Theravada Buddhist Youth Organization

ပိဋကတ်သုံးပုံမြန်မာပြန်

စစ်ကိုင်းကျောင်းဆောက်လုပ်မှုအလှူတော်
images/resized/images/stories/highslide/si1_50_38.jpgimages/resized/images/stories/highslide/si2_50_38.jpgimages/resized/images/stories/highslide/si3_50_38.jpgimages/resized/images/stories/highslide/si4_50_38.jpgimages/resized/images/stories/highslide/si5_50_38.jpgimages/resized/images/stories/highslide/si6_50_38.jpg
mod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_counter
mod_vvisit_counterToday129
mod_vvisit_counterYesterday172
mod_vvisit_counterThis week129
mod_vvisit_counterThis month1751
mod_vvisit_counterAll Days19971

Google Search

Webmmtheravada.org
         

အနှစ်တရား တိုးပွားစေချင် E-mail
ဓမ္မစာပေများ

လူ့ဘ၀ဆိုတာ အကာနဲ့အနှစ် ခွဲခြားသိမြင်တတ်မှသာ အကာကိုခွဲပြီး အနှစ်ကို ဆွဲထုတ်ယူနိုင်လိမ့်မယ်။ အကာလောက်ကိုသာ အနှစ်ထင်နေရင် သို့မဟုတ် အကာနှင့်အနှစ် ပြောင်းပြန်အမြင်လွဲနေရင် အဖိုးတန်လှတဲ့လူ့ဘ၀မှာ အနှစ်မတွေ့ရတော့ဘဲ အကာနဲ့သာ တစ်ဘ၀လုံးဆုံးတတ်ပါတယ်။ ဗုဒ္ဓသာသနာဆိုတာအကာကို အကာမှန်းသိအောင်၊ အနှစ်ကို အနှစ်လို့မြင်အောင် ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသား ညွှန်ပြပေးနေတဲ့ လမ်းစဉ်ပါ။ မိမိတို့သည် နေ့စဉ်မပြတ် အမြဲတမ်းလုပ်ဆောင်နေသော ကာယကံ၊ ၀စီကံ၊ မနောကံတည်းဟူသော လုပ်ဆောင်နေမူများသည်  အကာလား၊ အနှစ်လား ဆိုတာကို မိမိ၏ကိုယ်ပိုင်ဥာဏ်ဖြင့် တွေးတောကြည့်ကာ သတိထားစေချင်ပါသည်။ အ၀ိဇ္ဇာတည်းဟူသော အမိုက်မှောင်ဖုံးလွမ်း၍သာ အကာကို အနှစ်ထင်၊ အနှစ်ကို အကာထင်၍ လူ့ဘ၀မှ ထွက်ခွါသွားရမည်ဆိုလျှင်  လွန်စွာပင် ၀မ်းနည်းဖို့ကောင်းပေသည်။

လူ့ဘ၀တွင် လူသားစစ်စစ်တစ်ယောက် ပီသစေရန် အတ္တဟိတနှင့် ပရဟိတကို ညီညွတ်မျှတအောင်  မိမိတို့ စွမ်းနိုင်သလောက် ကြိုးစားရပေမည်။ သို့မှသာ လူ့ဘ၀၏ အနှစ်တရားများကို ရှာဖွေတွေနိုင်ပေလိမ့်မည်။ လူ့ဘဝကိုရ၍ လူဖြစ်လာသည်နှင့်တစ်ပြိုင်နက် တာဝန်နှစ်ခုကို မလွဲမသွေဆောင်ရွက်ရမည်ဖြစ်ပေသည်။ ထိုတာဝန်နှစ်ခုကို ဆောင်ရွက်ရန်အလို့ငှာ လူဟူ၍ ဖြစ်လာခြင်းပင်ဖြစ်ပေသည်။ ထိုတာဝန်နှစ်ခုမှာ အနစ်နာခံခြင်းနှင့် သူတစ်ပါးအကျိုး ကိုဆောင်ရွက်ခြင်းပင်ဖြစ်ပေသည်။ ဘုရားအလောင်းတော်   သိဒ္ဓတ္ထမင်းသားသည်  မိမိ၏ ကိုယ်ကျိုးစွန့်၍ လောကအတွက် အနစ်နာခံခြင်းဖြင့် တဏှာကို ပယ်သတ်တတ်သော အရဟတ္တမဂ်ဥာဏ်တော်ကို ရခဲ့၏။  ကိုယ်ကျိုးမစွန့်နိုင်ခြင်းသည် တဏှာကို မပယ်သတ်နိုင်သောကြောင့်ဖြစ်၏။ သူတစ်ပါးအကျိုးကိုဆောင်ရွက်ခြင်းဖြင့် သဗ္ဗညုတဥာဏ်တော်ကို ရခဲ့ပေသည်။

ထို့ကြောင့် အနစ်နာခံခြင်းသည် သာမာန်မဟုတ်ပေ။ အရဟတ္တမဂ်ဥာဏ်တော်ကို ရနိုင်စွမ်းရှိပေသည်။ သူတစ်ပါး၏ အကျိုးကိုဆောက်ရွက်ခြင်းဆိုသည်မှာလည်း  သဗ္ဗညုတဥာဏ်တော်ကို ရစေနိုင်စွမ်းရှိပေ၏။ ထိုကြောင့် အနစ်နာခံခြင်းနှင့် သူတစ်ပါးအကျိုး ဆောင်ရွက်ခြင်းကို  လူ့ဘ၀၏အနှစ်သာရဖြစ်သော တာဝန်နှစ်ရပ်ဟုဆိုရပေမည်။ မိမိတို့သည်လည်း အနှစ်သာရတရားများရင်ထဲတွင် တိုးပွားအောင် ဆောင်ရွန်ရန်လိုအပ်ပေသည်။ လောကမှာ မြတ်စွာဘုရားရှင်သာ  အမြင့်မြတ်ဆုံး ပရဟိတ စွမ်းဆောင်ရှင်ဟုဆိုလျှင် သံသယဖြစ်ပွားစရာအလျဉ်းမရှိပေ။  မြတ်စွာဘုရားရှင်သည် အကြီးမားဆုံး အမြင့်မြတ်ဆုံး၊ အတိကျဆုံး၊ အပြည့်ဝဆုံး၊ အသေချာဆုံး၊ ပရဟိတ စွမ်းဆောင်ရှင်ဖြစ်ပေသည်။ ပရဟိတစိတ်နဲ့ပဲ ခက်ခဲတဲ့ ပါရမီတွေဖြည့်ခဲ့တယ်ဆိုတာလည်း သတ္တ၀ါအားလုံး အတွက်ပင် ဖြစ်ပေသည်။

အတ္တဟိတ သက်သက်သာဆိုရင် ဘုရားဖြစ်အောင် ကျင့်နေဖို့တောင်မလိုတော့ပေ။ အဘယ်ကြောင့်ဆိုသော်  သုမေဓါ ရှင်ရသေ့ဘ၀က သာဝကပါရမီပြည့်နေပြီဖြစ်ပေသည်။ ဆက်အားထုတ်လိုက်ရင် ရဟန္တာဖြစ်ပြီး နိဗ္ဗာန်ကို လက်တစ်ကမ်းတွင် ယူနိုင်စွမ်းရှိပေသည်။ ပရဟိတစိတ်ကြောင့်သာအသက် စည်းစိမ်များစွာ စွန့်လွှတ် အနစ်နာခံပြီး ဘုရားဖြစ်ကြောင်း ပါရမီကောင်းမှုတွေကို ဖြည့်ကျင့်ခဲ့ဖြင်းဖြစ်ပါသည်။ အကြီးကျယ်ဆုံး ပရဟိတ လုပ်ငန်းကို လုပ်ဆောင်ပေးလိုသောကြောင့် အကြီးကျယ်ဆုံး သဗ္ဗညုတဥာဏ်တော်ကြီး ရဖို့အတွက် ကိုယ်ကျိုးစွန့်ခဲ့ခြင်းဖြစ်ပေသည်။ ပရဟိတအတွက် လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်းကြာအောင်အနစ်နာခံကာ သတ္တ၀ါများအတွက်ဆောက်ရွက် ပေးခဲ့သည်မှာ မြတ်စွာဘုရားရှင်၏ မေတ္တာတရား၊ ကရုဏာတရားမှာ အနန္တပင်ဖြစ်ပေသည်။ ကိုယ်ကျိုးစွန့် အနစ်နာခံလိုက်ခြင်းသည် ပါရမီဖြည့်ခြင်းပင်ဖြစ်ပေသည်။

ပါရမီဆိုသည်မှာ   မြင့်မြတ်သူတွေရဲ့ အလုပ်၊ တစ်နည်း မြင့်မြတ်သူ ဖြစ်ကြောင်းအလုပ်၊ မြင့်မြတ်သူ ဖြစ်စေနိုင်တဲ့အလုပ်၊ မြင့်မြတ်သူအဖြစ် ပို့ဆောင်ဖန်တီးနိုင်တဲ့အလုပ်၊ နောက်ထပ်တဖန် `ပါရ´ဆိုတာ သံသရာ တစ်ဖက်ကမ်း နိဗ္ဗာန်၊ `မီ´ ဆိုတာ ရောက်စေနိုင်တဲ့တရား၊ ထို့ကြောင့် `ပါရမီ´ဆိုတာ `သံသရာ တစ်ဖက်ကမ်း နိဗ္ဗာန်ကို ရောက်စေနိုင်တဲ့ တရား´ဟူ၍ နားလည်ရပေမည်။ ပရဟိတဆိုတာ ကိုယ်ကျိုးကို မငဲ့ဘဲ သူ့အတွက်ကောင်းကျိုးကို လုပ်ပေးတာဖြစ်ပါသည်။ သီးခြား အလှူဒါနကြီးတွေ လုပ်ကြတယ်ဆိုတာလည်း သူ့အတွက်ပါတယ်ဆိုပေမယ့်ကိုယ့်အတွက် ဦးတည်ပြီး လုပ်ကြခြင်းဖြစ်ပါသည်။ ဗုဒ္ဓဘာသာ ၀င်တို့ရဲ့ နောက်ဆုံးပန်းတိုင်ဖြစ်သော  ကိုယ့်ရဲ့မဂ်ဖိုလ်နိဗ္ဗာန်ရရေးကို အဓိက ဦးတည်ခြင်းလဲဖြစ်ပေသည်။ ထို့ကြောင့် သီလရှိတဲ့မြင့်မြတ်တဲ့ အလှူခံပုဂ္ဂိုလ်တွေကို ရွေးချယ်ပြီး လှူကြတယ်ဆိုတာ  ကိုယ့်အတွက်ငဲ့ပြီး ရွေးချယ်၍ လူခြင်းဖြစ်ပါသည်။

ပရဟိတဆိုတာကတော့  သူ့ဆီက ဘာတစ်ခုမှ မျှော်လင့်ချက်မထားပါဘူး၊ ငါတို့က ဒီလို ကူညီဆောင်ရွက်ပေးလိုက်ရင် သူတို့ကငါတို့ကို အသိအမှတ်ပြုပေးကြလိမ့်မယ်၊ ငါတို့ လိုအပ်တဲ့အခါ သူတို့က ပြန်ကူညီစောင့်ရှောက်ပေးကြလိမ့်မယ်လို့ လုံးဝမျှော်လင့်ချက်မထားပါဘူး၊ ပရဟိတသဘောဆိုတာ ကိုယ့်ကြောင့် သူချမ်းသာရင်  မိမိရဲ့စိတ်ထဲမှာ ကျေနပ်နေမူမျိုးဖြစ်ပေသည်။ ကိုယ့်အတွက် မငဲ့မှ မြင့်မြတ်တဲ့ပရဟိတ စိတ်ဖြစ်မျိုးဖြစ်ပေမည်။ မြတ်စွာဘုရားရှင်ဟာဆိုရင် ကိုယ့်အတွက် ဘာအကျိုးမှမငဲ့ပြီး သဗ္ဗညုတဥာဏ်တော်ကြီးကို လိုချင်တာလည်း လောကအလယ်မှာ ကြွားဝါဖို့မဟုတ်ပေ။  ဥာဏ်ကြီးကျယ်မှအကြီးအကျယ်ဆုံး ပရဟိတလုပ်ငန်းကို လုပ်ဆောင်ရွက် အတွက်ပဲ ဖြစ်ပေသည်။  များများသိမှ များများပေးနိုင်မယ်၊ ကြီးကြီးသိမှ ကြီးကြီးလုပ်ပေးနိုင်မယ်၊ ကောင်းကောင်းသိမှလဲ ကောင်းကောင်း ဖန်တီးပေးနိုင်မည်ဖြစ်ပေသည်။ ထို့ကြောင့် ကြီးကြီးကျယ်ကျယ် လုပ်ပေးချင်လို့ ကြီးကျယ်တဲ့ဥာဏ်ကို ရဖို့အတွက် အကြီးကျယ်ဆုံး ပါရမီလုပ်ငန်းကို သတ္တ၀ါအားလုံးအတွက် ပါရမီဖြည့်ခြင်းပင်ဖြစ်ပေသည်။

ပရဟိတဆိုတာ ပေးဖို့သက်သက်တစ်ခုတည်းပါ။ လှူတဲ့အခါသီလရှိသူတွေ ရွေးချယ်ကြတာက ကိုယ့်အတွက်ငဲ့လို့သော အလူမျိုး ဖြစ်ပေသည်။ ပရဟိတသည်  အယုတ်၊ အလတ၊် အမြတ်မရွေး၊ လူမျိုးမရွေး ဘာသာမရွေး၊ ပုဂ္ဂိုလ်မရွေး သတ္တ၀ါမရွေးအားလုံးရဲ့ အကျိုးအတွက် သူတို့ဆီကဘာတစ်ခုမှလဲ မျှော်လင့်ချက် မထားပါပဲ  ကိုယ်ကြောင့် သူတစ်ပါး တွေချမ်းသာစေလိုချင်တဲ့ စိတ်မျိုးဖြစ်ပေသည်။ ဥပမာဆိုရသော် ခွေးကလေး တစ်ကောင် ရေနစ်မွမ်းလို့ ပင်ပန်းနေတာ ကိုမြင်လိုက်ရသောအခါ  ကရုဏာအပြည့်နဲ့ မဖြစ်မနေ ဆယ်တင်ပေးလိုက်ပါတယ်။  လမ်းဘေးမှာ အစာငတ်ပြတ်လို့ အားအင်ချိနဲ့နေတဲ့ ခွေးငတ်ကလေး တစ်ကောင်ကို တွေ့မြင်လိုက်ရရင် ကရုဏာအပြည့်နဲ့ အစာကျွေးပေးလိုက်တယ်။ ခွေးလေးဆီကနေ  ဘာကိုမှ မျှော်လင့်တောင့်တစရာ မထားပါဘူး။ ခွေးကလေးက ကျေးဇူးတင်ပါတယ်ဗျာ လို့ ကျေးဇူးတင်စကားလေးတောင် တုန့်ပြန်နိုင်စွမ်း မရှိပါဘူး။

သူ့ဆီက ဘာကိုမှ မလိုပါဘူး။ ကိုယ့်စေတနာ ကိုယ့်မေတ္တာ ကရုဏာကြောင့် ခွေးကလေး ဒုက္ခလွတ်ပြီး ချမ်းသာသွားရင် ပြီးပြီပဲ။ သူက မတုန့်ပြန်ပေမယ့် ကိုယ့်ရဲ့ အောင်မြင်တဲ့ စွမ်းဆောင်ချက်ကိုကြည့်ပြီး ကိုယ့်ဟာကိုယ် ကြည်နူး ၀မ်းသာရတာက လောကမှာ ဘယ်အရသာနဲ့မှ မလဲနိုင်တဲ့ အရသာပါ၊ ကိုယ့်စေတနာဟာ ကိုယ့်လုပ်ခ ရတာပဲဖြစ်ပေသည်။ ပရဟိတ စေတနာရှင်ဟာ ဒုက္ခလွတ်ပါစေဆိုတဲ့ ကရုဏာ၊ ချမ်းသာပါစေဆိုတဲ့ မေတ္တာနဲ့ပဲ ကူညီတတ်တယ်၊ ပေးကမ်းတတ်တယ်၊ ထောက်ပံ့တတ်တယ်၊ မေတ္တာ ကရုဏာအရင်းခံတဲ့ မြင့်မြတ်တဲ့ စေတနာနဲ့ပဲဆောင်ရွက်ပေးပါတယ်။ ဒါကြောင့်လဲ မြင့်မြတ်သူတွေရဲ့အလုပ်ဖြစ်တယ်။ ပရဟိတဆိုတာ သူ့အတွက် ကိုယ်အနာခံပေးတာ၊ သူလျှောက်လှမ်းနိုင်ဖို့ ကိုယ်က တံတားခင်းပေးတာ၊ အမြင့်မြတ်ဆုံး ပရဟိတစွမ်းဆောင်ရှင်ဖြစ်တဲ့ မြတ်ဗုဒ္ဓရဲ့ ဓာတ်ကောင်းတွေ စိမ့်ဝင် ကူးစက်နေမှသာ မိမိတို့ရဲနှလုံးသားမှာ မြင့်မြတ်တဲ့ ပရဟိတစိတ်တွေ ကိန်းနေမှာ ဖြစ်ပါတယ်။

ပရဟိတ အလုပ်ကို မလုပ်ပဲ မနေနိုင်ဘူး၊ မြင့်မြတ်တဲ့ စိတ်ရှိသူပီပီ ဒါငါလုပ်ရမှာပါလို့ သိနေကြတယ်။ ထိုသို့ဆောင်ရွက်မှသာ  မြတ်ဗုဒ္ဓရဲ့ လမ်းစဉ်ကို လိုက်နာကျင့်သုံးရာရောက်ပါတယ်။ မိမိတို့သည်လည်း ဗုဒ္ဓဘာသာဝင်များ ဖြစ်ကြသည့်အတွက် မြတ်စွာဘုရားရှင်ရဲ့ လမ်းစဉ်အတိုင်း မလွဲမသွေ လိုက်နာလုပ်ဆောင်အပ်ပေသည်။ သီတဂူ ဆရာတော်ဘုရားကြီးဟောကြားထားသော အရှင်ဓမ္မပါလဆုတောင်းတရားတော်မှ အနည်းငယ်ဖော် ပြလိုပါသည်။ မိမိတို့ပတ်ဝန်းကျင်မှာရှိတဲ့ နွားမတွေဟာ နို့ပေးပြီး လောကကို ကောင်းကျိုးပြုတယ်။ နွားထီးတွေဟာလဲ ပခုံးပွန်းအောင်ရုန်းပြီး လူသားတွေရဲ့ အကျိုးကို ဆောက်ရွယ်ပေးပါသည်။ ထိုနည်းအတူ သစ်ပင်တွေဟာလဲ လောကကို အကျိုးပြုတယ်။ သို့သော်ငြားလည်း သူတို့တွေဟာ အသိဥာဏ်မရှိတဲ့အတွက် ဘာကုသိုလ်မှ မရပါဘူး။ ဘာလို့လဲဆိုတော့ စားမယ်၊ အိပ်မယ်၊  ကာမဂုဏ်မှီဝဲမယ်ဆိုတဲ့ အသိကြောင့် ဘာကုသိုလ်မှ မရခြင်းဖြစ်ပါတယ်။

လူသားတစ်ယောက်ရဲ့ တန်ဖိုးဆိုတာ ဂုဏ်တွေ ငွေတွေ မဟုတ်ပါဘူး။ လူသားတစ်ယောက်ရဲ့ တန်ဖိုးဆိုတာ အသိဥာဏ်ပါ။ အသိရှိသော၊ စိတ်ဝိဥာဏ်ရှိသော၊ ဥာဏ်ရှိသော၊ သတိ၊ ၀ီရိယ၊ သဒ္ဓါရှိသော လူသားတစ်ယောက်ဟာ ကိုယ့်အကျိုးအတွက်ပဲ လုပ်သွားမယ်ဆိုရင် ဒီကမ္ဘာမြေကြီးပေါ်မှာ မရှိထိုက်ပါဘူး၊ သူများအကျိုအတွက်ရော လုပ်ဆောင်ပေးမှသာ လူသားစစ်စစ်ဖြစ်ပေမည်။ လူသားတစ်ယောက်ရဲ့အသက်နှင့် ခန္ဓာဟာ အနှစ်တစ်ရာအတွင်း ပျက်စီးနိုင်ပါတယ်။ လူသားတွေရဲ့ကောင်းကျိုးကို လုပ်ဆောင်သွားတဲ့ ဂုဏ်သတင်းကတော့ ဘယ်တော့မှ ပျက်စီးခြင်း ဖြစ်လိမ့်မည်မဟုတ်ပေ။ ကမ္ဘာဆုံးအောင် တည်တံ့နေလိမ့်မည်ဖြစ်ပေသည်။ အသိဥာဏ်ရှိသော လူသားတစ်ယောက် အနေနှင့် လောကီ၊ လောကုတ် နှစ်ဌာနသော အကျိုးစီးပွားတို့အား ဆောက်ရွက်ရင်း လောကအလှပန်းများ ဆင်နိုင်အောင် ကြိုးစားအားထုတ်အပ်ပေသည်။ အနစ်နာခံခြင်းနှင့် သူတစ်ပါးအကျိုးစီးပွားလုပ်ဆောင်ရန် ရောက်ရှိလာသော လူသားများ ဖြစ်ကြပါစေဟု ပရဟိတစိတ်ဓါတ်ခွန်အားများ ဆထက်တစ်ပိုး တိုးပွားစေရန် ရည်သန်၍  ရင်ထဲကဆန္ဒအမှန်အား ရေးသားရင်း  နိဂုံးချုပ်အပ်ပါသည်။

ငါမွန်အမြတ်၊ ငါအတတ်ဟု၊ စာဖတ်သူအပေါ်၊ ခေါင်းကိုကျော်၍၊ ငါသော်ဆရာ မလုပ်ရခြင်းအမှန်ပါ။ ကျွန်တော်စုဆောင်း မိသမျှ၊ဖတ်မှတ်လေ့လာမိသမျှကို တရားအလှူ၊ ဓမ္မဒါနအလှူအဖြစ် မျှဝေခြင်းသာဖြစ်ပါတယ်။ တစ်စုံတစ်ရာ အမှား အယွင်းများရှိခဲ့သော် အပြစ်မပါ မေတ္တာရှေ့ထားကာဖြင့် ပြုပြင်ပေးစေလိုပါသည်။

 

အသိတရားလက်ကိုင်ထား ဆောင်ရွက်နိုင်ပါစေ။

ကိုညီ

+/-
မှတ်ချက်ရေးသားရန်
နာမည်:
အီးမေးလ်:
 
ဆိုဒ်အမည်:
ခေါင်းစဉ်:
UBBCode:
[b] [i] [u] [url] [quote] [code] [img] 
 
 
:angry::0:confused::cheer:B):evil::silly::dry::lol::kiss::D:pinch:
:(:shock::X:side::):P:unsure::woohoo::huh::whistle:;):s
:!::?::idea::arrow:
 
Please input the anti-spam code that you can read in the image.
+/- ရေးသားမှုများ
အသစ်ရေးမယ်ဆိုရင် ရှာဖွေရန်
ဒဏ္ဍာရီ  - အနှစ်တရာ တိုးပွားစေချင်     |80.250.160.xxx |2009-11-22 22:14:01
အင်မတန်မှ အဖိုးတန်တဲ့ ပိုစ့်လေးပါ ကိုညီ။ လူရယ်လို့ ဖြစ်လာရင် အများသောအားဖြင့် အတ္တတွေနဲ့ ကျင်လည်နေကြစမြဲပါ။ အဲဒီထဲမှာ အမတို့လည်း ပါနေတာပဲလေ။ ရခဲလှတဲ့ လူ့ဘ၀ကြီးမှာ တတ်နိုင်သမျှ ပရဟိတနဲ့ အကျိုးပြုလုပ်ငန်းလေးတွေကို နိုင်သလောက် လုပ်ကိုင်ဆောင်ရွင်နိုင်အောင် ကြိုစားရမှာပေါ့။
လူကိုယ်တိုင် မတတ်နိုင်ရင်တောင် အခုလို မိမိလုပ်ပေးနိုင်သမျှ ဓမ္မဒါန အဖြစ် ဗုဒ္ဓရဲက အဆုံးအမ တရားလေးတွေကို ညွှန်ပြပေးနိုင်တာလည်း ဂုဏ်ယူစရာပါ။ သေရင် ဘာကိုမှ ယူဆောင်သွားလို့ မရတဲ့အတွက် မိမိပြုသမျှ ကုသိုလ် အကုသိုလ်သာလျှက် မိမိနောက်ကို လိုက်ပါနိုင်မယ်ဆိုတဲ့ စကားလေး အတိုင်း အသက်ရှင်စဉ်မှာ
လူသားတွေ အတွက် တတ်နိုင်သမျှ အကျိုးပြုနိုင်အောင် လေ့ကျင့်နေထိုင်ဖို့ပဲ ရှိတာလေ။ အခုလို ကိုညီ့ပိုစ့်လေးကို ဖတ်ရင် ပိုပြီး အသိတရား ရလာပါတယ်။ ဒီဆိုက်လေးကို ညွှန်ပြပေးခဲ့လို့ ကျေးဇူးတင်ပါတယ် ကိုညီ။

ခင်မင်လေးစားလျှက်
ငစိုးလေး   |80.250.160.xxx |2009-11-22 22:14:09
ကိုညီ ရေးတာတွေကောင်းတယ် တကယ်မှတ်သားစရာပဲဗျာ--

နောက်ထပ် ဆက်လက်ရေးနိုင်ပါစေဗျာ
HsHs  - မေးပါရစေ...   |80.250.160.xxx |2009-11-24 08:03:17
မေးပါရစေဦးးး
ကိုယ်အလုပ်ကိုယ်လုပ်တာ အကောင်းဆုံးဆို..

တကယ်တမ်းပရဟိတအလုပ်ကိုစိတ်ဝင်စားသူဆိုတာ..
ကိုယ့်အရေးထက် သူများအရေးကို ဦးစားပေးသူပါ.. ကိုယ့်အတွက် ဖြည့်ဖို့ထက် သူများကို ပြည့်စေချင်သူပါ..
ကိုယ်ကောင်းစားဖို့ထက် သူများကောင်းစားတာကို မြင်ချင်သူပါ..

ကိုယ်အတွက် အရင်ဖြည့်ပြီးမှ
သူများအတွက် ဖြည့်တာကို မနှစ်သက်သူပါ..
Anonymous   |83.44.191.xxx |2009-12-12 10:17:32
To, HSNS

အမဆွေးနွေးထားတာက တရားတော်နဲ့လွဲနေတယ် ။ အမ တကယ် ပရဟိတ စိတ်ဓါတ်ကို သိချင်တယ်ဆိုရင် အားလပ်ချိန်များကို ချက်တင် လုပ်ခြင်းဖြင့် အချိန်မကုန်ဆုံး စေဘဲ အရှင်ဆန္ဒာဓိက ရဲ့ ပရဟိတစိတ်ဓါတ် တရားတော် ကို နာယူကြည့်မယ်ဆိုရင် ပရဟိတ စိတ်ဓါတ်ဘာလဲ ဆိုတာ နားလည်လာပါလိမ့်မယ် ။ ကိုယ့်အရေးထက်
သူများအရေးကို ဦးစားပေးသူ ဟာ သာမန်လူတစ်ယောက် အမြင်အနေနဲ့ ဟုတ်သလိုလိုဖြစ်နေပေမဲ့ သူတစ်ပါးကို ငါးပါးသီလ လုံအောင်ထိန်းကြပါလို့ ပြောရတာထက် ကိုယ်တိုင်ကျင့်ကြံရတာ ဘယ်အရာ ပိုခက်ပါသလဲ ဆိုတာကို တရားတော်နဲ့အညီ စဉ်းစားဖို့လိုပါတယ် ။

3.26 Copyright (C) 2008 Compojoom.com / Copyright (C) 2007 Alain Georgette / Copyright (C) 2006 Frantisek Hliva. All rights reserved."