Warning: opendir(/home/mmtherav/public_html/images/stories/october) [function.opendir]: failed to open dir: No such file or directory in /home/mmtherav/public_html/plugins/content/jwsig.php on line 100
| ဆဋ္ဌမအကြိမ် လှူဒါန်းထောက်ပံ့မှု |
|
| အလှူမှတ်တမ်းများ - စာသင်သားရဟန်းတော်များအားလစဉ်ထောက်ပံ့မှု | ||||||||||||||||||||||||||||||
|
အပြည်ပြည်ဆိုင်ရာ ထေရ၀ါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်၌ (Buddha Dhamma) တက်နေကြသော မြောက်ဥက္ကလာ၊ ဘုန်းကြီးလမ်း၊ ကမ္ဘာ့ဗုဒ္ဓ၀ိပဿနာဗိမာန်ကျောင်းတွင် သီတင်းသုံးနေထိုင်ကြသည့် စာသင်သားရဟန်းတော်များအား ပစ္စည်းလေးပါးလှူဒါန်းရန်အတွက် ထေရ၀ါဒဗုဒ္ဓဘာသာလူငယ်များအသင်းမှ အလှူငွေ တစ်သိန်းနှစ်သောင်းတစ်ထောင်သုံးရာလေးဆယ့်ငါးကျပ် (၁၂၁၃၄၅ိ/- ကျပ်) နှင့် ဦးအောင်မြတ်ကျော်+ ဒေါ်ခင်စန်းမြင့်တို့မှလည်း အလှူငွေ သုံးထောင်ခြောက်ရာငါးဆယ့်ငါးကျပ် (၃၆၅၅ိ/- ကျပ်) အလှူအတွက် လိုအပ်ရာအသုံးပြုနိုင်ရန် ထည့်ဝင်ခဲ့ကြပါတယ်။ စာသင်သားရဟန်းတော်များအား လှူဒါန်းရန်အတွက် အလှူငွေစုစုပေါင်း တစ်သိန်းနှစ်သောင်းငါးထောင် ကျပ် (၁၂၅၀၀၀ိ/- ကျပ်)ဖြစ်ပါသည်။ ၈.၁၁.၂၀၀၉ ရက်နေ့ မွန်းလွဲ ၂း၃၀ နာရီတွင် ရဟန်းတော်များကို ကျွန်တော် သွားရောက်လှူဒါန်းခဲ့ပါတယ်။ ဆွမ်းကိစ္စကြောင့်ကြမဲ့ သုံးဆောင်နိုင်ရန်အတွက် ပစ္စည်းလေးပါးစာရင်းနဲ့ လှူဒါန်းခဲ့ပုံမှာ အောက်ပါအတိုင်းဖြစ်ပါတယ်။ အလှူပစ္စည်းနှင့် ၀တ္ထုငွေစာရင်း
ရဟန်းတော်များထံမှ သရဏဂုံသုံးပါးနှင့် ငါးပါးသီလခံယူဆောက်တည်ခဲ့ခြင်း၊ ပရိတ်တရားတော် နာကြားခဲ့ခြင်း၊ မေတ္တာဘာဝနာပွါးများခဲ့ခြင်း၊ အနုမောဒနာတရား နာကြားခြဲ့ခင်း ကုသိုလ်အဖို့တို့ကို အလှူရှင်အားလုံးနှင့်တကွ (၃၁)ဘုံရှိ သတ္တ၀ါအပေါင်းတို့ကို အမျှပေးဝေလိုက်ပါတယ်။ ဆရာတော် ဦးဣန္ဒာစာရဟောကြားလိုက်တဲ့ တရားတော်ကို သာဓုနုမော်ခေါ်ဆိုနိုင်ကြရန်အတွက် တင်ပြအပ်ပါသည်။ “ထေရ၀ါဒဗုဒ္ဓဘာသာလူငယ်များအတွက် ချမ်းသာလေးမျိုးတရားတော်ကို ဦးဇင်းအနေဖြင့် အနုမောဒနာတရား ဟောကြားချီးမြှင့်လိုက်ပါတယ်။ လူသားတို့အတွက် ချမ်းချမ်းသာသာနေနိုင်ရန်အတွက် လေးမျိုးသောသုခကို ရှိထားကြရပါမယ်။ ထိုမျိုးသော သုခတို့မှာ- (၁) အတ္ထိသုခ= ပစ္စည်းဥစ္စာရှိခြင်းချမ်းသာ။ (ရှိချမ်းသာ) ပစ္စည်းဥစ္စာကြွယ်ဝချမ်းသာရှိခြင်းတဲ့။ ပစ္စည်းဥစ္စာပေါကြွယ်ဝတော့ ချမ်းချမ်းသာသာနေနိုင်ကြတယ်။ ပစ္စည်းဥစ္စာတွေပေါတော့ ကိုယ်လုပ်ချင်တာ၊ ကိုယ်စားချင်တာ၊ ကိုယ်ဝတ်ချင်တာတွေ လုပ်နိုင်တယ်။ ပင်ပင် ပန်းပန်း လုပ်စားစရာလည်း မလိုတော့ဘူးပေါ့။ မိမိတို့ ပေါကြွယ်ဝတဲ့အလျောက် သူတကာတို့ထက် အဆင့်မြင့်မြင့် နေနိုင်၊ စားနိုင်၊ ၀တ်နိုင်တဲ့အတွက် ချမ်းသာရတယ်။ ပေးချင်ကမ်းချင်တော့လည်း ကိုယ့်မှာ ပေါပေါကြွယ်ကြွယ်ရှိနေတဲ့အတွက် နောက်ဆန်တင်းနေစရာ၊ ချင့်ချိန်နေစရာမလိုတော့ဘဲ ကိုယ့်စိတ်ကြိုက် လှူနိုင်ဒါန်းနိုင်တယ်။ သူတစ်ပါးတို့ အကူအညီတောင်းလာရင်လည်း ကူညီနိုင်တယ်။ ပေးကမ်းနိုင်တယ်။ ဥပမာအားဖြင့် ၀ိသာခါကျောင်းအစ်မကြီးတို့လိုပေါ့။ နောက်ချမ်းသာက- (၂) ဘောဂသုခ= ရှိထားတဲ့ပစ္စည်းဥစ္စာတို့ကို သင့်လျော်အောင် အသုံးချတတ်ခြင်း၊ စီမံခန့်ခွဲအသုံးပြု တတ်ခြင်းရှိတဲ့ချမ်းသာ။ (သိချမ်းသာ) ပစ္စည်းဥစ္စာတွေပေါကြွယ်ဝရုံနဲ့လည်း ချမ်းချမ်းသာသာ မနေနိုင်တာတွေရှိတတ်တယ်။ ဥပမာအားဖြင့် လူအများသိထားကြတဲ့ ဘုရားရှင်လက်ထက်တော်တုန်းက မစ္ဆရိယသူဌေးကြီးလိုပေါ့။ သူ့မှာ ကုဋေ လေးဆယ်မျှ ပိုင်ဆိုင်ပါသော်လည်း၊ အဆင့်အတန်းမြင့်မြင့် နေနိုင်၊ စားနိုင်၊ ၀တ်နိုင်ပါသော်လည်း သူ့အတွက် အသုံးပြုရမှာပင် နှမြောနေတယ်။ မသုံးရက်၊ မစားရက်ဘဲ ဖြစ်နေတော့ ရှိထားတဲ့ပစ္စည်းတွေကို မစီမံမခန့်ခွဲတတ်တော့ မချမ်းသာရဘူး။ သူတစ်ပါးတို့ကို ပေးကမ်းဖို့ကျတော့လည်း နှမြောနေတယ်။ တစ်နေ့ မုန့်ဆီကြော် စားချင်လို့ လုပ်စားတာတောင် အလှူခံပုဂ္ဂိုလ်တွေမမြင်နိုင်အောင်ဆိုပြီး ဘုံခုနစ်ဆင့် မှာ ကြော်စားဖို့လုပ်တယ်။ အဲဒီသူဌေးကြီးလို ရှိထားတဲ့ပစ္စည်းတွေကို အသုံးမပြုတတ်ပြန်တော့လည်း မချမ်းသာရဘူး။ ရှိထားသလို ဘယ်လို အသုံးပြုရင် ကောင်းတယ်ဆိုတာလည်း သိထားရမယ်။ ဘုရားရှင်ကလည်း ကိုယ်မှာရှိတဲ့ ပိုင်ဆိုင်မှုတွေကို သူတစ်ပါးတို့နဲ့ မျှဝေစားသုံးကြရမယ်၊ ရဟန်းတော်များကိုလည်း ဆွမ်း၊ သင်္ကန်း၊ ကျောင်း၊ ဆေး ပစ္စည်းလေးပါးတို့ကို ရဟန်းတော်များ အချင်းချင်း ခွဲဝေသုံးဆောင်ကြရမယ်ဟူ၍ ဆုံးမခဲ့တဲ့အတိုင်း ကိုယ်မှာရှိတဲ့ ပိုင်ဆိုင်မှုတွေကို သူတစ်ပါးတို့ကို ပေးနိုင်ရမယ်။ “ဘယ်သူသေသေ ငတေမာရင်ပြီးရော” ဆိုပြီး ကိုယ်ချမ်းသာပြီးရော၊ သူတစ်ပါးတို့ မည်မျှပင် ငတ်မွတ်နေပါစေဆိုတဲ့ အတ္တစိတ်တွေ ဖယ်ရှားနိုင်ရမယ်။ အဲဒီတော့ ရှိထားတာတွေကို သုံးတတ်၊ စွဲတတ်၊ စီမံခန့်ခွဲတတ်၊ ပေးကမ်းလှူးဒါန်းတတ်အောင်လည်း လုပ်ရမယ်။ ဘယ်လိုသုံးရမယ်ဆိုတာသိတော့ ချမ်းသာရတဲ့အတွက် သိချမ်းသာလို ဆိုချင်ပါတယ်။ နောက်တစ်ခုချမ်းသာက- (၃) အဏဏသုခ = ပြည့်စုံကြွယ်ဝပြီး အကြွေးကင်းခြင်းချမ်းသာ။ (ကြွယ်ချမ်းသာ) လူမှန်ရင် အကြွေးဆိုတာရှိတတ်ကြတယ်။ ပိုက်ဆံမရှိတော့ သူများဆီက ချေးရတယ်။ မရှိမဲ့ ရှိမဲ့ ပစ္စည်းလေးတွေ ပေါင်ရတယ်။ အတိုးနဲ့ သူများဆီက အောက်ကျနောက်ကျ ချေးကြရတယ်။ ပြန်မဆပ်နိုင်တော့ စိတ်ဆင်းရဲရတယ်။ ပြန်မဆပ်နိုင်လို့ အရေးယူတော့လည်း ပြစ်ဒဏ်တွေခံရတယ်။ အဲဒီတော့ စိတ်ဆင်းရဲ ကိုယ်ဆင်းရဲတွေ ဖြစ်ရတတ်တယ်။ ဒါကြောင့် ပြည့်စုံကြွယ်ဝတော့ အကြွေးမရှိအောင် နေနိုင်တယ်။ အကြွေးမရှိတော့ ချမ်းသာရတယ်။ ကိုယ်မှာပြည့်စုံတော့ ဘယ်သူ့ဆီ၊ ဘယ့်ဝါဆီ ငွေကလေးချေးကြည့်ဦးမှ၊ ဘယ်သူဆီ ချေးထားတာဖြင့် အတိုးက ဘယ်လောက်ရှိနေပြီ၊ ပေါင်ထားတဲ့ ပစ္စည်းလေး ပြန်ရွေးရဦးမယ် စသဖြင့် စဉ်းစားနေစရာ မလိုတော့ဘူး။ အကြွေးကင်းတဲ့အတွက် အချိန်တိုင်း ချမ်းချမ်းသာသာ နေနိုင်တယ်။ ရဟန္တာဖြစ်အောင် အားထုတ်ပြီးလျှင် လောကီအကြွေးတင် မကတော့ဘဲ သံသရာ၌ ကျင်လည်စဉ်က ရှိခဲ့သမျှသော ကိလေသာအကြွေးမှန်သမျှတို့ ကင်းသွားတဲ့အတွက် နောက်ထပ်ဇာတိ မလာနိုင်တော့ဘူး။ ဆပ်ရန်အကြွေးမှန်သမျှ မရှိတော့တဲ့အတွက် လုံးဝချမ်းသာသွားတယ်။ အရဟတ္တမဂ်ဉာဏ်ကို ပိုင်ဆိုင်သွားတော့ လိုလေသေးမရှိအောင် ပြည့်စုံကြွယ်ဝချမ်းသားသွားပါတော့တယ်။ နောက် ဆုံးတစ်ခုက- (၄) အန၀ဇ္ဇသုခ = အပြစ်ကင်းခြင်းချမ်းသာ။ (ကင်းချမ်းသာ) အပြစ်မရှိတော့ ချမ်းသာရတယ်။ အပြစ်ရှိတဲ့အလုပ်တွေလုပ်မိရင် အခုဘ၀မှာလည်း အရေးယူခြင်း၊ သူတစ်ပါးတို့ ရွံရှာစက်ဆုပ်ခြင်း၊ ကဲ့ရဲ့ခြင်းတွေခံရတယ်။ နောင်သံသရာမှာလည်း ဆင်းရဲဒုက္ခအမျိုးမျိုး တွေနဲ့ တွေ့ကြုံကြရဦးမယ်။ အပြစ်ရှိတဲ့အလုပ်တွေ လုပ်မိနေတာဟာ ဘယ်အချိန်မှ ချမ်းသာ မရရှိနိုင်ဘူး။ ဆိုးကျိုးတွေကိုသာ ပြန်လည်ရရှိတယ်။ အပြစ်ကင်းအောင် ဘယ်လိုကျင့်ရမလဲဆိုတော့ ဘုရားရှင် ဟောကြားခဲ့သမျှသော တရားတို့ကို အနှစ်ချုပ်ထားတဲ့ “မကောင်းမှုရှောင်၊ ကောင်းမှုဆောင်၊ ဖြူအောင် စိတ်ကိုထား”ဆိုတဲ့အတိုင်း မကောင်းမှု မှန်သမျှကို မလုပ်မိအောင်၊ မပြောမိအောင်၊ မကြံစည်မိအောင် နေရမယ်၊ ကောင်းမှုမှန်သမျှတို့ကို ကြံစည်ရမယ်၊ ပြောဆိုရမယ်၊ လုပ်ဆောင်ကြရမယ်၊ မိမိရဲ့ စိတ်ကလေး ကိုကျတော့ အစဉ်အမြဲ ဖြူစင်နေအောင် သတိ၊ ၀ီရိယ၊ ဉာဏ်ပညာတို့နဲ့ အမြဲ စောင့်ရှောက်နေရမယ်။ အဲဒီလို ကျင့်ကြံတော့ အန၀ဇ္ဇသုခဆိုတဲ့ အပြစ်ကင်းတဲ့ချမ်းသာကို ရရှိတယ်။ အခုလည်းချမ်းသာတယ်၊ နောင်လည်း ချမ်းသာတယ်၊ အစဉ်အမြဲချမ်းသာရရှိ၍ နောက်ဆုံး နိဗ္ဗာန်ကိုမျက်မှောက်ပြုကာ အဆင်းရဲဆုံး ဖြစ်တဲ့ အို၊ နာ၊ သေ ဒုက္ခဘေးတို့မှ လွတ်မြောက်ပြီး ထာဝရချမ်းသာသော သန္တိသုခကို ပိုင်ဆိုင်ကြရမှာဖြစ်တဲ့အတွက် ချမ်းသာလေးမျိုးကို ရရှိအောင် ကြိုးစားအားထုတ်ကျင့်ကြံကြပါလို့ သတိပေးစကားဖြင့် ချမ်းသာလေးမျိုး တရားတော်ကို ဒီမှာတင် နိဂုံးချုပ်လိုက်ပါတယ်။” သတ္တ၀ါအားလုံး ကိုယ်၏ကျန်းမာခြင်း၊ စိတ်၏ချမ်းသာခြင်းနှင့် ပြည့်စုံကြပါစေ။ ကောင်းကျိုးလိုရာဆန္ဒ ပြည့်ဝကြပါစေ။
လှူဒါန်းမှု့မှတ်တမ်းဓါတ်ပုံများနှင့် ဘောင်ချာများ
|






