရာဘ၀တိုင်းတွင် အနာရောဂါ ကင်းရှင်းစွာဖြင့် ပြည့်စုံခဲ့ပေသည်။ပဒုမတ္တရဘုရား ရှင်လက်ထက်တွင် အရှင်ဗာကုလမထေရ်သည် "အနာရောဂါကင်း တဲ့အရာမှာ အသာဆုံး အမြတ်ဆုံး=ဧတဒဂ်ဘွဲ့ကို ရပါလို၏"လို့ ဆုထူးပန်ဆင်ခဲ့၏။ ၀ိပဿီမြတ်စွာဘုရားနဲ့ ကဿပမြတ်စွာဘုရားရှင်တို့ လက်ထက်တော်မှာ ကျောင်းဆောင်အသစ်တွေကို ဆောက်လုပ်လှူဒါန်းပြီး  ရဟန်းသံဃာ တော်တွေကို ဆေးပစ္စည်းအမျိုးမျိုးနဲ့ မပင်မပန်း ချမ်းသာအောင် ပြုစုလုပ်ကျွေးခဲ့၏။ထိုသို့များစွာသော ကုသိုလ်ကောင်းမှု့တို့ကြောင့် အရှင်ဗာကုလမထေရ်သည် နောက်ဆုံးဘ၀တွင် ကောသမ္မဗီပြည် သူဌေးကြီး၏ သားဖြစ်ပြီးလျှင် ဗာရာဏသီပြည် သူဌေးကြီးက သားအရင်းပမာမွေးစားသည်။ထို့ကြောင့် ဗာကုလသူဌေးသာဟု အမည်တွင်ခဲ့သည်။ (ဗာ=နှစ်ခုသော၊ကုလ=မိသားစု၊အမျိုး။ဗာကုလ=မိသားစု အမျိုးနှစ်ခုရှိသူ)

ဗာကုလသူဌေးသား အသက်(၈၀)အရွယ်ရောက်ချိန်မှာ မြတ်စွာဘုရားရှင်သည် ကောသမ္ဘီပြည်ကို ကြွချီတော်မူလာခဲ့ပါသည်။ မြတ်စွာဘုရားရဲ့ တရားတော်ကို နာယူရတဲ့အခါ ဗာကုလသဌေးသားဟာ သဒ္ဓါတရား ကြီးမားစွာဖြစ်ပြီး သာသနာ့ဝန်ထမ်း ရှင်ရဟန်းပြခဲ့ပါသည်။ အရှင်ဗာကုလမထေရ်ဟာ ရဟန်းပြုတော်မူပြီးတဲ့နောက် (၇)ရက်မျှသာ ပုထုဇဉ်ဘ၀နဲ့ နေရပြီး (ဂ)ရက်မြောက်အရုဏ်မှာ "ဆဋ္ဌာဘိည၊ ပိဋိသမ္ဘီဒါ ပတ္တ ရဟန္တာ"အရှင်မြတ်ဖြစ်တော်မူခဲ့ပါသည်။ အရှင်ဗာကုလမထေရ်မြတ်သည် သက်တမ်းကာလအနှစ်(၁၀၀) ကိုကျော်လွန်၍ ၁၆၀ နှစ်အထိအသက်ရှည်စွာဖြင့် နေခဲ့ရသည်။ တစ်သက်တာကာလပတ်လုံး အနာရောဂါလည်း ကင်းရှင်းပေသည်။ ထို့အတွက် ဂေါတမမြတ်စွာဘုရားက အနာရောဂါကင်းရှင်း သောအရာဝယ် အသားဆုံး အမြတ်ဆုံးဖြစ်သော ဧတဒဂ်ဘွဲ့ကိုရရှိခဲ့ပေသည်။

အရှင်ဗာကုလမထေရ်သည် ဆေးအလှူလှူဒါန်းရခြင်းကြောင့် ဘ၀တိုင်းတွင် အနာရောဂါကင်းရှင်း၍ ချမ်းသာစွာဖြင့် အသက်ရှည်ပြီးအနာရောဂါကင်းခြင်းအရာ၌ ဧတဒဂ်ဘွဲ့ပင် ရရှိတော်မူခဲ့ပေသည်။ မိမိတို့ဗုဒ္ဓဘာသာဝင်များအနေဖြင့် မြတ်စွာဘုရားရှင်၏ အဆုံးအများကိုခံယူ၍ သူတော်ကောင်း၊ သူတော်စင်ကြီးများ၏ အလေ့အကျင့်များအတိုင်း လိုက်နာကျင့်ကြံခြင်းသည် ပညာရှိသူတော်ကောင်းတို့ ချီးကျူးအပ်သောအရာပင်ဖြစ်ပေသည်။ ယခုကဲ့သို့ ရပ်ရွာကျေးရွားများအား လိုက်လံ၍ ဆေးအလှူပြုလုပ်ရခြင်း၊ ဆေးကုသပေးခြင်းသည် မေတ္တာလုပ်ငန်းဟုဆိုရင်လဲ ငြင်းဖွယ်မရှိဟု မြင်မိပါသည်။ ဗြဟ္မစိုရ်တရားများလက်ကိုင်ထား၍ လူသားအချင်းချင်း ကူညီဖေးမစောင့်ရှောက်ခြင်းသည် အလွန်တရာပင်လှပသော မြင်းကွင်းတစ်ခုဖြစ်သည်ဟုလဲ ခံစားမိပါသည်။ ထို့ကြောင့် မိမိတို့အနေဖြင့် ယခုကဲ့သို့ဆေးလှူရခြင်း၏ အကျိုးတရားကို ကောင်းစွာနားလည်သဘောပေါက်၍  ဒီထက်ပင်ပို၍ ပို၍ လုပ်ဆောင်သင့်သည်ဟု တိုက်တွန်းချင်ပါသည်။

ဓမ္မမိတ်ဆွေအပေါင်း ကျန်းမာချမ်းသာကြပါစေ

ကိုညီ

တတိယအကြိမ်ဆေးအလှုမှတ်တမ်းဓါတ်ပုံများ




+/-
Write comment
Name:
Email:
 
Website:
Title:
UBBCode:
[b] [i] [u] [url] [quote] [code] [img] 
 
 
:angry::0:confused::cheer:B):evil::silly::dry::lol::kiss::D:pinch:
:(:shock::X:side::):P:unsure::woohoo::huh::whistle:;):s
:!::?::idea::arrow:
 
Please input the anti-spam code that you can read in the image.
+/- Comments
Add New Search
သုခ  - ကျေးဇူးတင်လွှာ     |203.81.64.xxx |2010-06-06 00:47:37
ညီလေးတို့
အကိုစာတွေလာဖတ်ပါတယ်။ အားလုံးအဆင်ပြေပါစေ။ စာတွေဖတ်လို့ကောင်းလာပါတယ်။
မောင်ကောင်း  -း)   |80.250.160.xxx |2010-06-08 19:14:50
အစ်ကိုသုခပြောသလိုဆို.. အရင်ကဖတ်လို့ မကောင်းတဲ့သဘောလားအစ်ကို..း)))..
အစ်ကိုကျန်းမာပျော်ရွှင်ပါစေ..။
ညီလေး
မောင်ကောင်း

3.26 Copyright (C) 2008 Compojoom.com / Copyright (C) 2007 Alain Georgette / Copyright (C) 2006 Frantisek Hliva. All rights reserved."