Theravada Buddhist Youth Organization
လှသောပန်းတို့ လန်းပါစေ (ပထမအကြိမ်) E-mail
သီလရှင်များအား လှူဒါန်းမှုများ - အသောကာရာမ သီလရှင်စာသင်တိုက်သို့ လစဉ်လှူဒါန်းမှု

ယနေ့မျက်မှောက်ခေတ်ကာလ မြတ်စွာဘုရားရှင်၏ သာသနာ့နွယ်ဝင်များ ဖြစ်ကြသော သီလရှင်များသည် အမျိုးဂုဏ်၊ အဆင်းဂုဏ်၊ ပစ္စည်းဂုဏ်အားဖြင့် အထက်တန်းကျသော အမျိုးသမီးအများအပြား ပါဝင်ကြသကဲ့သို့ ထိုဂုဏ်အားဖြင့် အဆင့်အတန်း မမြင့်သော်လည်း အကျင့်စာရိတ္တကောင်းမွန်သော အမျိုးသမီးများစွာ ပါဝင်ကြပေသည်။ မြတ်စွာဘုရားရှင်၏ သာသနာ့နွယ်ဝင်များဖြစ်ကြသော သီလရှင်များသည် မြတ်စွာဘုရားရှင်၏ တရားတော်များကို လေ့လာသင်ယူ၍ သာသာနာတော်၏ အဓွန့်ရှည်စွာ တည်တံ့နိုင်ရန် လူဝတ်ကြောင်ဖြစ်သော ဥပါသကာ၊ ဥပါသိကာမများအား  တရားဓမ္မများ ဟောပြောပြသပေးခြင်း၊ ဆန့်ကျင့်ဘက်အယူဝါဒများအား အေးအေးချိုသာစွာ ပယ်ရှားခြင်း၊ ပရိယတ်၊ ပဋိပတ်အားကိုယ်တိုင် ကြိုးစားအားထုတ်ခြင်း၊ ပရဟိတလုပ်ငန်းများဆောင်ရွက်ခြင်း၊  သတ္တ၀ါများ၏ အကျိုးစီးပွားကို ဆောင်ရွက်ခြင်းများကြောင့် မြတ်စွာဘုရားရှင်၏ သာသာနာတော်တွင် အမျိုးသမီးတို့နယ်မှ ခံ့ထည် ၀င့်ကြွားနိုင်ခဲ့ပေသည်။

မြတ်စွာဘုရားရှင်၏ အဆုံးအမများအတိုင်း ကျင့်ကြံနေထိုင်ကြသော သီလရှင်များသည် လောကအား အလှဆင်နေသူများလည်းဖြစ်ပေသည်။ သာသနာတော်အတွက် အကျင့်သီလသိက္ခာနှင့်ပြည့်စုံ၍   မိန်းမပင်ဖြစ်သော်ငြားလည်း စွမ်းဆောင်နေသူများလည်းဖြစ်ပေသည်။ လောကတွင် ပစ္စည်းဥစ္စာများ၊ အတတ်ပညာများ၊ အသိပညာများဖြင့် မည်မျှပင် ပြည့်စုံစေကာမူ ကိုယ်ကျင့်သီလတရားနှင့်မပြည့်စုံလျှင် လောကအားအလှဆင်နေသူများမဟုတ်နိုင်ပေ။ ရုပ်ပိုင်းဆိုင်ရာ အလှဆင်မူ၊ စိတ်ပိုင်းဆိုင်ရာအလှဆင်မူများစွန့်လွှတ်၍ ကိုယ့်ကျင့်သီလများအား အလှဆင်နေသည်မှာ သိသာထင်ရှား လှပေသည်။ ထိုသို့ သီလတရားများအား ဖြည့်ကျင်နေသောသီလရှင်ဆရာလေးများ၏ သီလတရားများအား ဗုဒ္ဓဘာသာဝင် တို့အနေနှင့် လေးစားအပ်ပေသည်။ မိမိတို့သည်လည်း ကောင်းသောအကျင့်များကို အတုယူ၍ လေ့ကျင့်ရပေမည်။ အတုယူ၍ထပ်ကာထပ်ကာ လေ့ကျင့်ခြင်းအားဖြင့် သူတော်ကောင်းကိုဆည်းကပ်ရ၍ အကျိုးကျေးဇူးလည်း လွန်စွာကြီးမားလှပေမည်။

ယနေ့ခေတ်ဗုဒ္ဓဘာသာဝင်တို့သည် သားယောက်ျားလေး မွေးလာလျှင် သာသနာ့ဘောင် မသွတ်သွင်းဖူးလျှင် တာဝန်မကျေသလို ခံစားမိကြသော်လည်း သမီးမိန်းကလေး မွေးလာလျှင်ကား သာသနာ့နွယ်ဝင် သီလရှင်လေး ဝတ်ပေးဖို့ရန် စိတ်ကူးရှိသူ နည်းလှကြောင်းလည်းတွေ့ရပေသည်။  မိန်းကလေးများသည်လည်း မနုဿတ္တ ဒုလ္လဘနှင့် ပဗ္ဗဇ္ဇိတ ဒုလ္လဘပင် ဖြစ်ပေသည်။ သီလရှင်များတွင်လည်း ခေတ်ပညာနှင့်လည်း ကောင်းစွာပြည့်စုံကြသော သဒ္ဓါပဗ္ဗဇ္ဇိတ သီလရှင်များ မြောက်များစွာရှိပေသည်။ မိမိတို့ဆိုင်ရာ ပရိယတ်၊ ပဋိပတ်ကို ကြိုးကုတ်အားထုတ်နေကြသူ များပြားစွာ ရှိပေသည်။

'သံဃေ ဒိန္နံ မဟပ္ဖလံ' ဟူသော ဒေသနာတော် ရှိသည့်အတွက်ကြောင့်လည်းကောင်း၊ ရတနာသုံးပါး အဝင်ဖြစ်သောကြောင့်လည်းကောင်း၊ ပရမတ္ထသံဃာများကို ရည်မှန်း၍ သမုတိသံဃာများကိုလည်း ဗုဒ္ဓဘာသာဝင်တိုင်း ကြည်ညိုတတ်ကြ၊ လှူဒါန်းဖြစ်ကြပါသည်။ သို့ရာတွင် သာသနာ့နွယ်ဝင် သီလရှင်များကို ကြည်ညိုတတ်သူများကား ရှားပါးလှပေ သည်။ ထိုရှားပါးလှသူများတွင်လည်း လှူဒါန်းဖြစ်သူက ပို၍ပင် နှစ်ထပ်ကွမ်း ရှားပြန်ပေသည်။

မျက်မှောက်ခေတ်အနေအထားအရ သီလရှင်များအား ကြည်ညိုလေးစား လှူဒါန်းမှုမှာ အားနည်းနေသေးမူရှိပေသည်။ သံဃာတော်များနည်းတူ ဆိုင်ရာကျင့်ဝတ်များကို လိုက်နာကျင့်ကြံကြရသော သီလရှင်များ၌လည်း သာသနာတော်၌ ရေရှည်ရပ်တည်နိုင်ရန် (စားဝတ်နေရေး၊ ပညာရေး၊ ကျန်းမာရေး) အခက်အခဲများစွာ ရှိပေသည်။ ယင်းအခက်အခဲများကို ပြေလည်အောင် လိုအပ်သလို မိမိတို့ တတ်နိုင်သလောက် ဝိုင်းဝန်းထောက်ပံ့ကြရပေမည်။ အလှူဒါနပြုရာတွင်လည်း လိုသောနေရာတွင် လိုသလိုထောက်ပံ့ရခြင်းလောက် အကျိုးရှိသော အရာမရှိပေ။ ပါရမီမြောက်သော အလှူဒါနဖြစ်ရန်အတွက်လည်း လွန်စွာပင်အရေးကြီးပေသည်။ သာသနာတော်၏ ၀န်ဆောင်ဖြစ်သောသီလရှင်များအား လှူဒါန်းထောက် ပံ့ရခြင်းသည် ကောင်းမူတည်းဟူသော သစ်ပင်ကြီးအား ရေလောင်းပေးသည်နှင့်တူပေသည်။ သစ်ပင်တစ်ပင်ကောင်းလျှင် ငှက်တစ်သောင်းခိုနိုင်သည်ဟူသော မြန်မာစကားအရ မိမိတို့အနေဖြင့် အရိပ်သစ်ပင်ကောင်းအား စိုက်ပျိုးနေခြင်း နည်းတူဖြစ်ပေသည်။ ကမ္မနိယာမအရလည်း ကုသိုလ်ကောင်းမူ၏အကျိုးအား မလွဲမသွေရရှိမှာ အမှန်ပင်ဖြစ်ပေသည်။

ဗုဒ္ဓဘာသာဝင်များသည် မြတ်စွာဘုရားရှင်၏အဆုံးအမများအတိုင်း ဒါနကိုပြုသည်ဖြစ်စေ၊ သီလတရားကိုစောင့်သည်ဖြစ်စေ၊ ဘာဝနာတရားကိုပွားများသည်ဖြစ်စေ ပတ်ဝန်းကျင်က အထင်ကြီးအောင် ဂုဏ်ပကာသနကိုရှေ့ထား၍ မပြုလုပ်ပဲ လောကတ္ထစရိယ- လူအများချမ်းသာအောင်ပြုကျင့်နေထိုင်မူ၊ ဉာတ္ထစရိယ- အမျိုးသားတို့ကြီးပွားအောင် ပြုကျင့်မူ၊ ဗုဒ္ဓိအတ္ထစရိယ- မိမိစိတ်ဖြူစင်အောင် ဉာဏ်ပညာရင့်လာအောင် ဒါနပြုမူ၊ သီလစောင့်မူ၊  မေတ္တာစသောဘာဝနာပွားမူ ဖြစ်အောင်ပြုရပေမည်။ ထိုသို့ကျင့်ကြံကြိုးစားအားထုတ်မှသော ပါရမီအဖြစ်ရောက်ပေမည်။ ဗုဒ္ဓဘာသာဝင်တို့၏ နောက်ဆုံးပန်းတိုင်ဖြစ်သော နိဗ္ဗာန်ရောက်ဖို့အတွက် ပါရမီ(မြင့်မြတ်သောအလုပ်) ဖြစ်အောင်ကြိုးစားရပေမည်။ ပါရမီ မထိုက်သော ဒါန၊ သီလ၊ ဘာဝနာများသည်  နိဗ္ဗာန်တိုင်အောင် သံသရာမှကျွတ်လွတ်ရေးကို မမျှော်တွေးနိုင်သောကြောင့် အမြော်အမြင်သေးနုပ်သူတို့၏ အလုပ်ဟု ဆိုရပေမည်။

ဒါနနှင့်ပက်သက်၍ ဒါနရဲ့အကျိုးကို ငါဘုရားလိုသာ သတ္တ၀ါတွေ သိမယ်ဆိုရင် မလှူပဲ ဘာမှစားကြမှာမဟုတ်ပါဘူး၊ စိတ်ထဲမှာလည်း ငြူစူမိတာတွေ၊ နှမြောမိတာတွေရှိမှာမဟုတ်ပါဘူး၊ အလှူခံသာရှိမယ်ဆိုလျှင် ပါးစပ်နားရောက်နေတဲ့ ထမင်းလုတ်တောင် မစားပဲလှူကြမယ်လို့ မြတ်စွဘုရားရှင်မိန့်ကြားချက်မှာ လွန်စွာပင်ကြည်ညိုဖို့ ကောင်းလှပေသည်။ ဆရာတော်အရှင်ဇ၀န ဆုံးမဟောကြားထားသည့် အဆုံးအမအတိုင်း ငါကောင်းစားဖို့ဟူသော ရည်ရွယ်ချက်မပါပဲ သူတစ်ပါးကောင်းစားဖို့ဟူသော ရည်ရွယ်ချက်ဖြင့်ဒါနပြုခြင်း၊ သီလဆောက်တည်းခြင်း၊ ပရဟိတ(အများကောင်းကျိုး) ဆောင်ရွက်ခြင်းသည်  ၀ိပဿနာတရားနာကြား အားထုတ်သည့်နည်းတူ ငါစွဲတည်းဟူသော ဒိဋ္ဌိကိလေသာ၊ ငါကောင်း စားဖို့ တည်းဟူသော လောဘကိလေသာများ အထိုက်အလျောက် လျော့ပါးကုန်ခန်း စေမည်ဖြစ်ပါသည်။ ယခုကဲ့သို့  သာသနာတွင် ပရိယတ်၊ ပဋိပတ်နှစ်ဖြာအား ကြိုးစားအားထုတ်နေသော သီလရှင်များအား ပစ္စည်းလေးပါးဖြင့် ထောက်ပံ့ လှူဒါန်းခြင်းသည် သာသနာတော်အားစောင့်ရှောက်ရာဖြစ်သလို   မိမိတို့အနေနှင့်လည်း လိုအပ်သောနေရာအား ရွေးချယ်၍ လှူဒါန်းရခြင်းသည် သဒ္ဓါနှင့်ပညာအတွဲညီစွာဖြင့် ပါရမီမြောက်သောဒါနဖြစ်အောင် ပြုနေခြင်းဖြစ်ပါသည်။

ဗုဒ္ဓဘာသာဝင်များအနေဖြင့် လိုအပ်သောနေရာများအား အသိဥာဏ်ပညာဦးစီး၍ ရွေးချယ်ကာလှူဒါန်းတတ်စေချင်ပါသည်။ အဘယ်ကြောင့်ဆိုရသော် အသိပညာဉာဏ်မရှိသောအလုပ်ကိုလုပ်မိပါက သေးသိမ်းညံ့ဖျင်းသောသူတို့၏ အလုပ်ပင်ဖြစ်ပေသည်။ မိမိတို့အနေဖြင့် သာသနာတော်၏ အဆုံးအမအတိုင်းကျင့်ကြံနေထိုင်၍ သာသနာဝန်ကိုထမ်းဆောင် နေသော ရဟန်း၊ သီလရှင်များ၏ သီလ၊ သမာဓိ၊ ပညာတည်းဟူသော သိက္ခာသုံးပါးအား ဖြည့်ကျင့်၍ မြတ်စွာဘုရားရှင်၏ တပည့်၊ သား၊ သမီးများပီပီ သာသနာဝန်ကို ဆောက်ရွက်နေသောသူများအား ပစ္စည်းလေးပါးဖြင့်ထောက်ပံ့ လှူဒါန်းရပေမည်။ မိမိတို့အနေဖြင့် လိုအပ်သော နေရာလေးများအား စွမ်းနိုင်သလောက် ဖြည့်ဆည်းသွားရန် ဗုဒ္ဓဘာသာဝင်တိုင်း တာဝန်ရှိပေသည်။ ထိုမှသာ ဗုဒ္ဓမြတ်စွာသာသနာအကျိုးကို စွမ်းစွမ်းတမံဆောက်ရွက် နေသောသူများဖြစ်၍ မိမိတို့ကျရာ တာဝန်အခန်းကဏ္ဍမှ နိုင်ရာတာဝန်ထမ်း၍ သာသာနာအကျိုး၊ ဘာသာအကျိုး၊ တိုင်းပြည်အကျိုးကို အမှန်တစ်ကယ် ဆောက်ရွက်နေသူများဖြစ်ပေလိမ့်မည်။

 လှသောပန်းတို့ လန်းသလို သတ္တ၀ါအပေါင်းတို့လည်း ကိုယ်စိတ်နှစ်ပါး လန်းဖြာကြပါစေ။

 ကိုညီ

တတိယအကြိမ်မြောက်အဖြစ် ကျွန်တော်တို့ ထေရ၀ါဒဗုဒ္ဓဘာသာလူငယ်များအသင်းအနေဖြင့် သီလပန်းတို့အား ဆင်မြန်းထားသော သီလရှင်ဆရာလေးတို့အား အဆင်ပြေစွာ ပရိယတ်၊ ပဋိပတ် နှစ်ဖြာအား ကျင့်ကြံနိုင်စေရန် တစ်နည်းအားဖြင့် လှပသော ပန်းတို့အား လန်းစေရန်အလို့ငှာ ဆရာလေးဒေါ်သုနန္ဒာ(ဖုန်း-၀၉-၈၆၂၈၈၁၁)ဦးစီးတဲ့ “အသောကာရာမသီလရှင်စာသင်တိုက်”၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ် သို့ လှူဒါန်းခဲ့ကြပါသည်။  သီလရှင်ကျောင်းလေး၌ သီလရှင် ၁၇)ပါး သီတင်းသုံးနေထိုင်ကြပြီး ပရိယတ္တိကျောင်းလည်းဖြစ်၊ ဆရာလေး ဒေါ်သုနန္ဒာရဲ့ ကြိုးပမ်းအားထုတ်မှုဖြင့် ကျောင်းရှိ သီလရှင်လေးများကို တန်းကျောင်းလည်း ထားပေးထားတဲ့အတွက် ပရဟိတကျောင်း လေးလို့လည်း ပြောလို့ရပါတယ်။ ထိုကျောင်းလေးသို့ ၁၇.၁.၂၀၁၀ ရက်နေ့ မွန်းလွဲ ၂း၂၀ နာရီတွင် ကျွန်တော်တို့ အသင်းအနေဖြင့် သွားရောက်လှူဒါန်းခဲ့ကြပါတယ်။

တတိယအကြိမ် လှူဒါန်းမှုအတွက် ထေရ၀ါဒဗုဒ္ဓဘာသာလူငယ်များအသင်းမှ ငါးသောင်းကျပ်၊ စင်္ကာပူ အလှူရှင်မှ ငါးသောင်းကျပ် နှင့် မဝေေ၀ (M.Sc အရာရှိရိပ်သာဝန်းအတွင်း-ဖုန်းဆိုင်၊ မင်္ဂလာဒုံ)မှ ငါးထောင်ကျပ်၊ စုစုပေါင်း အလှူငွေ တစ်သိန်းငါးထောင်ကျပ် ဖြစ်ပါသည်။

အလှူစ္စည်းနှင့်ဝတ္တုငွေစာရင်း

 စဉ် အရေအတွက် တန်ဖိုး(ကျပ်)
 ၁  ဆွမ်းဆန် (၂)အိတ် (၂ *၂၀၅၀၀)   ၄၁၀၀၀/ိ- ကျပ်
 ၂  အချိုမှုန့် (၁) ထုပ်    ( ၁ *  ၁၀၀၀)   ၁၀၀၀/ိ- ကျပ်
 ၃  အိုင်အိုရင်းဆား (၂) ထုပ် ( ၂  *၂၀၀)   ၄၀၀/ိ- ကျပ်
 ၄  ပဲဆီ (၅) ပိဿာ   ( ၅ *၂၉၀၀)   ၁၄၅၀၀/ိ- ကျပ်
 ၅  ပဲနီပြား (၅) ပြည်   ( ၅ * ၁၁၅၀)   ၅၇၅၀/ိ- ကျပ်
 ၆  ကော်ဖီမစ်အထုပ်(၃၀)ပါ အထုပ်ကြီး(၁)ထုပ် ( ၁ *၂၅၅၀)   ၂၅၅၀/ိ- ကျပ်
 ၇  လ္ဘက်ခြောက် (၃၀) ကျပ်သား ( ၃ *၄၀၀)   ၁၂၀၀/ိ- ကျပ်
 ၈  ကုလားပဲ (၁) ပြည်  ( ၁  *  ၁၄၅၀)   ၁၄၅၀/ိ- ကျပ်
 ၉  လေဆာသွားတိုက်ဆေး (၂) ဗူး ( ၂ * ၄၀၀)   ၈၀၀/ိ- ကျပ်
 ၁၀  ကာဘော်လစ်ဆပ်ပြာ (၅) တောင့်  ( ၅ * ၄၅၀)   ၂၂၅၀/ိ- ကျပ်
 ၁၁