Theravada Buddhist Youth Organization

ပိဋကတ်သုံးပုံမြန်မာပြန်

စစ်ကိုင်းကျောင်းဆောက်လုပ်မှုအလှူတော်
images/resized/images/stories/highslide/si1_50_38.jpgimages/resized/images/stories/highslide/si2_50_38.jpgimages/resized/images/stories/highslide/si3_50_38.jpgimages/resized/images/stories/highslide/si4_50_38.jpgimages/resized/images/stories/highslide/si5_50_38.jpgimages/resized/images/stories/highslide/si6_50_38.jpg
mod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_counter
mod_vvisit_counterToday34
mod_vvisit_counterYesterday67
mod_vvisit_counterThis week169
mod_vvisit_counterThis month726
mod_vvisit_counterAll Days23540

Google Search

Webmmtheravada.org

Who is online?

We have 3 guests online
         

ရေကိုကြည်စေ မြက်နုစေ (ဒုတိယအကြိမ် ရေအလှူတော်) E-mail
အလှူမှတ်တမ်းများ - ရေအလှူတော်များ

ရေကြည်ရာ မြက်နုရာ” ဆိုတဲ့ စကားလေးကို လူတိုင်း ကြားဖူးလိမ့်မယ် ထင်ပါတယ်။ ငယ်စဉ်ကလေးဘ၀တုန်းက ကျွန်တော့်အနေနဲ့ ယူဆမိတဲ့.. “ရေကြည်ရာ မြက်နုရာ” ဆိုတဲ့ အဓိပ္ပါယ်က.. ဒီအရပ်မှာ လုပ်ရကိုင်ရ ရှာရဖွေရတာ အဆင်မပြေလို့ တခြားအရပ်မှာ အဆင်ပြေမယ့် အလုပ်အကိုင်၊ အဆင်ပြေမယ့် နေရေးထိုင်ရေးအတွက် ရွှေ့ပြောင်းရတယ်ဆိုတဲ့ အဓိပ္ပါယ်မျိုးလို့ ကျွန်တော့်အနေနဲ့ ယူဆမိပါတယ်။ ငယ်စဉ်ကတော့ ဒီလိုအဓိပ္ပါယ်လေးနဲ့ပဲ ရင်းနှီးမိခဲ့ပါတယ်။ ဒါပေမယ့် သီတဂူဆရာတော်ဘုရားကြီး အဓိပ္ပါယ်ဖွင့်လိုက်တဲ့ “ရေကြည်ရာ မြက်နုရာ” ဆိုတဲ့ စကားလုံးနဲ့ကျတော့ ကိုယ့်ရဲ့အထင်နဲ့ တစ်ဖက်သတ်ကြီးကို လွဲနေတော့တာပါပဲ။ “ရေကြည်ရာမြက်နုရာ” ဆိုသော စကားမျိုးသည်.. “မိမိနေသောအရပ်၌ ရေနောက်လျှင် ရေကြည်ရှိရာ အရပ်သို့ သွားရမည်။ မိမိနေသော အရပ်၌ သစ်ပင် မြက်ပင်တို့ ခြောက်သွေလျှင် စိမ်းစိုသောအရပ်သို့ သွားရမည်ဟု ဆိုလိုဟန်ရှိသည်။ တကယ်ဖြစ်သင့်သည်ကား မကြည်သောရေကို ကြည်အောင်လုပ်ရမည်။ မနုသောမြက်တို့ကိုနုအောင်စိုက်ပျိုးရမည်၊ ပူပြင်းခြောက်သွေ့ ရေရှားပါးသောအရပ်ကို စိမ်းလန်းစိုပြေအောင်၊ သောက်ရေသုံးရေရအောင် လုပ်ရမည်ဟုသာ မိမိခံယူသည်။”(သီတဂူဆရာတောဘုရားကြီး) ဆိုတဲ့ သီတဂူဆရာတော်ဘုရားကြီးရဲ့ ဆုံးမသြ၀ါဒကျတော့ ဖတ်ရင်းနဲ့တောင် ကြည်ညိုလေးစားမိပါတယ်။ ကိုယ့်ရဲ့အယူဆနဲ့တော့ ကွာလွန်းပါဘိ။

Read more...
 
စွမ်းနိုင်သမျှ ဆောင်ပါ (ဒုတိယအကြိမ်) E-mail
သီလရှင်များအား လှူဒါန်းမှုများ - အာသောကာရာမ သီလရှင်စာသင်တိုက်သို့ လစဉ်လှူဒါန်းမှု

မြတ်စွာဘုရားရှင်ရဲ့ သာသနာတော်မှာ ဘိက္ခုလို့ခေါ်တဲ့ ရဟန်းကို ၀ိနည်းရဟန်းနှင့် သုတ္တန်ရဟန်းဟူ၍ နှစ်မျိုးရှိပါသည်။  ဝိနည်းရဟန်းဟူသည်မှာ ကမ္မဝါဖတ်ခြင်းတည်းဟူသော ဝိနည်းကံကိုဆောင်ပြီးမှ ဖြစ်လာတဲ့ရဟန်းကို ခေါ်ပါသည်။ လူရဲ့အသွင် အပြင်နှင့် လုံးဝခြားနားပြီး  သင်္ကန်းကိုဝတ်ရုံ၍ ခေါင်းရိတ်ထားသောပုဂ္ဂိုလ်များကို ဝိနည်းရဟန်း ဟုခေါ်ပေသည်။ သုတ္တန်ရဟန်း ဆိုသည်မှာ “သံသာရေ ဘယံ ဣက္ခတီတိ ဘိက္ခု” သံသရာဘေးကို ရှုမြင်ဆင်ခြင်တတ်တဲ့ ပုဂ္ဂိုလ်ကို ရဟန်းဟုခေါ်၏။ သင်္ကန်းဝတ်ပုဂ္ဂိုလ်သော်လည်းကောင်း၊ လူဝတ်ကြောင် ပုဂ္ဂိုလ်သော်လည်းကောင်း သံသရာ ကြီးရဲ့ဆင်းရဲဒုက္ခ၊ ကြောက်မက်ဖွယ်ရာဘေးကြီးပဲဟု ရှုမြင်ဆင်ခြင်နေတယ်ဆိုရင် သုတ္တန်နည်းအရ ရဟန်းဟုခေါ်ပေသည်။

Read more...
 
နောက်ဆုံးလှူဒါန်းထားမှုများ E-mail

၁) ဒီဇင်ဘာကောက်ခံရရှိငွေများမှ အကြိမ်(၂၁)ကြိမ်မြောက်အဖြစ် လှူဒါန်းမှုအစုစုတို့ကို ကူတယ်ဆိုတာ ယူတာပါ… ပြီးတော့ ကူတတ်-ယူတတ်ပါစေ ဆောင်းပါးနှင့်တကွ ဖော်ပြထားပါသည်။

၂) ဇန်န၀ါရီလ ကောက်ခံရရှိငွေများမှ အကြိမ်(၂၂)ကြိမ်မြောက်အဖြစ် လှူဒါန်းမှုအစုစုတို့ကို မြန်မာနိုင်ငံသို့ ပေးပို့လှူဒါန်းထားလျှက် ရှိပါသည်။ ထိုသို့ လှူဒါန်းထားသော နေရာများမှာ-

  • ပိုင်းလော့ဆရာတော်ဘုရားကြီး၏ မိုးညှင်းသိဂီကျောင်းတွင် တရားအားထုတ်ကျင့်ကြံနေကြသော ဂီလာနရဟန်း၊ သီလရှင်များနှင့် ယောဂီများအတွက် လိုအပ်သော ဓါတ်စာ၊ ဆေးဝါးများ ထောက်ပံ့ခြင်းအတွက် မိုးညှင်းသိဂီဒါနဥပပါရမီ ဖြစ်မြောက်ရေးအဖွဲ့အား လှူဒါန်းလျှက်ရှိပါသည်။
  • သံလျင်မြို့နယ်၊ ကျိုက်ခေါက်ဘုရားအနီး၊ အောင်စင်္ကြာကျောင်းတိုက် ပျက်ဆီးနေသောကြောင့် ပြင်ဆင်နိုင်ရန် လှူဒါန်းလျှက်ရှိပါသည်။

 ၃) ဖေဖေါ်ဝါရီလကောက်ခံရရှိငွေများမှ အကြိမ်(၂၃)ကြိမ်မြောက်အဖြစ် လှူဒါန်းရန်နေရာများကို အောက်ပါအတိုင်း သတ်မှတ်ထားပါသည်။

  • နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ ကပျက်ရွာ၊ အောင်စည်သာကျောင်းတိုက်တွင် ပရိယတ္တိစာပေများ သင်ကြားလျှက်ရှိသော ရဟန်းသံဃာတော်များအတွက် လိုအပ်လျှက်ရှိသည့် ကွန်ပျူတာ တစ်လုံးအား  လှူဒါန်းသွားပါမည်။
  • စစ်ကိုင်းတိုင်း၊ မုံရွာမြို့အနီးတွင်ရှိသော ပုလဲမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးသင် အခမဲ့ပညာရေးကျောင်းတွင် ပညာသင်ကြားနေကြသော ဆင်းရဲနွမ်းပါးသည့်ကလေးငယ်များအတွက် ငွေကြေးထောက်ပံ့မှု  လိုအပ်လျှက်ရှိသောကြောင့် အားဖြည့်ကူညီလှူဒါန်းသွားပါမည်။
  • မကွေးတိုင်း၊ ပခုက္ကူမြို့၊ မြစ်ကိုင်းရပ်၊ အနောက်တိုက်အနီးရှိ ပုည၀ဍ္ဎနကာရီ နေ့စဉ်ဆွမ်းလောင်းအသင်းသို့ ဒုတိယအကြိမ်မြောက် အာရုဏ်ဆွမ်း လောင်းလှူဒါန်းခြင်းနှင့် နှစ်စဉ်ဆွမ်းလောင်းလှူနိုင်ရန် ဆွမ်းပဒေသာပင် စိုက်ထူလှူဒါန်းသွားပါမည်။
  • ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ (၁၂)လမ်း၊ မဟာဓမ္မသုခကျောင်းတိုက်တွင် ပရိယတ္တိစာပေများ သင်ကြားလျှက်ရှိသော ဆရာတော်ဦးဥာဏောဘာသအား လိုအပ်လျှက်ရှိသည့် ကွန်ပျူတာတစ်လုံးအား လှူဒါန်းသွားပါမည်။
 
ကူတယ်ဆိုတာ ယူတာပါ… ပြီးတော့ ကူတတ်-ယူတတ်ပါစေ E-mail
ဓမ္မစာပေများ - ဓမ္မဆောင်းပါးများ

ကျွန်တော်တို့ ထေရ၀ါဒဗုဒ္ဓဘာသာလူငယ်များအသင်းအနေဖြင့် ဒီဇင်ဘာလကောက်ခံရရှိငွေများမှ (၂၁)ကြိမ်မြောက်အဖြစ်  လှူဒါန်းခဲ့သောနေရာများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

၁။ အနောက်မင်းသန်းကျေးရွာ မင်းသန်းအုပ်စု၊ မြိတ်အရှေ့မြို့၊ တနသာင်္ရီတိုင်း။ ထိုနေရာရှိ မူလတန်းကျောင်းတွင် အမိုး၊ အခင်းများရှိသော်လည်း အကာများ ပျက်ဆီးနေသောကြောင့် ပြင်ဆင်နိုင်ရန်အတွက် အလှူငွေ ၈၀၀၀၀၀ (၈-သိန်း)ကျပ်ကို မတူးတူးဝေ၊ မှတ်ပုံတင်အမှတ်- ၆/(မအရ)နိုင် ၁၀၁၅၄၆၊ အင်္ဂမော်ရွာ၊ မြိတ်မြို့၊ ဖုန်း ၉၈၇၆၃၀၁၇ ထံသို့ ပေးပို့လှူဒါန်းခဲ့ပါသည်။ ယခုအချိန်တွင် ထိုမူလတန်းကျောင်းမှာ ပြင်ဆင်ဆောက်လုပ်ပြီးဆီးသွားပြီ ဖြစ်ပါသည်။ မှတ်တမ်းဓါတ်ပုံများကို ဤနေရာတွင် သွားရောက်ကြည့်ရှု၍ သာဓုခေါ်ဆိုနိုင်ပါသည်။

၂။ ကျောက်ပန်းတောင်းမြို့နယ်၊ ပွေးကျစ် အ.ထ.က(ခွဲ)နှင့် ကျောက်ပန်းတောင်းမြို့နယ်၊ ပွေးကျစ်တိုက်နယ်ဆေးရုံ အတွက်လိုအပ်လျက်ရှိတဲ့ ဘီရိုနှင့် စားပွဲ လှူဒါန်းရန်အတွက် အလှူငွေ ၄၀၀၀၀၀ (၄-သိန်း)ကျပ်ကို ဦးချွန်၊ ၉/ကပတ(နိုင်) ၀၁၅၇၈၁၊ ကျောက်ပန်တောင်း၊ ရိုးမဘဏ်၊ ဖုန်း- ၀၉၆- ၅၀၀၇၉၅ ထံသို့ ပေးပို့လှူဒါန်းခဲ့ပါသည်။ ယခုအချိန်တွင် မှတ်တမ်းဓါတ်ပုံများ မရရှိသေးသောကြောင့် ရရှိသောအချိန်တွင် ဆက်လက်ဖြော်ပပေးသွားပါမည်။

Read more...
 
သတ္တ၀ါဘာကြောင့် ဆင်းရဲသနည်း E-mail
ဓမ္မစာပေများ - ဓမ္မဆောင်းပါးများ
“နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ”
“ငါ”ဆိုသည်မှာ အခေါ် ပညတ်မျှသာဖြစ်၍ တကယ့်အရှိတရားမှာ ခန္ဓာငါးပါး- ဒုက္ခသစ္စာတရား တို့သာလျှင်ဖြစ်၏။ ထိုဒုက္ခသစ္စာ ခန္ဓာငါးပါးတို့မှာ- ဖောက်ပြန်ပျက်စီးခြင်းသဘော (ရူပက္ခန္ဓာ)၊ ခံစားတတ်ခြင်းသဘော (ဝေဒနာက္ခန္ဓာ)၊ မှတ်သားတတ်ခြင်းသဘော (သညာက္ခန္ဓာ)၊ ကြံစည် တွေးတောတတ်ခြင်းသဘော (သင်္ခါရက္ခန္ဓာ)၊ သိတတ်ခြင်းသဘော (၀ိညာဏက္ခန္ဓာ) ဟူ၍ဖြစ် ၏။ ထို ခန္ဓာငါးပါးတို့သည်သာလျှင် ပရမတ္ထသဘော တကယ့်အရှိတရားတို့ ဖြစ်ကြပေသည်။

ထိုခန္ဓာငါးပါးတို့၏ သဘောတရားများသည် မည်သူ့အလိုသို့မျှမလိုက်၊ သူ့သဘော၊ သူ့အလုပ်၊ သူ့ဘာသူလုပ်နေခြင်းသာလျှင်ဖြစ်၏။ ထိုသို့ သူ့သဘောသူဆောင်နေသော ဖြစ်ခြင်းပျက်ခြင်း သဘောတို့ကို သတိပညာ ကင်းကွာသည့်အခါ ထိုတရားတို့အပေါ်၌ “ငါ”ဟူ၍ အယူမှား ခြင်း“ဒိဋ္ဌိ” ၊ တပ်မက်ခြင်း “တဏှာ” ၊ ထောင်လွှားခြင်း “မာန”တို့ ဖြစ်ကြ၏။ “မြင်တဲ့အခါ ငါမြင်တယ်၊ ကြားတဲ့အခါ ငါကြားတယ်၊ နံတဲ့အခါ ငါနံတယ်၊ စားတဲ့အခါ ငါစားတယ်၊ ထိတဲ့ အခါ ငါထိတယ်၊ သိတဲ့အခါ ငါသိတယ်” စသဖြင့် “ငါ” ဟူ၍သာ “ဒိဋ္ဌိ” ဖြင့်မြင်၏။
Read more...
 
ဘ၀ရှင်းအောင် E-mail
ဓမ္မစာပေများ - ဓမ္မဆောင်းပါးများ
                 ရရှိထားသော ဘ၀မှန်သမျှသည် ဒုက္ခသစ္စာဖြစ်၏။ လူ့ဘ၀၊ နတ်ဘ၀၊ ဗြဟ္မာဘ၀၊ မည်သည့် ဘ၀မဆို ခန္ဓာမှန်သမျှ ရရှိထားသောအကျိုးခန္ဓာ ဒုက္ခသစ္စာတို့သည်သာဖြစ်၏။ လုပ်သမျှ၊ ပြောသမျှ၊ ဆောင်ရွက်သမျှ၊ အလိုရှိသမျှ အောင်မြင်သည့်အခါ ငါ့ဘ၀ အရတော်လေစွဖြင့် ကိုယ့်ကိုယ်ကိုမာန်ဝင့် အလွန်ပင်တင့်တယ်လိုက်တဲ့ ငါပါလားဟူ၍ ဒိဋ္ဌတဏှာတို့ဖြင့် သာယာ တတ်ကြ၏။ ထိုအခါ ကြွားတတ်ကြ၊ ၀ါတတ်ကြ၊ စောင်းမြောင်းတတ်ကြ၊ ရှုံ့ချတတ်ကြဖြင့် သူတစ်ပါးတို့ကို အထင်သေးတတ်သည့်အပြင် ကိုယ့်ကိုယ်ကိုလည်း အထင်ကြီးတတ်ကြ သည်။ “ရဟန္တာ မဟုတ်သေးသမျှ ဘာမျှမဟုတ်သေးပါလား”ဟူ၍ မြဲစွာသတိ ခိုင်ခိုင်ရှိနေဘို့ လိုအပ်ပါသည်။ တစ်နည်းဆိုလျှင် “ကိလေသာ မကုန်သေးသမျှ ငါချမ်းသာလိုက်တာဟူ၍ ဘယ် သောအခါမျှ မအောင်းမေ့လေနှင့်။”
 
                ရဟန္တာ ဖြစ်သည့်အခါတွင် ငါဟူသောဒိဋ္ဌိလည်းမရှိ၊ ငါလုပ်နိုင်တယ်ဟူသော မာနလည်းမရှိ သောကြောင့် ၀ါကြွားမှုလည်းကင်း၊ စောင်းမြောင်းမှုလည်းကင်းပြီး အရဟတ်ဉာဏ် မဂ်ဖိုလ် အလင်းဖြင့် အလွန်ပင် ငြိမ်းချမ်းဘိ၏။ ထိုသို့ ငြိမ်းချမ်းလှသည်ကိုပင် ခန္ဓာကိုယ် ရုပ်အကြွင်းက အလွန်ပင် ၀န်လေးလှသည့် စက်ဆုပ်ရွံရှာဖွယ်ကြီးအဖြစ် ထင်တော့၏။ ပုထုဇဉ်တို့မှာကား မစင်ရုပ်ခန္ဓာကိုယ်ပင် ကိုယ့်အသွင် အလွန်ဆန်းသည်ဟူ၍ မာန်ဝင့်ကာ ဟန်ပန်လုပ်ကြသည်။ သေမင်းအား ခန္ဓာမထိုးခင်တော့ အသုံးဝင် ပြုံးရွှင်ရွှင်နေကြရလည်း မရဏမင်းက ကျောခင်း ခိုင်းချိန်မှာတော့ လုပ်ခဲ့သမျှ နောင်တရ၍ ဖွဲပြာရုပ်အသွင် ရှင်းရှင်းမြင်ပြီး မည်သို့မျှ အသုံးမကျ တော့ကြောင်း အသိနောက်ကျသည့် ပုထုဇဉ်များမှာ အရဟတ်ဉာဏ် မလင်းနိုင်သမျှ ခန္ဓာ ဇာတ် အတောမသတ်နိုင်ဘဲ အထပ်ထပ် ဒုက္ခပင်လယ်ဝေရတော့သည်။
Read more...
 
<< Start < Prev 1 2 3 4 5 6 7 Next > End >>

Page 1 of 7