| ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ် |
|
| ပညာရေးအလှူတော် - ပညာရေးအလှူတော် |
|
ဓမ္မမိတ်ဆွေအပေါင်းတို့ခင်ဗျား ကျွန်တော်တို့ထေရ၀ါဒဗုဒ္ဓဘာသာလူငယ်များအသင်းမှဦးဆောင်၍ ပညာရေးအလှူအဖြစ် လှူဒါန်းသွားမည်ဖြစ်ပါသည်။ အခက်အခဲအမျိုးမျိုးကြောင့် ပညာရှာမှီးရန် အဆင်မပြေ ဖြစ်နေသော အနာဂတ်ရဲ့ရင်သွေးလေးများဖြစ်သော ကျောင်းသား/သူများအား အခက်အခဲမရှိပညာသင်ကြားနိုင်ရန်အတွက် အောက်ပါအချက်အလက်များနှင့် သတ်မှတ်၍ ပညာရေး ထောက်ပံ့မူအလှူအား ပြုလုပ်သွားမည်ဖြစ်ပါသည်။ ယနေ့လူငယ်တွေဟာ အနာဂတ်ရဲ့ ခေါင်းဆောင်တွေဖြစ်တယ်ဆိုတာ အားလုံးသိထားပြီးဖြစ်ပါသည်။ ယနေ့ခေတ်စာသင် ခန်းထဲမှာရှိတဲ့ ကျောင်းသား/သူတွေဟာ အနာဂတ်ရဲ့ကြယ်ပွင့်လေးတွေဖြစ်သလို နိုင်ငံရဲ့အားကိုးအားထားရာလေးတွေလို့ဆိုရင်မမှားပါဘူး။ ကျွန်တော်တို့အနေနှင့် အနာဂတ်ရဲ့ရင်သွေးငယ် လေးများဖြစ်သော ကျောင်းသား/သူများအား ပြုစုပျိုးထောင်ပေးရန် အသိတရားရှိသူတိုင်း၏ ရင်ထဲ နှလုံးသားထဲတွင် တာဝန်ရှိပေသည်။ တာဝန်ဆိုသည်မှာ မည်သူကမျှ သတ်မှတ်ထား ခြင်းမရှိပဲ လုပ်သင့်လုပ်ထိုက်သော ၊ သူတော်ကောင်းတို့ချီးကျူးအပ်သော လုပ်ငန်းမျိုးဖြစ်ပေသည်။ ပညာမြင့်မှလူမျိုးတင့်မည်ဆိုသော လောကနီတိစကားအရလဲ ပညာဒါနဟာ လုပ်သင့်လုပ်ထိုက်သော အားပေးအားမြှောက်ပြုအပ်သော လုပ်ငန်းတစ်ခုပဲလို့ဆိုရမှာ ဖြစ်ပါတယ်။ ဓမ္မမိတ်ဆွေအပေါင်းတို့အနေနဲ့ မိမိ၏ပတ်ဝန်းကျင်တွင်သော်လည်းကောင်း ပညာရေးအတွက် အခက်အခဲဖြစ်နေသော ကျောင်းသား/သူများ၏ အခြေအနေများကိုသော်လည်းကောင်း အောက်ပါအချက် အလက်များအားဖြည့်ဆည်း၍ ဆက်သွန်ရန်လိပ်စာများသို့ အီးမေးပေးပို့နိုင်ပါသည်။ ပညာပါရမီဖြည့်ဆည်းလိုသော ဓမ္မမိတ်ဆွေအပေါင်းတို့အနေနှင့်လည်း ကျွန်တော်တို့ ထေရ၀ါဒဗုဒ္ဓဘာသာလူငယ်များအသင်းနှင့် ပူးပေါင်း၍ လှူဒါန်းမူပြုနိုင်ကြောင်း ဖိတ်ကြားအပ်ပါသည်။ ကျွန်တော်တို့အနေနှင့် အီးမေးအချက်အလက်များအားဖြည့်ဆည်း၍ ပို့ပေးသော ပညာရေးထောက်ပံ့မူအလှူအား ပြန်လည်အကြောင်းပြန်ပေးမည်ဖြစ်ပါသည်။
ပညာသင်စရိတ်ထောက်ပံ့ရန် အရည်အချင်းသတ်မှတ်ချက်
ကျောင်းသား/ကျောင်းသူ၏ ကိုယ်ရေးရာဇ၀င်အကျဉ်း
(မှတ်ချက်) မူလတန်းကျောင်းသား/သူများဖြစ်သော် မှတ်ပုံတင်မရှိသေးပါက မရှိသေးပါဟု ရေးသားပေးပါရန်။ ပညာရေးအလှူတော်အတွက် လှူဒါန်းသောအလှူရှင်များစာရင်းအားလည်း သီးသန့်ကဏ္ဍအဖြစ်ဖော်ပြပေးမည်ဖြစ်ပါသည်။ ဆက်သွန်ရန်လိပ်စာ This e-mail address is being protected from spambots. You need JavaScript enabled to view it This e-mail address is being protected from spambots. You need JavaScript enabled to view it This e-mail address is being protected from spambots. You need JavaScript enabled to view it ဓမ္မမိတ်ဆွေအပေါင်းတို့အနေနှင့် အင်တာနက်မှအီးမေးများဖြင့် ဖြန်ဝေနိုင်ပါသည်။ အချက်အလက်များနှင့်ပြည့်စုံသောကျောင်းသား/သူများအား ထေရ၀ါဒဗုဒ္ဓဘာသာလူငယ်များ အသင်းမှ ပညာရေးအလှုထောက်ပံ့မူအဖြင့် လှူဒါန်းသွားမည်ဖြစ်ပါသည်။ ဓမ္မမိတ်ဆွေအပေါင်းကျန်းမာချမ်းသာကြပါစေ ကိုညီ |



